Wednesday, February 15, 2017

ပို့ကုန်ဝင်ငွေကြောင့် ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်း


ပြည်ပပို့ကုန်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေရရှိသော အချိန် ဖြစ်သောကြောင့် ပြင်ပဈေးကွက် တွင် အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းလာကြောင်း သတင်းရရှိ သည်။
ဗဟိုဘဏ်ရည်ညွှန်းငွေလဲ နှုန်း တည်ငြိမ်နေသော်လည်း ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြင်ပ ဈေးကွက်၌ အမေရိကန်ဒေါ်လာ တန်ဖိုး တစ်ဒေါ်လာလျှင် ၁,၃၆၂ ကျပ်ခန့်သို့ ကျဆင်းလာသည်။ ဖေဖော်ဝါရီ ၁၀ ရက်တွင် တစ် ဒေါ်လာလျှင် ၁,၃၇၀ ကျပ်အထိ မြင့်တက်ခဲ့သော်လည်း ပို့ကုန်ဝင် ငွေများလာခြင်းကြောင့် ရက်ပိုင်း အတွင်း ဈေးပြန်ကျဆင်းခြင်းဟု ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်အချို့ က ပြောသည်။

‘‘ဒီအချိန်က ပဲသမားငွေဝင် များလေ့ရှိတော့ ပုံမှန်ဆိုရင် မြန် မာကျပ်ငွေမာလေ့ရှိတယ်’’ဟု ပြည်ပသို့ ဆန်တင်ပို့နေသည့် လုပ်ငန်းရှင် ဦးမျိုးသူရအေးက ပြောသည်။

လက်ရှိ၌ ပြည်ပသို့ ပဲမျိုးစုံ တင်ပို့မှုတွင် အိန္ဒိယကုန်သည်များ ၏ ဝယ်လိုအားမြင့်တက်လာခြင်း ကြောင့် ပြည်တွင်းဈေးကွက်၌မတ်ပဲတစ်တန်လျှင် ကျပ် ၆၀,၀၀၀ခန့် ဈေးနှုန်းမြင့်တက်လာပြီး ဖေဖော်ဝါရီ ၁၂ ရက်က မတ်ပဲ တစ်တန်လျှင် ကျပ် ၁၀ သိန်းခန့်ရှိကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းမှ သိရသည်။

ဆောင်းရာသီတွင် စိုက်ပျိုး သည့် မတ်ပဲအသစ် ဈေးကွက် အတွင်း အဝင်နည်းချိန်၌ အိန္ဒိယ ကုန်သည်များက ဝယ်လိုအားမြှင့် တင်သဖြင့် ပြည်တွင်းဈေးနှုန်းမြင့် တက်ရခြင်းဖြစ်ကြောင်း အထက် ပါအသင်း အတွင်းရေးမှူး ဦးမင်း ကိုဦးက ပြောကြားသည်။

ပြည်ပပို့ကုန်များ တင်ပို့ပြီး နိုင်ငံခြားဝင်ငွေ အဝင်များလာ ခြင်းကြောင့် ပြင်ပဈေးကွက်တွင် ဒေါ်လာတန်ဖိုး ကျဆင်းလာသော် လည်း ဗဟိုဘဏ်၏ ရည်ညွှန်းငွေ လဲနှုန်းသည် တစ်ဒေါ်လာလျှင် ၁,၃၆၀ ကျပ်ဖြင့် တည်ငြိမ်နေ သည်။

ပြည်တွင်း၌ ဒေါ်လာတန်ဖိုး ကျဆင်းသကဲ့သို့ နိုင်ငံတကာတွင် လည်း အမေရိကန်ဒေါ်လာတန်ဖိုး လျော့ကျပြီး ကမ္ဘာ့ရွှေဈေး ဆက်တိုက်မြင့်တက်ခဲ့သဖြင့် ဖေဖော်ဝါရီ ၁၀ ရက်နောက်ပိုင်း ဒေါ်လာ ဈေး အနည်းငယ် ပြန်လည်ကျဆင်းလာသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment