ဗဟိုဘဏ်၏ ရည်ညွှန်းငွေ လဲနှုန်းသည် တစ်ဒေါ်လာလျှင် ၁,၃၃၀ ကျပ် သတ်မှတ်သဖြင့် ငွေလဲကောင်တာများ၏ တရား ဝင်ရောင်းဈေး သတ်မှတ်ချက် ကို ၁,၃၄၀ ကျပ်ခန့်သာ သတ် မှတ်နိုင်သည်။ ဒေါ်လာဈေးသည် ပြင်ပဈေးကွက်တွင် ဒီဇင်ဘာ ၁၃ ရက်၌ တစ်ဒေါ်လာ ၁,၃၈၅ ကျပ်ခန့်ရှိခြင်းကြောင့် တစ်ဒေါ် လာလျှင် ၄၅ ကျပ်ခန့်ကွာခြား နေသည်။
ထိုကွာခြားချက် ကြောင့် ငွေလဲကောင်တာများမှ ဒေါ်လာဝယ်ယူပြီး ပြင်ပဈေးကွက် တွင် ပြန်လည်ရောင်းချမှုများရှိ လာ၍ အရောင်းရပ်ရခြင်းဖြစ်သည်ဟု ငွေလဲကောင်တာ ဖွင့်လှစ်ထားသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ပြင်ပဈေးကွက်တွင် အမေ ရိကန်ဒေါ်လာတန်ဖိုးသည် ရက်ပိုင်းအတွင်း၊ အချိန်ပိုင်းအတွင်း အပြောင်းအလဲ ဖြစ်နေသည်။
ပြင်ပဈေးကွက်တွင် ဒီဇင်ဘာ ၉ ရက်ရုံးပိတ်ရက် မတိုင်မီက တစ်ဒေါ်လာလျှင် ၁,၃၆၉ ကျပ်ဖြင့် ဈေးပိတ်ခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက် နံနက်ဈေးဖွင့်ချိန်တွင် ၁,၃၈၅ ကျပ်ဖြစ်ကာ ညနေတွင် ၁,၃၈၁ ကျပ်သို့ အနည်းငယ်ကျဆင်းလာသည်။
ဒီဇင်ဘာ ၁၂ ရက် ဒေါ်လာ ဈေးစတင်ဖွင့်ချိန်ကစ၍ ငွေလွှဲ ကောင်တာများ အရောင်းစတင် ရပ်ဆိုင်းခဲ့ပြီး လက်ရှိအချိန်တွင် ရန်ကုန်မြို့ရှိ ကောင်တာထက် ၀က်ခန့်က အရောင်းရပ်ဆိုင်းထား သည်။
ပြင်ပငွေကြေးဈေးကွက် တွင် ဒေါ်လာတန်ဖိုးမြင့်တက်ချိန် တွင် ကမ္ဘာ့ရွှေဈေးကျဆင်းမှု ကြောင့် ပြည်တွင်းရွှေဈေး ကျ ဆင်းလာသည်။ ဒီဇင်ဘာ ၉ ရက်တွင် တစ်အောင်စလျှင် ၁,၁၆၇ဒေါ်လာ ရှိခဲ့သော ကမ္ဘာ့ရွှေဈေး သည် ဒီဇင်ဘာ ၁၂ ရက်တွင် ၁,၁၅၅ ဒေါ်လာသို့ ကျဆင်းလာ သည်။ ထို့နောက် ဒီဇင်ဘာ ၁၃ ရက်တွင် တစ်အောင်စလျှင် ၁,၁၆၂ ဒေါ်လာသို့ ပြန်တက်လာ သည်။ ထို့ကြောင့် ပြည်တွင်းရွှေ ဈေးမှာလည်း ၈၅၈,၀၀၀ ကျပ်မှ၈၅၀,၀၀၀ ကျပ်သို့ ကျဆင်းပြီး ၈၅၉,၀၀၀ ကျပ်သို့ ပြန်လည်မြင့် တက်လာသည်။
Credit To >>> 7 Day Daily
0 comments:
Post a Comment