Tuesday, December 20, 2016

ခရီးသွားဖိုရမ် ဆွေးနွေးချက်များကို အဆင့်သုံးဆင့်ခွဲ၍ ဆောင်ရွက်နေ


မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပထမ ဆုံးကျင်းပခဲ့သည့် တာဝန်သိခရီးသွားလုပ်ငန်းစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်မှ ဆွေးနွေးရရှိလာသည့် ဆောင်ရွက်ရန်အချက်များကို အဆင့်သုံးဆင့်ခွဲ၍ ဆောင်ရွက်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ခရီးသွားလုပ်ငန်းဆောင် ရွက်နေသည့်လုပ်ငန်းများအကြား ဖြစ်ပေါ်နေသည့်အခက်အခဲများ ဖြေရှင်းပေးရန်အဆိုပါဖိုရမ်တွင်တင်ပြသည့်အချက်များကို နိုင်ငံတော်အဆင့်သို့ တင်ပြဆောင်ရွက်ရမည့်အချက်များ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနကိုယ်တိုင်နှင့် ဆက်စပ်ဝန်ကြီး ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရမည့်အချက်များ၊ မြန်မာနိုင်ငံခရီး သွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီ နောင်အသင်းအဖွဲ့ ၁၁ခုတို့အ ကြား ညှိနှိုင်းဆောင်ရွက်ရမည့်အ ချက်များဟူ၍ သုံးဆင့်ခွဲခြား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးတင့်သွင်က ပြောသည်။

‘‘ဒီဖိုရမ်မှာ ညှိနှိုင်းလို့ရတဲ့ အချက်တွေကတော့အများကြီး ပဲ။ ဒါတွေကိုအဆင့်သုံးဆင့်ခွဲပြီး ဆောင်ရွက်မယ်။ ကျွန်တော်တို့က အရင်လိုစာထုတ်ပြီး ညွှန်ကြားတဲ့ အစား ဒီလိုညှိနှိုင်းအဖြေရှာတဲ့ နည်းလမ်းတွေနဲ့ပဲ ဆောင်ရွက်မှာ ဖြစ်ပါတယ်’’ဟု ဦးတင်သွင်က ပြောသည်။

ရန်ကုန်မြို့၌ သုံးရက်ကြာ ကျင်းပခဲ့သည့်အဆိုပါဖိုရမ်တွင် ခရီးသွားလုပ်ငန်းနှင့်သက်ဆိုင် သည့်အသင်းအဖွဲ့၁၁ခုမှ ကိုယ် စားလှယ်များက ခရီးသွားလုပ် ငန်း ရန်ပုံငွေထားရှိရေး၊ ပြည် တွင်းလေကြောင်းလိုင်းများနှင့် ခရီးစဉ်ဒေသများတွင် ဈေးနှုန်း ကြီးမြင့်နေခြင်းအစရှိသည့်ကိစ္စ ရပ်များ ဆွေးနွေးခဲ့ကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်သည်။

နိုင်ငံခြားဝင်ငွေအများဆုံး ရှာဖွေပေးနိုင်မည့်ခရီးသွားလုပ် ငန်းဖွံ့ဖြိုးတိုးတက်လာစေရေးနိုင် ငံအတွင်းသို့ ငွေကြေးအမှန်တ ကယ်သုံးစွဲမည့် နိုင်ငံခြားခရီးသွား ဧည့်သည်များဝင်ရောက်ရန်လိုပြီး လက်ရှိတွင် ပြည်တွင်းဧည့်သည် ၀င်ရောက်မှုအခြေအနေမှာယခင် နှစ်ထက် ကျဆင်းနေကြောင်းခရီး သွားလုပ်ငန်းရှင်အချို့က ပြော ကြားသည်။

ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန၊ ခရီးသွားလုပ် ငန်းအ၀ိုင်းအ၀န်းမှ ညီနောင်အ သင်းအဖွဲ့များ၊ သက်ဆိုင်သူများ အားလုံးပါဝင်သည့် အဆိုပါဖိုရမ် ကို ရန်ကုန်မြို့ရှိ ပန်ဒါဟိုတယ် နှင့် တော်ဝင်ဂါးဒင်းဟိုတယ်တို့ တွင် ဒီဇင်ဘာ ၅ရက်မှ ၇ရက်အ ထိ သုံးရက်ကြာပြုလုပ်ခြင်းဖြစ် သည်။

လက်ရှိခရီးသွားလုပ်ငန်း များတွင် ဖြစ်ပေါ်ကြုံတွေ့နေရ သော အခက်အခဲများ၊ ပြဿနာ များကို ညှိနှိုင်းဖော်ထုတ်ရန်၊ အစိုး ရ၊ ပုဂ္ဂလိကနှင့် ပြည်သူတို့ ဟန် ချက်ညီညီပူးပေါင်းဆောင်ရွက် ခြင်းဖြင့် မြန်မာနိုင်ငံ၏အနာဂတ် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုး တက်လာစေရန် စသည့်ရည်ရွယ် ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း ၀န်ကြီးဌာနထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment