
CNBC သတင်းဌာနရဲ့ အဆိုအရတော့ ယင်းကုမ္ပဏီကို ၀ယ်ယူဖို့ နည်းပညာကုမ္ပဏီတွေနဲ့ မီဒီယာကုမ္ပဏီကြီးတွေတော်တော်များများ စိတ်ဝင်စားနေကြပြီးတော့ ကုမ္ပဏီတစ်ချို့ဆိုရင် တရားဝင်ကမ်းလှမ်းမှုတွေတောင် ပို့ထားပြီးဖြစ်နိုင်တယ်လို့ သိရပါတယ်။
အလားတူ လက်ရှိအချိန်မှာဆိုရင် အမေရိကန်နာမည်ကြီးနည်းပညာကုမ္ပဏီတွေဖြစ်တဲ့ Google နဲ့ Salesforce တို့က အဖြစ်နိုင်ဆုံးသော ၀ယ်ယူမယ့်သူတွေဖြစ်လာနိုင်တယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။
ယခုလို လုပ်ငန်းရောင်းချဖို့ ဆွေးနွေးနေပြီဆိုတဲ့ သတင်းတွေထွက်ပေါ်ပြီး ခဏအကြာမှာပဲ Twitter ရဲ့ အစုရှယ်ယာပိုင်းမှာ ၂၀ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပြီးတော့ တစ်စုကို ဒေါ်လာ ၂၂ ဒသမ ၄၆ အထိ ရှိခဲ့တယ်လို့ သိရပါတယ်။
Twitter ဟာ ယခင်ကာလတွေကတည်းက လုပ်ငန်းလွှဲပြောင်းရောင်းချဖို့ လုပ်ဆောင်စီစဉ်နေခဲ့တာဖြစ်ပြီးတော့ ယခုအခါမှာတော့ ယင်းရောင်းချမှုဟာ နီးစပ်လာနေပြီဖြစ်တယ်လို့ CNBC သတင်းဌာနက ဖော်ပြပါတယ်။
တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာတော့ Twitter ပူးတွဲတည်ထောင်သူ Ev Williams က ၎င်းတို့အနေနဲ့ လက်ရှိအခြေအနေက ခိုင်မာနေတယ်ဆိုပေမယ့် မှန်ကန်တဲ့ ရွေးချယ်မှုတွေ အတွက်စဉ်းစားသွားမှာဖြစ်တယ်လို့ ဖြေကြားထားခဲ့ပါသေးတယ်။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment