Thursday, February 18, 2016

အိန္ဒိယစစ်သင်္ဘောနှစ်စီး ရန်ကုန်သို့ရောက်ရှိ


http://www.7daydaily.com/sites/default/files/story/2016/02/115363_n.jpg

အိန္ဒိယနိုင်ငံရေတပ်မှ စစ်သင်္ဘောနှစ်စီး ရန်ကုန်မြို့ သီ လ၀ါဆိပ်ကမ်းသို့ ဖေဖော်ဝါရီ ၁၇ ရက်တွင် ရောက်ရှိလာကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တရားဝင်သတင်းထုတ် ပြန်သည်။

INS Saryu and INS Bitra အမည်ရ အဆိုပါစစ်သင်္ဘောနှစ် စီးမှာ စစ်ရေယာဉ်မှူးအပါအ၀င် အရာရှိစစ်သည် ၁၇၄ဦးပါဝင်လာ ပြီး ဖေဖော်ဝါရီ ၁၈ရက်အထိ နှစ် ရက်ကြာ ရန်ကုန်မြို့တွင် လေ့လာမည်ဖြစ်သည်။

အဆိုပါ စစ်သင်္ဘောနှစ်စီး သည်အိန္ဒိယနိုင်ငံတွင် လက်ရှိငါးခိုးဖမ်းရေယာဉ်များ၊ ပင်လယ်ပြင် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ပင် လယ်ပြင် သဘာဝသယံဇာတ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ် ငန်းများလုပ်ဆောင်နေသည့် စစ် သင်္ဘောများဖြစ်သည်။ ထို့အပြင် ပင်လယ်ပြင်မှောင်ခိုကုန်ပစ္စည်း များတင်ဆောင်သော စက်လှေ များကို ဖမ်းဆီးနေသည့် စစ်သင်္ဘောများဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။


စစ်သင်္ဘောနှစ်စီးအနက် တစ်စီးသည် အိန္ဒိယနိုင်ငံမှ စစ်ရေး လေ့ကျင့်မှုများပြုလုပ်စဉ်ရဟတ် ယာဉ်များပင်တင်ဆောင်နိုင်သည် အထိ စွမ်းဆောင်ရည်ရှိသော စစ် သင်္ဘောဖြစ်သည်။

စစ်သင်္ဘောနှစ်စီးသည် ဇန်န၀ါရီလလယ်က ထွက်ခွာလာ ခြင်းဖြစ်သည်။ ၂၀၁၅မေလလယ် ကလည်း အိန္ဒိယနိုင်ငံမှ စစ်သ င်္ဘောတစ်စီး မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ဖူးပြီး အိန္ဒိယစစ်သင်္ဘောများချစ်ကြည်ရေးအဖြစ် ဒု တိယအကြိမ်ရောက်ရှိခဲ့ခြင်းဖြစ် သည်။


Credit To >>> 7Day News Journal

0 comments:

Post a Comment