Wednesday, December 14, 2016

ဝမ်းချိုင်းနား မူဝါဒကို ထရမ့်မေးခွန်းထုတ်မှု တရုတ် စိုးရိမ်နေ

ဝမ်းချိုင်းနား မူဝါဒအပေါ် အမေရိကန်၏ လေးစား လိုက်နာမှုအပေါ် ဒေါ်နယ်လ် ထရမ့်က မေးခွန်းထုတ်ခဲ့ခြင်းနှင့် ပတ်သက်၍ အလေးအနက် စိုးရိမ်ကြောင်း တရုတ်ဘက်က မှတ်ချက်ပေးလာခဲ့သည်။

အမေရိကန် ရွေးကောက်ပွဲတွင် အနိုင်ရထားသူ ထရမ့်က အမေရိကန် အနေဖြင့် ထိုင်ဝမ်ကို တရုတ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ယူဆထားသော ဝမ်းချိုင်းနား မူဝါဒကို အဘယ်ကြောင့် လေးစားလိုက်နာနေသည်ကို နားမလည်နိုင်ကြောင်း ဝေဖန် မေးခွန်းထုတ်ခဲ့သည်။ 

ထရမ့်သည် အမေရိကန် သမ္မတ အဆက်ဆက်က ရှောင်ရှားခဲ့သည့် ထိုင်ဝမ်သမ္မတနှင့် တိုက်ရိုက် ဖုန်းဆက်သွယ် စကားပြောမှုမျိုးကို ပြုလုပ်ခဲ့သလို တရုတ်နှင့် ကုန်သွယ်ရေး သဘောတူညီမှုများကို ငဲ့နေရုံဖြင့် ဝမ်းချိုင်းနား မူဝါဒကို အမေရိကန်က လေးစား အသိအမှတ်ပြုနေစရာ မလိုသည့် သဘောမျိုး မှတ်ချက်ပေးခဲ့သည်။
အမေရိကန်နှင့် တရုတ်တို့ကြား ဆက်ဆံရေးတွင် အမေရိကန်က ထိုင်ဝမ်ကို တရုတ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် လက်ခံထားခြင်းသည် အရေးပါသည့် စံနှုန်းတစ်ရပ် ဖြစ်ခဲ့သည်။ သို့သော် ယခုအခါ ထရမ့်က ယင်းနှင့် ပတ်သက်၍ သံသယဝင်သော သဘောထားမျိုး ပြသလာသည့်နောက် တရုတ်က ထရမ့်အနေဖြင့် ထိလွယ်ရှလွယ်သော ထိုင်ဝမ် အရေးကိစ္စကို အတတ်နိုင်ဆုံး နားလည်မှုထား ကိုင်တွယ်ရန် တိုက်တွန်းခဲ့သည်။
တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဂျန်ရှူအန်းက “ဝမ်းချိုင်းနား မူဝါဒဟာ အမေရိကန်-တရုတ် ဆက်ဆံရေးမှာ အခြေခံ အကျဆုံး စံတစ်ရပ် ဖြစ်ပါတယ်။ ဒါကို မေးခွန်းထုတ်လာတဲ့အခါ စိုးရိမ်စရာ အခြေအနေတွေ ဖြစ်လာနိုင်တယ်”ဟု ပြောကြားခဲ့သည်။ တရုတ်၏ Global Times သတင်းစာကမူ ထိုကိစ္စနှင့် ပတ်သက်၍ ထရမ့်ကို ထင်ရာစိုင်းသည့် ကလေးငယ် တစ်ဦးသဖွယ် စွပ်စွဲ ရေးသားခဲ့သည်။
ဝမ်းချိုင်းနား မူဝါဒအရ အမေရိကန် သမ္မတများသည် ထိုင်ဝမ်ကို တရုတ်၏ အစိတ်အပိုင်း တစ်ရပ်အနေဖြင့် အသိအမှတ်ပြု သဘောထားပြီး ထိုင်ဝမ်နှင့် သံတမန်ရေးရာ ဆက်ဆံမှုများကို တရုတ်နှင့် ဆက်နွှယ်၍သာ ဆောင်ရွက်လေ့ ရှိသည်။ ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ်ကို ထရမ့်က တိုက်ရိုက်ဖုန်းခေါ်သည့် ကိစ္စမျိုးကိုမူ ပြီးခဲ့သည့် ဆယ်စုနှစ် များစွာအတွင်း မည်သည့် အမေရိကန် သမ္မတကမျှ လုပ်ဆောင်ခဲ့ဖူးခြင်း မရှိဟုလည်း သိရသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment