Wednesday, December 14, 2016

အရစ်ကျကွန်ဒိုနှင့် တိုက်ခန်းများသာ အရောင်းအဝယ်ဖြစ်နေဟုဆို

ရန်ကုန်မြို့တွင် ဘဏ်နှင့် ချိတ်ဆက်ပြီး ရောင်းချသည့် အရစ်ကျကွန်ဒိုနှင့် တိုက်ခန်းများ သာ အများဆုံး အရောင်းအဝယ် ဖြစ်နေကြောင်း အိမ်ခြံမြေဈေး ကွက်မှ သတင်းရရှိသည်။

အထူးသဖြင့် မကြာခဏ ပြု လုပ်လေ့ရှိသော အိမ်ခြံမြေပြပွဲ များ၌သာ လုပ်ငန်းရှင် အများစု က ရောင်းလိုအား မြှင့်တင်နေ ရကြောင်း အိမ်ခြံမြေလုပ်ငန်းရှင် များက ပြောသည်။

ပထမအကြိမ်အဖြစ် ၂၀၁၅ မေလ၊ ဒုတိယ အကြိမ်အဖြစ် ၂၀၁၅ ဒီဇင်ဘာနှင့် တတိယ အကြိမ်အဖြစ် ၂၀၁၆ ဇွန်လတွင် ပြုလုပ်သော အိမ်ခြံမြေအရောင်း ပြပွဲအတွင်း တိုက်ခန်းနှင့်ကွန်ဒို စုစုပေါင်း တန်ဖိုးကျပ် ၃၄ ဘီလီယံကျော် ရောင်းချခဲ့ရပြီး ရောင်းသူနှင့်ဝယ်သူ နှစ်ဦးနှစ်ဖက်စလုံးကို အကျိုးရှိစေခဲ့ကြောင်း အိမ်ခြံမြေပြပွဲများ စီစဉ်သူ i Myanmar House မှ မန်နေဂျင်း ဒါရိုက်တာ ကိုနေမင်းသူက ပြောသည်။

ယခုနှစ်တွင် မငြိမ်သက် သော အပြောင်းအလဲ အချို့ ကြောင့် ဈေးကွက် တည်ငြိမ်သော်လည်း ၂၀၁၇ တွင် ဈေးကွက်အတွင်း ရောင်းသူဝယ်သူနှင့် ပိုမိုအားကောင်းလာနိုင်ကြောင်း ကိုနေမင်းသူက ပြောကြားသည်။

အစိုးရရော ပုဂ္ဂလိက လုပ် ငန်းရှင်များကပါ တည်ဆောက် နေသည့် တန်ဖိုးသင့်၊ တန်ဖိုးနည်း အိမ်ရာအချို့ ပြီးစီးနေပြီဖြစ်ရာ အဆိုပါစီမံကိန်းများမှ ထွက်ပေါ် လာမည့် အခန်းများကြောင့် ဈေး နှုန်း ကျဆင်းလာပြီး အရောင်း အဝယ် ကျဆင်းလာနိုင်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်အချို့က ခန့်မှန်းနေသည်။

‘‘ဈေးကျပြီး အရောင်း အဝယ်တွေ ပြန်ဖြစ်လာနိုင်တယ်။ အခုချိန်မှာ ဈေးကွက်က ရောင်း လိုအားများပြီး ဝယ်လိုအားလိုနေ တာ။ လက်ရှိ အိမ်ခြံမြေအရောင်း အဝယ်ကအေးနေတယ်။ စောင့်ကြည့်နေတယ်။ အနာဂတ်ဈေး ကွက် အလားအလာက နိုင်ငံရေး တည်ငြိမ်မှု ပေါ်မူတည်တယ်’’ဟု စိုင်းခွန်နောင် အိမ်ခြံမြေ အကျိုး ဆောင် လုပ်ငန်းမှ ဦးစိုင်းခွန်နောင်က ဆိုသည်။

၂၀၁၆ တစ်နှစ်တာလုံးတွင် ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက် သည် ထင်သလောက် အရောင်း အဝယ်မဖြစ်ခဲ့ဘဲ မူဝါဒအချို့ မတည်မငြိမ် ဖြစ်ပေါ်ခဲ့သောကြောင့် ဈေးကွက် ငြိမ်သက်ခဲ့ရသည်။

ရန်ကုန်အိမ်ခြံမြေဈေးကွက် တွင် ရောင်းပေါင်ပုံစံနှင့် စပေါ်ယူ ပြီး အိမ်ငှားပုံစံမျိုးကို ၂၀၁၆ နှစ် ကုန်ပိုင်းမှစတင်၍ ပြောင်းလဲလာ ကြောင်း အိမ်ခြံမြေအကျိုးဆောင် အချို့က ပြောသည်။

အိမ်ခြံမြေတန်ဖိုးမြင့်မားပြီး ငွေကြေး ကျပ်တည်းမှုကြောင့် အိမ်ခြံမြေတွင် ရင်းနှီးမြှုပ်နှံမှုသည် ပုံစံ ပြောင်းလဲလာခြင်းဖြစ်သည်ဟု အိမ်ခြံမြေအကျိုးဆောင်အချို့က ဆိုသည်။

၂၀၁၇ တွင် တိုက်ခန်းဈေး များ ကျဆင်းရေးထက် အများစု ဝယ်ယူနိုင်ရေးအတွက် အရစ်ကျ ဘဏ်ချေးငွေစနစ်ကို အစိုးရက ပံ့ပိုးကူညီသင့်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောသည်။ယခုအချိန်တွင် အရောင်း အဝယ်ဖြစ်သည့် အိမ်ခြံမြေများ သည် မူလခေါ်ဈေးထက် ၂၅ ရာခိုင်နှုန်း အနည်းဆုံးဈေးလျှော့ ရောင်းခြင်းကြောင့်ဟု မဏ္ဍိုင် အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးသန်းဦးက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၇ ကစပြီး မြို့သစ် စီမံကိန်း၊ ရေနက်ဆိပ်ကမ်းစီမံ ကိန်း၊ အထူးစီးပွားရေးဇုန်များနှင့်တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုး မြင့် အိမ်ရာစီမံကိန်းများ တည် ဆောက်မည်ဖြစ်၍ မြေကိုယူကာ အခန်း တည်ဆောက်မှုများနှင့် ပတ်သက်ပြီး စွန့်စားမလုပ်ကိုင် ရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်က အိမ်ခြံမြေဈေးကွက်အပေါ် သတိ ပေးပြောကြားထားသည်။

အိမ်ရာဝယ်ယူလိုသူများကို နှစ်ရှည် ငွေချေးစနစ်ဖြင့် ချေးငွေ ပေးနိုင်ရန် ငွေရေးကြေးရေးဆိုင် ရာ ဥပဒေများနှင့် နှစ်ရှည်ငွေချေး ခြင်းဆိုင်ရာ ဥပဒေများကို အစိုးရ က အတည်ပြုပြဋ္ဌာန်းပေးရန် လို အပ်နေပြီဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment