Monday, December 19, 2016

မိမိလက်ထက်မှာ အမေရိကန်စီးပွားရေးက ကမ္ဘာ့အလယ်မှာ အားအကောင်းဆုံးနဲ့ အခိုင်မြဲဆုံးအဖြစ် ပေါ်ထွက်လာခဲ့ပြီလို့ အိုဘားမားကြွေးကြော်

Image may contain: 1 person
အမေရိကန်နိုင်ငံရဲ့ စီးပွားရေးအင်အားက ကမ္ဘာ့အလယ်မှာ ခိုင်မာ အားကောင်းမှုနဲ့ အဓွန့်ရှည်အခိုင်ခံ့ဆုံးအဖြစ် ရပ်တည်ထားနိုင်ခဲ့ပြီဆိုပြီး အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက ပြောကြားလိုက်ပါတယ်။ ကြီးမားတဲ့ စီးပွားရေးကပ်ကြီးတစ်ခုကို ရှစ်နှစ်တာကာလအတွင်း ရပ်တန့်နိုင်ခဲ့ပြီး ခိုင်မာတဲ့စီးပွားရေးတစ်ခုကို ထူထောင်နိုင်ခဲ့တဲ့ ၎င်းရဲ့အစိုးရလက်ထက် လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့ အိုဘားမားက ညွှန်းဆိုပြောကြားသွားတာလည်း ဖြစ်ပါတယ်။

" ကနေ့မှာဆိုရင် အမေရိကန်ပြည်သူပြည်သားတွေရဲ့ မဆုတ်မ နစ်တဲ့ကြိုးပမ်းမှုတွေကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးဟာ ကမ္ဘာ့အလယ်မှာ အားအကောင်းဆုံးနဲ့ ခိုင်မာမှုအရှိဆုံး အဖြစ် ရပ်တည်ထားနိုင်ခဲ့ပါပြီ၊ ကျွန်တော်စတင်တာဝန်ထမ်းဆောင်ပြီးကတည်းက စီးပွားရေးရှုထောင့်ကကြည့်ရင် အမေရိကန်ဟာပိုမိုအားကောင်းလာခဲ့ပါပြီ" လို့ အိုဘားမားက ကွန်ဂရက်ကိုပေးပို့တဲ့ ၎င်းရဲ့ နောက်ဆုံးတစ်နှစ်တာစီးပွားရေးအစီရင်ခံစာမှာ ထည့်သွင်းပြောကြားသွားတာဖြစ်ပါတယ်။

" အလုပ်အကိုင်ဖန်တီးနိုင်မှုပိုင်းမှာလည်း ကျွန်တော်တို့ စံချိန်တင်ကောင်းမွန်တဲ့အခြေအနေတွေကို ပိုင်ဆိုင်ထားခဲ့တယ်၊အမေရိကန် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ၂၀၁၀ ပြည့်နှစ်အစောပိုင်းကတည်းကအလုပ်အကိုင်ပေါင်း ၁၅ ဒသမ ၆ သန်း ထပ်မံဖန်တီးပေးနိုင်ခဲ့တယ်"ဆိုပြီးတော့လည်း ၎င်းက ပြောကြားသွားပါတယ်။

" နေအိမ်တန်ဖိုးတွေ မြင့်တက်လာခြင်းကလည်း သန်းပေါင်းများစွာသော အိမ်ပိုင်ရှင်တွေကို အသက်ရှုချောင်စေခဲ့သလို ပြီးခဲ့တဲ့ ဆယ်စုနှစ်သုံးစုကြာတုန်းကထက်လည်း ကျွန်တော်တို့အနေနဲ့ ပြည်ပရေနံအပေါ်မှာပဲ မှီခိုနေရမှုနှုန်း နည်းပါးလာခဲ့ပါတယ်၊ကျွန်တော်တို့ရဲ့ ဘက်ဂျက်လိုငွေပြမှုကိုလည်း သုံးပုံပုံနှစ်ပုံအထိ လျှော့ချနိုင်ခဲ့ပါတယ်" လို့ ၎င်းက ပြောသွားပါတယ်။

" လွန်ခဲ့တဲ့ရှစ်နှစ်တုန်းကဆိုရင် အမေရိကန်စီးပွားရေးဟာ အကျပ် အတည်းအောက်မှာ ရောက်နေတာပါ၊ စီးပွားပျက်ပ်ကြီးနောက်ပိုင်း ကျွန်တော်တို့အဆိုးရွားဆုံး ငွေကြေးအကျပ်အတည်းနဲ့ ကျွန်တော်တို့လ ပိုင်းလောက်ပဲ ကြုံခဲ့ရပါတယ်" လို့ ၎င်းကထပ်ပြီးပြောဆိုသွားပါတယ်။


Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment