Monday, December 19, 2016

တောင်အာရှ နှင့် အရှေ့တောင်အာရှဒေသတွေကို ချိတ်ဆက်မှု ပိုင်းနဲ့ ပတ်သက်လို့ သိထားရမယ့် အချက် ၁၂ ချက်

Image may contain: night, motorcycle and outdoor
၁။ တောင်အာရှနဲ့ အရှေ့တောင်အာရှ အကြား ကုန်သွယ်ကူးသန်းမှုအများစုဟာ ပင်လယ်ရေလမ်းကြောင်းကနေ ကူးသန်းတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာ ကုန်းလမ်းပိုင်း အခြေခံအဆောက်အအုံပိုင်းမှာ တိုးတက်လာနေသလို နယ်စပ်ဖြတ်ကျော် ကူးသန်းမှုတွေကလည်းပိုမိုလွယ်ကူလာနေတာကြောင့် ကုန်း လမ်းကနေ ကုန်စည်နဲ့ ခရီးသည်ပို့ဆောင်မှုပိုင်းမှာ တိုးမြင့်လာဖို့ ရှိနေပါတယ်။

၂။ လက်ရှိအချိန်မှာတော့ ရေကြောင်းကနေ သယ်ယူပို့ဆောင်ရေး စရိတ်စကပိုင်းမှာ ကုန်းလမ်း ဒါမှမဟုတ် မီးရထားနဲ့ သယ်ယူပို့ဆောင်တာထက်ပိုမို သက်သာနေပါတယ်။ ဘာလို့လဲဆိုတော့ကုန်းလမ်းပို့ဆောင်ရေးပိုင်းမှာ လက်ရှိအချိန်ထိ အကန့်အသတ်နဲ့ လုပ်ဆောင်နေရသလို ခရီးလမ်းရှည်လျားမှုတွေကြောင့် ဖြစ်ပါတယ်။

၃။ တောင်အာရှနဲ့ အရှေ့တောင်အာရှ ဒေသနှစ်ခုစလုံးမှာ လူဦးရေတိုးပွားလာနေတာရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက်ဆိုရင် ၂၀၁၀ နဲ့ ၂၀၂၀ အကြားကာလအတွင်း လက်ရှိ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုပိုင်းမှာ အနည်းဆုံး ဒေါ်လာ ၃ ဒသမ ၆ ထရီလီယံထိလောက်ရင်းနှီးမြှုပ်နှံဖို့ လိုအပ်နေပါတယ်။

၎။ ယခု ဒေသနှစ်ခုစလုံးမှာ လိုအပ်နေတဲ့ အရေကြီးအခြေခံအဆောက်အအုံ တည်ဆောက်မှုတွေလုပ်ဖို့ အတွက် အာရှဒေသဟာ ငွေကြေးတတ်နိုင်တဲ့အနေအထားမှာ ရှိပါတယ်။ ဒီဒေသမှာ ဘဏ်တွေမှာငွေစုဆောင်းသူတွေရဲ့ စုဆောင်းမှုပမာဏက ၂၀၁၁ ခုနှစ်တစ်ခုတည်းမှာပဲဒေါ်လာ ၁ ဒသမ ၃ ထရီလီယံထိ ရှိထားခဲ့ ပါတယ်။ ဒီလိုမျိုး အားကောင်းလှတဲ့ စုဆောင်းမှုတွေက အခြေခံအဆောက်အအုံတွေအတွက် လိုအပ်တဲ့ငွေကြေးတွေ မတည်ပေးနိုင်ပါလိမ့်မယ်။

၅။ ပြီးခဲ့တဲ့ ရာစုနှစ်တွေလောက်တုန်းကဆိုရင် တောင်အာရှနဲ့ အရှေ့တောင်အာရှ ဒေသ နှစ်ခုဟာ စီးပွားရေး ပိုင်းက ကြည့်ရင် တစ်ဘက်နဲ့ တစ်ဘက် သီးခြားစီ ရပ်တည်ခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။ ဒေသချင်းစီးပွားရေးပေါင်းစည်းမှုတွေလုပ်ဖို့ ဆွေးနွေးပြောဆိုမှုတွေက အနည်းအကျဉ်းလောက်သာပဲ ရှိထားခဲ့ပါတယ်။

၆။၁၉၉၀ မတိုင်ခင်တုန်းကလည်း ယင်းဒေသနှစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ ကုန်သွယ်မှု စာချုပ်ဆိုလို့ ၁၉၇၅ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ ဘန်ကောက်သဘောတူညီမှုစာချုပ် တစ်ခုသာ ရှိခဲ့ပြီးတော့ ယင်းစာချုပ်မှာ ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယ၊ လာအို ၊ သီရိလင်္ကာ၊ တောင်ကိုရီးယားနဲ့ တရုတ်တို့ သာ ပါဝင်ခဲ့ပါတယ်။

၇။ ပြီးခဲ့တဲ့ နှစ်တွေမှာ တောင်အာရှနဲ့ အရှေ့တောင်အာရှ ဒေသနှစ်ခုကြားမှာကုန်သွယ်ရေး သဘောတူညီမှု စာချုပ်ခြောက်ခု ချုပ်ဆိုအကောင်အထည်ဖော်ထားနိုင်ခဲ့ရာမှာတော့ ယင်းမှာ ၂၀၁၀ခုနှစ်က သဘောတူနိုင်ခဲ့တဲ့ အာဆီယံ-အိန္ဒိယ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုစာချုပ်လည်း ပါဝင်နိုင်ခဲ့ပါတယ်။

၈။ တောင်အာရှနဲ့ အရှေ့တောင်အာရှ ဒေသနှစ်ခုကြားမှာ မြန်မာနိုင်ငံဟာ တစ်ခုတည်းသော ကုန်လမ်းချိတ်ဆက်မှု တံတားတစ်ခုလို ဖြစ်နေတာကြောင့်ဒေသနှစ်ခုအကြား ချိတ်ဆက် ဆက်သွယ်တဲ့နေရာမှာ အဓိကနေရာကနေ ပါဝင်နိုငမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံနဲ့ အိန္ဒိယ အရှေ့မြောက်ပိုင်း ချိတ်ဆက်မှုပိုင်းမှာ အားနည်းနေပြီးတော့ ယင်းကလည်း နယ်စပ်ဒေသအများစုဟာ တောင်ထူထပ်တဲ့ နေရာတွေ ဖြစ်နေတာကြောင့်ဖြစ်ပါတယ်။

၉။ အရှေ့တောင်အာရှနဲ့ အိန္ဒိယ နှစ်ခုပေါင်းမှာ လူဦးရေ ၁ ဒသမ ၈ဘီလီယံကျော် နေထိုင်နေပြီးတော့ အမေရိ ကန်ဒေါ်လာ ၃ ဒသမ ၈ထရီလီယံ ရှိတဲ့ စီးပွားရေးတစ်ခုလည်း ရှိနေပါတယ်။ ကမ္ဘာ့သဘာဝအရင်း အမြစ်တွေ၊ စီးပွားရေးနဲ့အခြား ရင်းမြစ်တွေများစွာဟာလည်း ဒီဒေသတွေမှာရှိနေတဲ့ အခြေအနေမှာ ရှိနေပါတယ်။

၁၀။ ထိုင်းနိုင်ငံက တောင်အာရှဒေသနဲ့ ချိတ်ဆက်လုပ်ဆောင်နေတဲ့ ကုန်သွယ်မှုအများစုဟာ အိန္ဒိယနဲ့ လုပ်ကိုင်နေတာဖြစ်ပြီးတော့ ၂၀၁၂ခုနှစ်က စုစုပေါင်း ကုန်သွယ်မှု ရာခိုင်နှုန်းက ၇၅ ရာခိုင်နှုန်း နဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊သီရိလင်္ကာ၊ ပါကစ္စတန် တို့နဲ့ ထိုင်းနိုင်ငံနဲ့အကြား ကုန်သွယ်မှုပိုင်းမှာ ခုချိန်ထိ နည်းပါးနေသေးတာကို တွေ့ရပါတယ်။

၁၁။ ဒေသနှစ်ခုအကြား ဘင်္ဂလားဒေ့ရှ်ရဲ့ ပထ၀ီဝင်အနေအထားကျ ရပ်တည်နေတာကလည်း ယင်းနိုင်ငံအတွက် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုပိုင်းမှာ ပိုမိုကောင်းမွန်နိုင်တဲ့ ထူးခြားအခွင့်အလမ်းတွေကိုရရှိစေနိုင်ဖို့ ရှိနေပါတယ်။

၁၂။ နီပေါ နိုင်ငံကို ဖြတ်ဖောက်ထားတဲ့ လမ်းတွေကို အသုံးပြုနိုင်မယ်ဆိုရင်တော့ အိန္ဒိယရဲ့ မြို့တွေနဲ့ တရုတ်ရဲ့ မြို့တွေအကြား အကွာအဝေးပမာဏကို သိသိသာသာ လျှော့ချသွားနိုင်မှာ ဖြစ်ပါတယ်။

ဥပမာအနေနဲ့ နယူးဒေလီကနေ ကူမင်း ကို သွားတဲ့နေရာမှာ ဟောင်ကောင်ကနေ ဖြတ်သွားရင် အကွာအဝေးကီလိုမီတာ ၁၀,၃၄၅ ရှိတဲ့နေရာမှာ နီပေါကနေ ဖြတ်သွားမယ်ဆိုရင်တော့အကွာအဝေးပမာဏကယင်းနှုန်းထားရဲ့ လေးပုံပုံ တစ်ပုံသာ ရှိတော့မှာဖြစ်ပါတယ်။


Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment