Wednesday, December 7, 2016

အမေရိကန်ဆန်ရှင်ပယ်ဖျက်ပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုငွေ ပိုဝင်လာနိုင်ဟုဆို

အမေရိကန်စီးပွားရေး ပိတ်ဆို့မှု ပယ်ဖျက်လိုက်ခြင်း ကြောင့် ပြည်တွင်းသို့ ၀င်ရောက် လာမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွင် လုပ်ငန်းသုံးပစ္စည်းများထက် ရင်းနှီးမြှုပ်နှံမှုငွေကြေး ပိုမိုဝင် ရောက်လာနိုင်သည်ဟု မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အ တွင်းရေးမှူး ဦးအောင်နိုင်ဦးက ရန်ကုန်မြို့ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရုံးချုပ် တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။
အမေရိကန်စီးပွားရေးပိတ် ဆို့မှုကြောင့် ပြည်တွင်းဘဏ်များ က နိုင်ငံတကာဘဏ်များသို့ ငွေ လွှဲရန် အခက်အခဲရှိသဖြင့် မြန်မာ နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ် နှံသည့် နိုင်ငံခြားသားစီးပွားရေး လုပ်ငန်းရှင်များသည် ငွေကြေး ထက်လုပ်ငန်းသုံးစက်ကိရိယာ များကိုသာ အများဆုံးတင်သွင်းခဲ့ ကြသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူများသည် ရင်းနှီးမြှုပ်နှံမှုပမာ ဏ၏ ၆၀ ရာခိုင်နှုန်းကို လုပ်ငန်း သုံးစက်ကိရိယာများတင်သွင်းပြီး မြေငှားရမ်းခြင်းနှင့်အလုပ်သမား များအတွက် လခပေးရန် ကျန် ၄၀ ရာခိုင်နှုန်းကိုငွေကြေးအဖြစ် ယူဆောင်လာလေ့ရှိသည်ဟုဆို သည်။

အသစ်ပြဋ္ဌာန်းမည့်မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ လက် ရှိအသုံးပြုနေသည့် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု ဥပဒေတို့တွင်လည်း နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ပြည်တွင်း၌ လာရောက်လုပ်ကိုင် ရာတွင် ငွေကြေးသီးသန့်သာခွင့် ပြုရမည်ဟု မပါရှိကြောင်း နိုင်ငံ တကာရင်းနှီးမြှုပ်နှံမှု သဘောတူ ညီမှုများတွင်လည်း ရင်းနှီးမြှုပ်နှံ သူကို လွတ်လပ်စွာလုပ်ကိုင်ခွင့်ပြု ရမည်ဟု သဘောတူထားရ ကြောင်း ဦးအောင်နိုင်ဦးကရှင်းပြ သည်။မြန်မာနိုင်ငံသို့ ၀င်ရောက် လာသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များတွင် ငွေကြေးထက်ရင်းနှီး မြှုပ်နှံမှု စက်ပစ္စည်းများသာ အ များဆုံးဝင်နေသဖြင့် နိုင်ငံခြားငွေ ဈေးကွက်တည်ငြိမ်ရေးအတွက် လိုအပ်ချက်ဖြစ်နေရသည်ဟု စီး ပွားရေးလုပ်ငန်းရှင်အချို့က ဝေ ဖန်နေသည်။

အစိုးရသစ်လက်ထက် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု အ၀င်သည် မူ လခန့်မှန်းထားသည့်ပမာဏကို ပြည့်မီစေရန် မလွယ်ကူနိုင် ကြောင်း၊ ယခုနှစ်ပြည်ပရင်းနှီး မြှုပ်နှံမှုကို အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံရှိမည်ဟု ခန့်မှန်း ထားသော်လည်း ကိုးလနီးပါး ရောက်ရှိချိန်တွင် အသစ်ခွင့်ပြု ပေးရသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှု အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံကျော်ရှိပြီး ယခင်ရင်း နှီးမြှုပ်နှံထားသည့် လုပ်ငန်းများမှ ထပ်မံတိုးမြှင့်သည့် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံရှိရာ စုစုပေါင်းရင်းနှီးမြှုပ် နှံမှုပမာဏမှာ အမေရိကန်ဒေါ် လာ ၃ ဒသမ ၄ ဘီလီယံရှိကြောင်း သိရသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment