မြန်မာအထည်ချုပ်လုပ် ငန်းများ လက်ခစားစနစ် (CMP) မှ ကိုယ်တိုင်ချုပ်လုပ်တင်ပို့သည့် စနစ် (FOB)သို့ပြောင်းလဲနိုင်ရန် ပြည်ပမှ တင်သွင်းလာသည့်ကုန် ကြမ်းများကို အခွန်ကင်းလွတ် ခွင့်ပေးရန်လိုအပ်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များထံမှ သတင်း ရရှိသည်။
လက်ရှိတွင် FOB စနစ်ဖြင့် ချုပ်လုပ်ရန် ပြည်ပမှ ကုန်ကြမ်း တင်သွင်းပါက ဆိပ်ကမ်းရောက် တန်ဖိုးအပေါ်တွင် အခွန် ၅ ရာခိုင် နှုန်းပေးဆောင်ရကြောင်း အထည်ချုပ်လုပ်ငန်းရှင်ဦးမြင့်စိုးကပြောသည်။
ပြည်တွင်းအထည်ချုပ်လုပ် ငန်းများကို FOB စနစ် လုပ် ကိုင်ခွင့်ပြုထားသော်လည်း လက် ရှိတွင် CMP စနစ်ဖြင့်သာချုပ် လုပ်နေရပြီး တရုတ်၊ ကိုရီးယား ကုမ္ပဏီများနှင့် ခြောက်လခန့် ပူးပေါင်းချုပ်လုပ်ပြီးမှ FOB စနစ်ဖြင့် ထုတ်လုပ်နိုင်မည်ဟု ဦးမြင့်စိုးက ဆက်လက်ပြောသည်။
ထိုသို့ FOB စနစ်ဖြင့်ချုပ်လုပ် ရန် ပြည်ပနိုင်ငံမှ တင်သွင်းလာသည့် ကုန်ကြမ်းများကို အခွန်ကင်း လွတ်ခွင့်ပေးရန်၊ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းလာသည့် ကုန်ကြမ်းများကို အကောက်ခွန်ဦးစီးဌာနက ထိန်းချုပ်ထားရန်နှင့် ပြည်ပမှ ဝယ်ယူမည့်ကုန်ကြမ်းများကို L/C (အကြွေးဝယ်စနစ်) ဖြင့် ဝယ်ယူနိုင်ရန် ပြည်ပနိုင်ငံမှ ဘဏ်များနှင့် မြန်မာနိုင်ငံမှ ဘဏ်များချိတ်ဆက်ထားရန် လိုအပ်ကြောင်း FOB စနစ်အကောင်အထည်ဖော်ရန် ပြုစုထားသည့် စာတမ်းတွင် ထည့်သွင်းရေးဆွဲထားကြောင်းသိရသည်။
ထိုသို့ CMP စနစ်မှ FOB စနစ်သို့ ပြောင်းလဲရန် အထည် ချုပ်လုပ်ငန်းနှင့်သက်ဆိုင်သည့် စာတမ်းတစ်ခုကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနနှင့် အထည်ချုပ်လုပ်ငန်းရှင် အသင်းတို့ ပူးပေါင်းရေးဆွဲထား ပြီး အဆိုပါ စာတမ်းကို စီးပွား ရေးရာကော်မတီတင်ပြသွားမည် ဖြစ်ကြောင်း ကုန်သွယ်မှုမြှင့်တင် ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ချိုကပြောသည်။
‘‘FOB စနစ်က ခွင့်မပြုထား တာမဟုတ်ဘူး။ CMP စနစ်နဲ့ ပြည်ပကိုအထည်တင်ပို့တယ်ဆို ရင် ကုန်သွယ်ခွန်ကင်းလွတ်ခွင့် ပေးတယ်။ FOB စနစ်နဲ့ဆိုရင် ကုန်သွယ်ခွန်ကင်းလွတ်ခွင့် မရှိ ဘူး။ FOB စနစ်အကောင်အထည် ဖော်မယ်ဆိုရင် အထည်ချုပ်လုပ် ငန်းတွေအတွက် သွင်းတဲ့ ကုန် ကြမ်းတွေကို အခွန်ကင်းလွတ်ခွင့် ပေးမှ အဆင်ပြေမယ်လို့ အထည် ချုပ်လုပ်ငန်းရှင်တွေက တင်ပြ ထားတယ်’’ဟု ၎င်းကဆက်လက် ပြောသည်။
အဆိုပါ FOB စနစ် အကောင်အထည်ဖော်ရန် ပြုစုထားသည့်စာတမ်းတွင် ရေးဆွဲထားသည့်အချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများက ဖြေလျှော့ပေးရန်လိုအပ်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များက ပြောသည်။ မြန်မာအထည်ချုပ် လုပ်ငန်းများ၏ ပြည်ပမှာယူမှုများသည် အနိမ့်ဆုံးလုပ်ခလစာရရှိရေးဆန္ဒဖော်ထုတ်မှုများကြောင့် လျော့နည်းသွားသော်လည်း လက်ရှိတွင် မှာယူမှုများ ပြန်လည်မြင့်တက်လာနိုင်ကြောင်း ဦးမြင့်စိုးက ပြောသည်။
မြန်မာအထည်ချုပ်လုပ်ငန်း များသည် ကျွမ်းကျင်လုပ်သား အင်အားနည်းပါးခြင်းနှင့် ကိုယ် တိုင်ထုတ်လုပ်တင်ပို့သည့်စနစ် (FOB) ကို အကောင်အထည် မဖော်နိုင်သေးသည့် အခက်အခဲ များ ကြုံတွေ့နေရသည်။
မြန်မာအထည်ချုပ်လုပ်ငန်း သည် ဂျပန်ဈေးကွက်နှင့် ကိုရီး ယားဈေးကွက်ကို အဓိက အား ထားနေရပြီး တိုင်ပေ၊ တရုတ်၊ မလေးရှား၊ တူရကီနှင့် ဂျာမနီ နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်က မြန်မာအထည်ချုပ်လုပ် ငန်းများတွင် ရင်းနှီးမြှုပ်နှံထား သည်။
မြန်မာ့ပို့ကုန်ကဏ္ဍ၏ ပို့ကုန်မြှင့်တင်ရေးစီမံကိန်းတစ်ခုဖြစ်သည့် အမျိုးသားပို့ကုန်မဟာဗျူဟာ ငါးနှစ်စီမံကိန်းတွင် အဓိကပို့ကုန်ကဏ္ဍအဖြစ်ပါဝင်ပြီး FOB စနစ် အကောင်အထည်ဖော်နိုင်ပါက အထည်ချုပ်လုပ်ငန်းမြင့်တက်လာနိုင်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များက သုံးသပ်သည်။
Credit To >>> 7Day News
0 comments:
Post a Comment