Saturday, January 18, 2014

မလေးရှားတွင်ဒုက္ခရောက်နေသောမြန်မာ ၁၇ဝကျော် MAI မှပြန် ပို့ပေးမည်

မလေးရှားနိုင်ငံ၌ဒုက္ခရောက်နေသောမြန်မာအလုပ်သမားများကို အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း လိုင်း(MAI)က မြန်မာနိုင်ငံ သို့ အခမဲ့ပြန်ပို့ပေးမည်ဖြစ်ကြောင်း ဗြှုမှတာဝန်ရှိသူ မအေးမရသာက ပြောသည်။
သီတဂူဆရာတော်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကမ္ဘောဇဘဏ်နှင့် MAI တို့ ပူးပေါင်းကူညီကာ (၉)ကြိမ်မြောက်အဖြစ်ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်းသိရသည်။

မအေးမရသာက''Camp တွေထဲမှာရောက်နေတဲ့ ဒုက္ခသည်အလုပ်သမားတွေပေါ့။ ဒီဘက်က လေယာဉ်အခမဲ့ကူညီပေးတယ်။ သီတဂူအထောက်အကူပြုအဖွဲ့ကတော့ဟိုဘက်ကပြန်လာဖို့ရွေးထုတ် ပေးတာပေါ့''ဟုပြောသည်။

အဆိုပါအလုပ်သမား၁၇ဝကျော်သည် ယခုလ၂၉ရက် ညနေ ၃နာရီ၌ ရန်ကုန်လေဆိပ်သို့ ရောက်ရှိ မည်ဟုသိရသည်။ မြန်မာအလုပ်သမားများကို ယင်းကဲ့သို့ပူးပေါင်းကူညီပေးနေရာ ယခုအကြိမ်နှင့်ပါ ဆိုပါက ဦးရေ ၁၅ဝဝကျော်ရှိပြီဟု ၄င်းကဆက်ပြောသည်။

''ကိုယ့်နိုင်ငံသားတွေ တစ်ဖက်နိုင်ငံမှာဒုက္ခရောက်နေကြတာကို တစ်ဖက်တစ်လမ်းကကူညီပေး နေတာပါ။ ပြီးခဲ့တဲ့နှစ်ဇွန်လက အရေးအခင်းဖြစ်စမှာ မြန်မာဖြစ်ရင်ပြီးရော US ၇ဝနဲ့ လေယာဉ်လက်မှတ် ကိုရောင်းပေးတယ်။ အဲဒီ့တုန်းက ၃ဝဝဝလောက်ရောက်တယ်။
နောက်ပိုင်းမြန်မာအလုပ်သမားတွေ အမှန်ဒုက္ခရောက်နေကြလို့ အခမဲ့အစီအစဉ်နဲ့ပို့ပေးတာပါ''ဟု မအေးမရသာကဆက်ပြောသည်။

The Union Daily

0 comments:

Post a Comment