Sunday, May 29, 2016

နိုင်ငံတွင်းသို့ ကိုယ်လုံးတီးကမ္ဘာလှည့် ခရီးသွားများ ဝင်ခွင့်မပြုဟုဆို

လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မေလ ၂၈ ရက် ပျံနှံ့လာသည့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော ကိုယ်လုံးတီး ကမ္ဘာလှည့်ခရီးသွား မြန်မာနိုင်ငံတွင်း ဝင်မည်ဆိုပါက ခွင့်ပြုသွားမည်မဟုတ်ကြောင်း ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန၊အရာထမ်း တစ်ဦးက ပြောကြားသည်။
လူအချင်းချင်း အဆင့်အတန်းခွဲခြားမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုအနေနှင့် အဆိုပါကမ္ဘာလှည့် ခရီးသွားများသည့် Nude of Love အမည်အသုံးပြုကာ ကိုယ်လုံးတီးစက်ဘီးစီးအသင်းပုံစံဖြင့် လှည့်လည်လျက်ရှိပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ဖြတ်ကာ မြန်မာနိုင်ငံသို့ ဝင်လာရန်ရှိကြောင်း လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။
“သူတို့က ဘယ်ဝင်ပေါက်က ဝင်မှာလဲဆိုတာ ရှိသေးတယ်။ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ကိုက်ညီမှု မရှိရင် လုံးဝ ဝင်ခွင့်မပြုဘူး။ လက်ရှိ အဲ့ဒီအကြောင်းနဲ့ ပတ်သက်ပြီး မသိရသေးပါဘူး”ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ အရာထမ်းက ဆိုသည်။
၂ဝ၁၅ ခုနှစ်၊ မတ်လတွင် နယ်သာလန်နိုင်ငံမှ ထွက်ခွာခဲ့သော အမျိုးသမီး ၅ဝ ဦးနှင့် အမျိုးသား၂၃ဝ ဦး ပါသော အဆိုပါ စက်ဘီးအသင်းသည် ယခုအခါ မြန်မာနိုင်ငံအတွင်း စက်ဘီးဖြင့် လှည့်လည်သွားလာဦးမည်ဖြစ်ကြောင်း လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့နေလျက်ရှိပြီး ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့်သင့်လျော်ခြင်း မရှိသည့်အတွက် လုံးဝ လက်ခံရန် မသင့်ကြောင်းနှင့် အရှက်တရား ကင်းမဲ့ကြောင်း၊ ရှုတ်ချကြောင်းအစရှိသော မှတ်ချက်များ အဆိုပါ ကွန်ရက်တွင် ရေးသားထားသည်။
“ဒီလိုမျိုးကတော့ လုံးဝ မဖြစ်သင့်ဘူးပေါ့။ မြန်မာနိုင်ငံနဲ့လည်း မကိုက်ညီဘူး။ လက်ရှိကတော့ ပျံ့နှံ့နေတာပဲ။ အတိအကျတော့ မသိရသေးဘူး”ဟု နယ်စပ်ဖြတ်ကျော် ခရီးစဉ်များတွင် လိုင်စင်ရ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေသူ တစ်ဦးက ဆိုသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment