Tuesday, December 6, 2016

ကူမင်းမြို့တွင် ပြုလုပ်မည့်နှစ်ဖက်ဆွေးနွေးပွဲ ပျက်ပြယ်ခြင်းက ဆုံးရှုံးမှုများပိုလာနိုင်ဟု PNLOအကြီးအကဲ ဗိုလ်မှူးကြီးခွန်ဥက္ကာဆို

တပ်မတော်အဆင့်မြင့် အရာရှိများ ပါဝင်သည့်အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် လက်နက် ကိုင်ပူးပေါင်းအဖွဲ့တို့၏ တရုတ် နိုင်ငံကူမင်းမြို့တွေ့ဆုံပွဲပျက်သွား ခြင်းက တိုက်ပွဲများရေရှည်ဖြစ် ပွားကာလူထုအတွက် ဆုံးရှုံးနစ် နာမှုပိုများလာနိုင်သည်ဟု ပအိုဝ်း တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့ (PNLO) ဦးဆောင်နာယကဗိုလ် မှူးကြီးခွန်ဥက္ကာကပြောသည်။ ကချင်လက်နက်ကိုင်အဖွဲ့ (KIO/ KIA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) ၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)တို့နှင့် ဒေါက်တာတင်မျိုးဝင်းဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ငြိမ်းချမ်းရေးကော်မရှင်တို့သည် ဒီဇင်ဘာ ၂ရက်တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံရန် တရုတ်အစိုးရနှင့် ‘၀’လက်နက်ကိုင်အဖွဲ့ (UWSA)တို့က ကြားဝင်ဆောင်ရွက်ပေးခဲ့သော်လည်း တွေ့ဆုံမှုမဖြစ်မြောက်ခဲ့ပေ။


‘‘ကူမင်းလိုတွေ့ဆုံပွဲက ဖြစ် ပေါ်လာဖို့ သိပ်မလွယ်ဘူး။ ဒီအ စိုးရကိုယ်စားလှယ်အဖွဲ့မှာဆို   ရင်  တပ်မတော်အရာရှိကြီးတွေ ပါ တယ်ဗျ။ အရှေ့အလယ်ပိုင်းက တိုင်းမှူးပါတယ်။ နောက်ဗိုလ်ချုပ် ကြီးရာပြည့်ပါတယ်။ နောက်ဒုတိ ယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း) ပါတယ်။ ဒီပုဂ္ဂိုလ်တွေက တပ်မ တော်ရဲ့ ကိုယ်စားလှယ်တွေပါ။ ဒီပုဂ္ဂိုလ်တွေကိုယ်တိုင်က တွေ့ပါ မယ်လို့ မြောက်ပိုင်းသုံးဖွဲ့ပေါ့ဗျာ။ ဒီပွဲမှာ အစိုးရကိုယ်စားလှယ်ရော မြောက်ပိုင်းသုံးဖွဲ့ကိုယ်စားလှယ် ရောတွေ့လိုက်ပြီးလို့ရှိရင် ဒီက ရရှိတဲ့ကွင်းဆက်နဲ့အပြန်အလှန် ဆက်သွယ်ရပြီးတော့ဆက်သွယ် ညှိနှိုင်းလို့ရသွားတဲ့လမ်းကြောင်း ပွင့်သွားတာပေါ့။ ဆက်သွယ်ရေး လမ်းကြောင်းပွင့်တာပေါ့’’ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာကပြော သည်။
‘‘အဲဒီလမ်းကြောင်းက ပွင့် နေတာကို မယူဘဲနဲ့ စစ်ရေးလမ်း ကြောင်းကိုပဲပြန်ပြီးတော့အားပြု တယ်ဆိုရင် ဒါက ပွဲမပြီးဘဲနဲ့ ရေ ရှည်သွားနိုင်တယ်။ နစ်နာဆုံးရှုံးမှု က ပြည်သူလူထုတွေမှာ ပိုသ ထက်ပိုများလာနိုင်တယ်။ အခုက တော့ ဆုံးရှုံးမှုတွေက ရှိနေပြီ။ သို့ သော်ဒါတွေနဲ့ မပြီးဘဲဒီထက်ကို တစ်ဆ၊ နှစ်ဆ၊ သုံးဆပိုမိုနစ်နာဆုံးရှုံးလာရင် ဘယ်သူအကျိုးရှိ
လဲ၊ ဘယ်အဖွဲ့အစည်းအကျိုးရှိလဲ။ ဘယ်ခေါင်းဆောင်အကျိုးရှိလဲ၊ ဘယ်သူအကျိုးရှိလဲဆိုတာ အားလုံးအဖြေသိနေတာကိုးဗျ’’ဟု ၎င်းက ဆက်လက်ပြောကြား သည်။
ဆွေးနွေးပွဲပျက်ပြယ်ခြင်းနှင့် ပတ်သက်၍ TNLAအထွေထွေအ တွင်းရေးမှူးဗိုလ်မှူးကြီးတာ့ဘုန်း ကျော်က‘‘အဓိကကတော့ ငြိမ်း ချမ်းရေးကော်မရှင်ဘက်က ကျွန် တော်တို့ကို တစ်ဖွဲ့ချင်းစီတွေ့ချင် တယ်။ ကျွန်တော်တို့ကတော့ ဒီ မှာရောက်နေတာလေးဖွဲ့စလုံးက ရောက်နေပြီဆိုတော့ ကျွန်တော် တို့မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ စလုံးတစ်ခါတည်းတွေ့ချင်ပါ တယ်ဆိုတာကိုပြောတာ။ ငြိမ်း ချမ်းရေးကော်မရှင်က မတွေ့နိုင် တာကြောင့် ကျွန်တော်တို့တွေ့ဆုံ မှုမဖြစ်ပါဘူး’’ဟုဒီဇင်ဘာ ၂ရက် ကပြောသည်။
ငြိမ်းချမ်းရေးကော်မရှင်နှင့် သီးခြားတွေ့ဆုံရန် KIOက ငြင်းဆို ခဲ့ကြောင်း၊ TNLA, MNDAAနှင့် AA လက်နက်ကိုင်သုံးဖွဲ့နှင့်တွေ့ ဆုံရန်မှာလည်း ယခင်စီစဉ်ထား သည့်အတိုင်းမဟုတ်ဘဲ တရုတ်၊ ‘၀’နှင့် KIOကိုယ်စားလှယ်များကို ပါဝင်ခွင့်ပြုရန် တောင်းဆိုခြင်း ကြောင့် ဆွေးနွေးပွဲများပျက်ပြယ် ခြင်းဖြစ်သည်ဟု ငြိမ်းချမ်းရေး ကော်မရှင်အတွင်းရေးမှူးဒုတိယ ဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း)က ဒီဇင်ဘာ ၃ရက်တွင် ရှင်းလင်း ပြောကြားသည်။
‘‘အခုနိုင်ငံရေးနည်းနဲ့ ဖြေ ရှင်းဖို့ အခွင့်အလမ်းပွင့်လာတာ ကို မဆုပ်ကိုင်မိတာဟာ တော် တော်လေးကို သုံးသပ်ချက်လွဲမ လားလို့ ကျွန်တော်တို့ စိုးရိမ်မိတာ ပေါ့’’ဟု ကူမင်းဆွေးနွေးပွဲပျက် ပြယ်ခြင်းအပေါ် ဗိုလ်မှူးကြီးခွန် ဥက္ကာကပြောသည်။
လတ်တလောတွင် တပ်မ တော်နှင့် KIA,TNLA,MNDAA, AA ပူးပေါင်းလက်နက်ကိုင်အဖွဲ့ တို့အကြား ရှမ်းပြည်မြောက်ပိုင်း မုံးကိုးဒေသ၌ တိုက်ပွဲများပြင်း ထန်စွာဖြစ်ပွားလျက်ရှိပြီးနှစ်ဖက် ထိခိုက်သေဆုံးမှုများပြားလျက်ရှိ ကြောင်း နှစ်ဖက်သတင်းထုတ် ပြန်ချက်၊ ပြောဆိုချက်များအရ သိရသည်။ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်များလည်းများပြားလျက်ရှိသည်။
KIA,TNLA,MNDAA,AA  ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၀ ရက်မှစတင်ပြီး ရှမ်းပြည်မြောက် ပိုင်းရှိ မူဆယ် ၁၀၅မိုင်ကုန်သွယ် ရေးဇုန်အပါအ၀င် အစိုးရလုံခြုံ ရေးတပ်စခန်းများအားတိုက်ခိုက် ခဲ့ရာ တိုက်ပွဲများကြောင့် အရပ်သားသေဆုံး၊ ဒဏ်ရာရရှိမှုများအများအပြားရှိခဲ့သည်။ ထို့အပြင်ကုန်သွယ်ရေးလုပ်ငန်းများလည်း ရပ်ဆိုင်းခဲ့သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment