Friday, December 16, 2016

ပြည်တွင်းငွေကြေးဈေးကွက်အတွင်း ဒေါ်လာဈေး တရိပ်ရိပ်မြင့်တက်နေရာမှ အမေရိကန်ဗဟိုဘဏ်၏ငွေတိုးနှုန်းမြှင့်ရန် ကြေညာပြီးနောက်ပိုင်း တစ်ဒေါ် လာလျှင် ကျပ် ၁၄၀၀ကျော်အထိ စံချိန်တင်မြင့်တက်လာ

Image may contain: one or more people and phone
No automatic alt text available.
အမေရိကန် ဗဟိုဘဏ်၏ ငွေတိုးနှုန်းမြှင့်ရန်ကြေ ညာပြီးနောက်ပိုင်းပြည်တွင်းအမေ ရိ ကန်ဒေါ်လာငွေဈေးနှုန်း စံချိန်တင် အဖြစ် တစ်ဒေါ်လာလျှင် မြန်မာငွေ ကျပ် ၁၄၀၀ကျော်သို့မြင့်တက်ခဲ့ရာ ဒေါ်လာဈေးမြင့်တက်မှုနှင့်အတူ ကုန် ဈေးနှုန်းအလွန်အကျွံ မြင့်တက်မှုမရှိ စေရန်အရေးတယူဆောင် ရွက်သင့် ပြီဖြစ်ကြောင်း ပြည်တွင်းစီးပွားရေး
လေ့လာသူများ ၏ သုံးသပ်ပြောကြား ချက်အရ သိရသည်။

ငွေကြေးဈေးကွက်ကျွမ်းကျင် သူ ဦးရဲမင်းဦးက ""အမေရိကန်ဗဟို ဘဏ်က ငွေတိုးနှုန်းမြှင့် မယ်ကြေညာ ပြီးနောက်မှာ တစ်ကမ္ဘာလုံးမှာဒေါ်လာ ဈေးတက်လာပါတယ်။ မြန်မာ မှာလည်း ကျပ် ၁၄၀၀ကျော်သွားပါတယ်။ ထိ ခိုက်မှုကတော့ ကုန်ဈေးနှုန်းလိုက် တက်နိုင်တာပေါ့။ ဒေါ်လာဈေးကို တက်သင့် တာထက် ပိုမတက်ဖို့နဲ့ ဈေး ကွက် ထဲမှာ ဈေးကစားတဲ့သူတွေ ထင်တိုင်းမလုပ်နိုင်ဖို့ အစီအမံတွေလုပ် သင့် ပါတယ်။ ကုန်ဈေးနှုန်းအလွန်အ ကျွံတက်မလာစေဖို့ကိုလည်း အရေး တယူစဉ်း စားဆောင်ရွက်ပေး သင့်ပါ တယ်""ဟု ဒီဇင်ဘာ ၁၅ရက်က ဒီမို ကရေစီတူဒေးသို့ ပြောသည်။

လက်ရှိအစိုးရလက်ထက် ဧပြီ လအစောပိုင်းတွင် အမေရိကန်ဒေါ် လာဈေးနှုန်းမှာ အနည်းငယ်ကျဆင်း ခဲ့သော်လည်း ဇွန်၊ ဇူလိုင်လများမှ စတင်ကာ အမေရိကန်တစ်ဒေါ်လာ လျှင် မြန်မာငွေကျပ်၁၂၀၀ ၀န်းကျင် မှစတင်မြင့်တက်ခဲ့ရာ နိုဝင်ဘာလ တွင် ကျပ်၁၃၀၀ ကျော်ရောက်ရှိခဲ့ရာ မှ ဒီဇင်ဘာ၁၅ရက်တွင် တစ်ဒေါ်လာ လျှင် ကျပ်၁၄၀၀ကျော်သို့ ပြည်ပငွေ
ကြေးဈေးကွက်အတွင်း ဆက်လက်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ကုန်သည် စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက် တာမောင်မောင်လေး က ""ပြည်တွင်း ဒေါ်လာဈေး ဘာကြောင့်အဲလောက် အထိတက် သွားသလဲဆိုတော့ နဂိုက တည်းက ပြည်တွင်းငွေကြေးတန်ဖိုး တည်ငြိမ်မှုမရှိတာရယ်။ အဓိကထိန်း ညှိပေးရမယ့် ဗဟိုဘဏ်ကလည်းအား နည်းနေတာကြောင့်ပါ။ ပြည်တွင်း အ ခြေအနေကလည်း အမေရိကန်နိုင်ငံ ရဲ့ ဆန်ရှင်ဖြေလျှော့ပြီး ဂျီအက်ပီအခွင့် အရေးပေးထားတဲ့အခြေအနေမှာ တောင် Export ကိုတက်အောင် မလုပ် နိုင်သေးဘူး။ Export ကျနေပြီး Import များနေတယ်။ ကုန်သွယ်မှုပိုင်း မှာလည်း နယ်စပ်မှာ မအေးချမ်း တာ ကြောင့် မူဆယ်နယ်စပ်လို တရုတ်နဲ့ အဓိကကုန်သွယ်တဲ့ နယ်စပ်စခန်းတွေ ခဏရပ်သွားတယ်။

အိန္ဒိယမှာငွေစက္ကူ ရုပ်သိမ်းတာတွေကြောင့် အိန္ဒိယနဲ့ ကုန်သွယ်ရေးက လည်း အ နည်း နဲ့အ များတော့ထိခိုက်သွားမယ်။ ကုန်သွယ် ရေးပိုင်းက ၀င်ငွေတွေကလည်း ၀င် သင့်သလောက်မ၀င်တော့ဘူး။ ဒေါ် လာဈေး တည်ငြိမ်ဖို့အတွက် အစိုး ရ ဌာနတစ် ခုစီက သူနည်းသူဟန်နဲ့ဖြေ ရှင်းနေတာမျိုးတာထက်စာရင် အား လုံးပူးပေါင်းပြီး ဆောင်ရွက်ရမှာပါ။ ပြည်တွင်းမှာထုတ်ကုန်တွေ ကို ပိုပြီးထုတ် နိုင်အောင် အစိုးရဌာနတွေရဲ့ ကြိုးနီ စနစ်တွေကိုဖြေလျှော့ပြီး လွယ်ကူ အ ဆင်ပြေအောင်လုပ်ပေးရမှာပါ။
အဲဒါ မှ အိတ်စ်ပို့လုပ်ငန်းတွေလည်း ပိုပြီး တိုးတက်လာမှာပါ""ဟု ဒီမိုကရေစီ တူဒေး သို့ ပြော သည်။
ဒီဇင်ဘာ၁၅ရက်က မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်း သည် အမေရိ ကန်တစ်ဒေါ်လာလျှင် ကျပ်၁၃၅၀သို့ရောက်ရှိနေပြီးပုဂ္ဂလိ ကဘဏ်အချို့တွင် အမေရိ ကန်တစ် ဒေါ်လာလျှင် ၀ယ်ဈေး ကျပ်၁၃၆၀၊ ရောင်းဈေး ကျပ် ၁၃၆၁ ၀န်းကျင်ဖြစ် နေပြီး ပြင် ပဈေးကွက်တွင် အမေရိ ကန်တစ်ဒေါ်လာလျှင် ၀ယ်ဈေး ကျပ် ၁၄၀၀၊ ရောင်းဈေး ကျပ် ၁၄၀၉ ၀န်း ကျင်ဖြင့် အရောင်းအ၀ယ်ပြုလုပ် လျက်ရှိကြောင်း သိရသည်။

စီးပွားရေးပညာရှင် ဦးလှမောင် က ""ပြည်တွင်းမှာ ဒေါ်လာဈေးဂယက်ကြောင့် ကုန်ဈေးနှုန်းတွေ တက်မလာ အောင်လုပ်ဖို့ဆိုရင် သက်ဆိုင်ရာတာ ၀န်ရှိသူတွေ က ပြည်သူတွေကို သတင်း ထုတ်ပြန်ပေးဖို့လိုပါတယ်။ အရင် တရုတ် နိုင်ငံရဲ့စီးပွားရေးပြုပင်ပြောင်းလဲမှုကာလတွေမှာလည်းဒီလိုငွေကြေး မတည်မငြိမ်မှုတွေဖြစ်ခဲ့ရင် ၀န်ကြီး ချုပ်၊ဒုတိယ၀န်ကြီးချုပ်တစ်ယောက် ယောက် က ပြည်သူကိုထွက်ပြီးရှင်းပြလိုက်တယ်။အဲဒါဆိုရင်ဒေါ်လာဈေး ကလို အပ်တာထက်ပိုပြီးတက်
တာတွေမရှိတော့ဘူး""ဟုဆို သည်။


Credit To >>> Democracy Today

0 comments:

Post a Comment