Monday, December 26, 2016

ကုလသမဂ္ဂဆုံးဖြတ်ချက်ကို အစ္စရေးတုံ့ပြန်

Image may contain: 1 person, suit
ကုလသမဂ္ဂလုံခြုံရေးကောင်စီက အစ္စရေးနိုင်ငံ၏ အနောက်ဘက်ကမ်း တွင် အခြေချအိမ်ရာတိုးချဲ့ တည်ဆောက်မှုကို ရပ်တန့်ရန် ဆုံးဖြတ်ချက် ကို အစ္စရေးနိုင်ငံက ဆန့်ကျင်တုံ့ပြန်ခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အစ္စရေးနိုင်ငံက ကုလသမဂ္ဂ အေဂျင်စီ ငါးခုကို ထောက်ပံ့နေသည့် ဒေါ်လာ ၇ ဒသမ ၈ သန်းကို ဖြတ်တောက်ရန် စနေနေ့က ပြောကြားခဲ့သည်။ နေတန်ယာဟုက ၄င်း၏ နိုင်ငံခြားရေးဝန်ကြီးဌာနကိုလည်း ကုလသမဂ္ဂနှင့် ဆက်ဆံရေးပြန်လည် သုံးသပ်ရန် ညွှန်ကြားခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ သောကြာနေ့က မဲခွဲဆုံးဖြတ်ခဲ့ရာ အစ္စရေးနိုင်ငံဘက်က အမြဲတမ်း ရပ်တည်ပေးနေကျ အမေရိကန်နိုင်ငံက မဲမပေးဘဲ ကြားနေခဲ့သည့်အတွက် အစ္စရေးနိုင်ငံအနေဖြင့် အခြေချ အိမ်ရာတည်ဆောက်မှု အားလုံးကို ရပ်ဆိုင်းလိုက်ရပြီဖြစ်သည်။

အဆိုပါဆုံးဖြတ်ချက်အတွက် ပူးပေါင်းပါဝင်ခဲ့သည့် ဆီနီဂေါနိုင်ငံ ကိုလည်း အစ္စရေးနိုင်ငံက ပေးအပ်နေသည့် အကူအညီများအားလုံးရပ်ဆိုင်း ရန် ဆုံးဖြတ်ခဲ့သည်။ ထောက်ခံမဲပေးခဲ့သည့် ယူကရိန်းနိုင်ငံကိုလည်း အစ္စရေးနိုင်ငံသို့ လာရောက်မည့် ယူကရိန်းဝန်ကြီးချုပ်၏ ခရီးစဉ်ကို ဖျက်သိမ်းလိုက်သည်။

နိုင်ငံအတော်များများက အစ္စရေးနိုင်ငံ၏ အခြေချအိမ်ရာတည်ဆောက်မှုသည် ပါလက်စတိုင်းနှင့် ငြိမ်းချမ်းရေး အတွက် အကြီးမားဆုံးအဟန့်အတား ဖြစ်သည်ဟု ရှုမြင်ကြသည်။ အစ္စရေး နိုင်ငံကတော့ ပါလက်စတိုင်းတို့ဘက် က ငြိမ်းချမ်းရေးကို ဟန့်တားပိတ်ဆို့ ထားခြင်းဖြစ်သည်ဟု လက်ခံယူဆ ထားသည်။

Credit To >>> The Mirror Daily

0 comments:

Post a Comment