Tuesday, December 6, 2016

မလေးရှားတွင် ဘင်္ဂါလီအရေး ဆန္ဒပြမှုက နှစ်နိုင်ငံကုန်သွယ်ရေးကဏ္ဍ၌ အဓိက အဟန့်အတား ဖြစ်လာနိုင်ဟုဆို

မလေးရှားဝန်ကြီးချုပ်၏ ဆန္ဒပြမှု လုပ်ရပ်သည် နှစ်နိုင်ငံ ပုဂ္ဂလိကကဏ္ဍ စီးပွားရေး ပူး ပေါင်းဆောင်ရွက်မှုများကို အ ဟန့်အတားတစ်ခု ဖြစ်လာနိုင် သည်ဟု ပြည်တွင်းစီးပွားရေးလုပ် ငန်းရှင်အချို့က ပြောသည်။

အာဆီယံဒေသအတွင်း မြန် မာနှင့် မလေးရှား နှစ်နိုင်ငံ ကုန် သွယ်ရေးကဏ္ဍ၌ အဓိကအဟန့် အတားဖြစ်လာနိုင်ကြောင်း မြန် မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။
‘‘ကုန်သွယ်ရေးမှာ သူတို့ ဘက် သာနေတာပါ။ ဒီအခွင့်အ ရေးကို အဟန့်အတားဖြစ်လာမှာ ဒီနိုင်ငံ အတွင်းမှာ ရှိနေတယ်။ သူတို့လူမျိုးတွေလည်း စိုးရိမ်နေ ကြတယ်’’ ဟု ဒေါက်တာ မောင် မောင်လေးက ပြောသည်။
မြန်မာနှင့် မလေးရှားနိုင်ငံ ကုန်သွယ်မှုတွင် မလေးရှားနိုင်ငံ သည် အခွင့်အရေးအသာစီးရနေ ပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်က မြန် မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ တင် ပို့သည့် ကုန်ပစ္စည်းပမာဏသည် တင်သွင်းသည့် ကုန်ပစ္စည်းပမာ ဏထက် ၂၅ ရာခိုင်နှုန်းခန့်သာရှိ  သည်။ မြန်မာနိုင်ငံက တစ်နှစ်ပတ် လုံးပို့ကုန်ပမာဏသည် အမေရိ ကန်ဒေါ်လာ ၁၆၁ သန်းကျော်ရှိ ပြီး သွင်းကုန်ပမာဏမှာ အမေရိ ကန်ဒေါ်လာ ၅၈၈ သန်းကျော်ရှိ နေကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏စာ ရင်းများအရ သိရသည်။
‘‘မြန်မာနိုင်ငံအနေနဲ့ မလေး က စားအုန်းဆီ အဓိကသွင်းနေရ တယ်။ ဒီကပို့တာက ဆန်နည်း နည်းပါးပါးပဲရှိတယ်’’ ဟု မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြော သည်။
 စီးပွားရေးကဏ္ဍအပြင် မ လေးရှားနိုင်ငံတွင် အလုပ်လုပ် ကိုင်နေသည့် မြန်မာလူမျိုးများစွာ ရှိနေသဖြင့် လက်ရှိ ပြဿနာကို ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းသင့် သည်ဟု ကမ္ဘောဇဘဏ် အကြီး တန်းအကြံပေး ဦးသန်းလွင်က ပြောသည်။ မလေးရှားနိုင်ငံသို့ သွားရောက် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ နှစ်စဉ်ပြန်ပို့ ငွေသည် နိုင်ငံ၏နိုင်ငံခြားငွေဝင် ရောက်မှု ပြည်တွင်းကဏ္ဍတစ်ခု အဖြစ် အားထားနေရသည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ် နှံထားသည့် မလေးရှား လုပ်ငန်း များသည် လက်ရှိတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း၏ ၃ ရာ ခိုင်နှုန်းခန့်သာရှိပြီး မြန်မာနိုင်ငံရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများတွင် မလေးရှားသည် အဆင့် (၇)တွင် ရှိနေကာ လုပ်ငန်းပေါင်း ၅၆ ခု ရင်းနှီးမြှုပ်နှံမှုတန်ဖိုးအမေရိကန် ဒေါ်လာ ၂ ဘီလီယံခန့်ရှိသည်။ မြန်မာနိုင်ငံမှ ခွင့်ပြုထားသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း သည် အောက်တိုဘာလကုန်အထိ အမေရိကန်ဒေါ်လာ ၆၇ ဘီလီယံ ခန့်ရှိသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment