Thursday, December 8, 2016

အခြေအမြစ်မရှိသည့် သတင်းများအပေါ်အခြေခံလျက် အစိုးရတစ်ရပ်အပေါ် ပြင်းထန်စွာစွပ်စွဲပြောကြားမှုများအတွက် မလေးရှားနိုင်ငံ သံအမတ်ကြီးအား ဆင့်ခေါ်ပဋိပက္ခအငြင်းပွားမှုများဖြစ်ပေါ်လာပါက ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အလေးထား၍ ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းသည့်မူကို စောင့်ထိန်းရန် အရေးကြီးကြောင်း ပြောကြား

မလေးရှားနိုင်ငံဝန်ကြီးချုပ် နာဂျစ်ရာဇတ်အနေဖြင့် ဒီဇင်ဘာ ၄ ရက်က ကွာလာလမ်ပူမြို့၌ လူထုဆန္ဒပြပွဲတစ်ရပ်ကို
ဦးဆောင်ကျင်းပခဲ့ပြီး အခြေအမြစ်မရှိသည့် သတင်းများအပေါ်အခြေခံလျက် အာဆီယံမိသားစုဝင် နိုင်ငံတစ်နိုင်ငံ၏ အစိုးရတစ်ရပ်အပေါ် ပြင်းထန်စွာစွပ်စွဲပြောကြားမှုများ ပြုလုပ်ခဲ့ခြင်းအတွက် များစွာအံ့သြစိတ်ပျက်မိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီး H.E. Mohd. Haniff Bin Abd Rahman အား ယမန်နေ့မွန်းလွဲပိုင်းတွင် ဆင့်ခေါ်၍ဟြေကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီး ဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူမျိုးစု သုတ်သင်ရှင်းလင်းမှု စသည့် မဟုတ် မမှန်စွပ်စွဲဟြေဆိုချက်များကိုလည်း ကန့်ကွက်ခဲ့ပြီး ယင်းကဲ့သို့ စွပ်စွဲချက်များသည် မြေပြင်ပေါ်ရှိ ပကတိအခြေအနေများနှင့် လုံးဝကိုက်ညီမှုမရှိကြောင်းနှင့် ထိုသို့တာဝန်မဲ့ဟြေကြားမှုက လူ့အသိုက်အဝန်းနှစ်ခုအကြား ကွဲဟြးမှုများကို ပိုမိုကြီးမားလာစေနိုင်ပြီး အစွန်းရောက်အကြမ်းဖက်ဝါဒကို နှိုးဆွပေးသည့်အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာစေနိုင်ကြောင်း ဒုတိယဝန်ကြီး က ဟြေကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ခင်မင်ရင်းနှီးသည့် ဆက်ဆံမှုများကို ဆက်လက်ထိန်းသိမ်းမြှင့်တင်သွားလိုသည့် သဘောဆန္ဒကို မလေးရှားသံအမတ်ကြီးအား ဒုတိယဝန်ကြီးက အသိပေးဟြေကြားခဲ့ပြီး မြန်မာနိုင်ငံအပေါ် အဖွဲ့အစည်းအချို့က ရည်ရွယ်ချက်ရှိရှိဖြင့် ထိုးနှက် ဆောင်ရွက်နေသည့် မဟုတ်မမှန် သတင်းများဖြင့် ဝါဒဖြန့်မှုများကြောင့် နားလည်မှုလွဲမှားခြင်းမျိုးမဖြစ်ရန် လိုအပ်ကြောင်းနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပဋိပက္ခအငြင်းပွားမှုများဖြစ်ပေါ်လာပါက ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အလေးထား၍ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းသည့်မူကို စောင့်ထိန်းရန်အရေးကြီးကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ဒုတိယဝန်ကြီးက ရခိုင်ဒေသအရေးကိစ္စအား ဖြေရှင်းနိုင်ရေးအတွက် ဒေါက်တာကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်နှင့် အမျိုးသားအဆင့် စုံစမ်းစစ်ဆေးရေးကော်မရှင်တို့ကို ဖွဲ့စည်း ဆောင်ရွက်နေမှုများအပါအဝင် မြန်မာနိုင်ငံအနေဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေသည်များကို ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ရခိုင်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ လူ့အသိုက်အဝန်းနှစ်ခုအကြား ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးကို တည်ထောင်နိုင်ရေးတို့အတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများအပေါ် ကူညီပံ့ပိုးပေးရန် လိုအပ်ကြောင်း၊ အခြေအမြစ်မရှိသည့် သတင်းအချက်အလက်များကို အခြေပြု၍ ပြဿနာအတွက် ဖြေရှင်းရန် နည်းလမ်းရရှိရေးထက် ပြဿနာပိုမိုကြီးထွားမှုကို ဖြစ်စေနိုင်သည့် ဝေဖန်ပြောကြားမှုများကို ရှောင်ရှားသင့်ကြောင်း။
အစွန်းရောက်လှုပ်ရှားမှုများ ဖြစ်ပေါ်စေသည့် ဆောင်ရွက်ချက်မှန်သမျှသည် အာဆီယံ၏ စည်းလုံးညီညွတ်မှုကိုသာမက ဒေသတွင်းအေးချမ်း တည်ငြိမ်ရေးကိုလည်း ထိပါးစေနိုင်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ဒေသတွင်း၌သာမက ဒေသပြင်ပတွင်ပါ ညီညွတ်ရေး၊ တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း အသိပေးပြောကြားခဲ့ကြောင်း အဆိုပါသတင်းထုတ်ပြန်ချက်အရ သိရသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment