Monday, December 19, 2016

နျူကလီးယားဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရန် အီရန်ကတိပြု

Image may contain: 1 person, eyeglasses and suit
အီရန်နိုင်ငံအနေဖြင့် နျူကလီးယားဆိုင်ရာ ကိစ္စရပ်များတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် လက်တွဲဆောင်ရွက်သွားရန် ကတိကဝတ်ပြုခဲ့သည်ဟု ကုလသမဂ္ဂ နျူကလီးယားစွမ်းအင် အေဂျင်စီအကြီးအကဲက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။ အိမ်ဖြူတော်၏ထုတ်ပြန်ချက်တွင် အီရန်နိုင်ငံအား ၁ဝ နှစ်တာ အရေးယူမည့် အမေရိကန်၏ ဥပဒေကြမ်းသည် သမ္မတအိုဘားမား၏ လက်မှတ်မပါသော်လည်း ဥပဒေ တစ်ရပ်အသွင် ပြောင်းလာမည်ဖြစ်သည်ဟု ပါရှိသည်။

မိမိတို့အနေဖြင့် နျူကလီးယားဆိုင်ရာ သဘောတူညီ ချက်များအပေါ် အကောင်အထည်ဖော်ဆောင်နေခြင်းကို ကြိုဆိုပါကြောင်းနှင့် ဆက်လက်လုပ်ဆောင်သွားနိုင်ရန် မျှော်လင့်လျက်ရှိကြောင်း ကုလသမဂ္ဂနျူကလီးယားစွမ်းအင် အေဂျင်စီအကြီးအကဲ ယူကီရာအမာနိုက ပြောကြားသည်။

၂ဝ၁၅ ခုနှစ်တွင် ရရှိခဲ့သော သဘာတူညီချက်အရ စီးပွားရေးပိတ်ဆို့မှုများ ဖြေလျှော့ပေးခဲ့သဖြင့် အီရန်နိုင်ငံ ကလည်း နျူကလီးယားထုတ်လုပ်မှုကို လျှော့ချခဲ့သည်။ သို့သော်လည်း အမေရိကန်က အရေးယူပိတ်ဆို့မှုများထပ်မံ သက်တမ်းတိုး လုပ်ဆောင်ခဲ့သဖြင့် အီရန်နိုင်ငံက နျူကလီးယားစွမ်းအင်သုံး သင်္ဘောများထုတ်လုပ်ရန် သိပ္ပံပညာရှင်များအား လွန်ခဲ့သော ရက်သတ္တပတ်က တိုက်တွန်းပြောကြားခဲ့သည်။

အီရန်အနေဖြင့် နျူကလီးယားသဘောတူညီချက်နှင့် အညီ ၎င်း၏အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ခြုံငုံသုံးသပ်ရန် သဘောတူညီချက်တွင် ပါဝင်လက်မှတ် ထိုးခဲ့သည့်နိုင်ငံများမှ ကိုယ်စားလှယ်များပါဝင်သော ကော်မရှင်အဖွဲ့တစ်ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန် ဒီဇင်ဘာ ၁၇ ရက်က တောင်းဆိုခဲ့ကြောင်း သိရသည်။

Credit To >>> The Mirror Daily

0 comments:

Post a Comment