လာမယ့် နိုဝင်ဘာ ၁၄ ရက်နေ့ လပြည့်နေ့မှာမှာ Supermoon လို့ခေါ်တဲ့ နက္ခဗေဒဆိုင်ရာအထူး ဖြစ်စဉ်တစ်ခုကြုံတွေ့ရမှာဖြစ်တယ်လို့ NASA(National Aeronautics and Space Administration) ကထုတ်ပြန်ထားပါတယ်။
ဒီ Supermoon ဖြစ်စဉ်မှာ နှစ်၇၀ အတွင်း လကိုအကြီးဆုံးအနေနဲ့ ကမ္ဘာမြေကနေ မြင်တွေ့ရမှာဖြစ်ပါတယ်Supermoon ဖြစ်စဉ်ဟာ လနဲ့ ကမ္ဘာအနီးစပ်ဆုံး ဖြစ်တဲ့ နေ့ရက်နဲ့ လပြည့်နေ့နဲ့ တိုက်ဆိုင်ကာ လ နေ နဲ့ ကမ္ဘာတို့ တစ်တန်းတည်းကျရောက်တဲ့အချိန်မှာမြင်တွေ့တာဖြစ်ပါတယ်။
ဒီလိုမျိုးဖြစ်စဉ်မျိုးဟာ ဖြစ်နေကြဖြစ်ပေမယ့် နိုဝင်ဘာ ၁၄ supermoonလောက် လ နဲ့ ကမ္ဘာနီးကပ်ခြင်းမျိုး ၁၉၄၈ ခုနှစ်ကသာနောက်ဆုံးဖြစ်ပေါ်ခဲ့တာဖြစ်တာကြောင့် ရိုးရိုးသာမန် supermoon တွေထက် သာ၍ကြီးမား ပြီး တောက်ပစွာမြင့်တွေ့ရမှာဖြစ်တယ်လို့ NASA ကပြောပါတယ်။နိုဝင်ဘာ ၁၄ ရက် မှာ supermoon ကိုအ ကြီးမားဆုံးတွေ့ရမယ့်ခန့်မှန်းချေအချိန်ကတော့ မြန်မာစံတော်ချိန်နဲ့တွက်ရင် ည၈နာရီ၂၂ မိနစ်ဝန်းကျင်လောက်ဖြစ်ပါတယ်။
ဒီလိုအကြီးမားဆုံး supermoon ကို ၂၀၃၄ ခုနှစ်မှာသာပြန်လည်မြင်တွေ့ရမှာဖြစ်ပါတယ်။၂၀၁၆ ခုနှစ်အတွက် နိုင်ဝင်ဘာ ၁၄ မှာကျရောက်မယ့် supermoon ဟာ ဒုတိယမြောက် supermoon ဖြစ်ပြီး ပထမ supermoon ကအောက်တိုဘာ ၁၆ ရက်နေ့မှာကျရောက်ခဲ့ပြီး ဒီဇင်ဘာ ၁၄ မှာလည်း supermoon တစ်ခုရှိမှာဖြစ်တယ်လို့ NASA ကပြာပါတယ်။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment