Tuesday, December 20, 2016

ဒေါ်လာနဲ့ ယူရိုငွေတန်ဖိုး တူတော့မှာလား?

No automatic alt text available.
ဒေါ်လာဈေးဟာ အမေရိကန်နိုင်ငံဗဟိုဘဏ်က ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကအတိုးနှုန်းတွေတိုးမြှင့်ခဲ့ပြီး နောင်နှစ်ထဲမှာလည်း ၃ ကြိမ်လောက်တိုးနိုင်တယ်လို့အရိပ်အမွက်ပေးခဲ့ပြီးနောက်မှာ ၁၄ နှစ်အတွင်းအမြင့်ဆုံးသို့ရောက်ရှိနေပါတယ်။

ဒေါ်လာဈေးတက်တက်ပြီးခြင်း သောကြာနေ့ မှာ ယူရိုငွေဟာ တစ်ယူရိုကို ၁ ဒသမ၀၄၂ဒေါ်လာ သာရှိတာကိုတွေ့ရပြီးတော့ ကွာခြားမှုဟာ တဖြည်းဖြည်းကျဉ်းမြောင်းလာတာကိုတွေ့ရပါတယ်။ ယူရိုဟာ ၂၀၀၃ခုနှစ်နောက်ပိုင်းအနှိမ့်ဆိုးစံချိန်(၁ဒသမ၀၄ ဒေါ်လာ) အထိ ခတ္တခဏကျရောက်သွားခဲ့ပါသေးတယ်။ ဒီဇင်ဘာ ၁၈ ရက်မှာတော့ တစ်ယူရိုကို ၁ဒသမ၄၅၈၁ ဒေါ်လာရှိခဲ့ပါတယ်။

အဲဒီနေ့မတိုင်ခင်ကလည်းနိုဝင်ဘာလ ရွေးကောက်ပွဲပြီးကာလတည်းက အမေရိကန်ဒေါ်လာ သိသိသာသာမနားတမ်းတိုးတက်လာခဲ့ပြီးတော့ ရွေးကောက်ခံသမ္မတ Donald Trump ရဲ့ စီးပွားရေးဆိုင်ရာပြောင်းလဲမှုတွေလုပ်ဆောင်ပေးမယ်ပြီး ပိုမိုကောင်းမွန်တဲ့အခြေအနေရောက်စေမယ် ဆိုတဲ့ ရည်ရွယ်ချက်တွေကြောင့်လည်းပါ ပါတယ်။ အမေရိကန်ဒေါ်လာကတရိပ်ရိပ်တက်လာပေမယ့်လည်း ဥရောပနိုင်ငံတွေရဲ့ အဓိကငွေကြေးတွေက ပြောင်းပြန်ဆိုသလိုပဲ အကျပဲ များနေပါတယ်။

ယူရိုငွေဟာ အီတလီနိုင်ငံ နိုင်ငံရေးအလှည့်အပြာင်းပြီးတဲ့အချိန်မှာ ထူးထူခြားခြားပြန်တက်ခဲ့ပေမယ့်လည်း ကြာရှည်မခံခဲ့ပဲ အမေရိကန်ဗဟိုဘဏ်အတိုးနှုန်းတက်တဲ့အချိန်မှာ ပြန်လည်ကျဆင်းခဲ့တာဖြစ်ပါတယ်။ဒေါ်လာငွေတန်ဖိုးက ဆက်လက်ပြီးတော့တက်နိုင်ချေရှိနေပါတယ်။ဒါပေမယ့်လည်း ဆက်တက်မှုတွေကြောင်း စီးပွားရေးအသိုက်အ၀မ်းတွေကို ထိခိုက်စေနိုင်လိမ့်မယ်လို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment