Wednesday, December 7, 2016

ရတနာနဲ့ ဧရာဝဏ်အိမ်ရာ ဝယ်လိုအားနည်းတာကြောင့် စီမံကိန်းရပ်တန့်နေ

ရတနာနဲ့ ဧရာဝဏ်အိမ်ရာ ဝယ်လိုအားနည်းတာကြောင့် စီမံကိန်းရပ်တန့်နေ - Property News in Myanmar from iMyanmarHouse.com
ဒဂုံဆိပ်ကမ်းမြို့နယ်က မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ပူးပေါင်းတည်ဆောက်တဲ့ ရတနာနဲ့ဧရာဝဏ်အိမ်ရာစီမံကိန်းဟာ ဝယ်ယူမယ့်သူနည်းတာကြောင့် စီမံကိန်း တည်ဆောက်တာ ရပ်တန့်နေတာဖြစ်တယ်လို့ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။

ရတနာနဲ့ ဧရာဝဏ်အိမ်ရာစီမံကိန်က ငွေကြေးအခက်အခဲရှိနေလို့ဆောက်လုပ်ရေး ရပ်ဆိုင်းနေပြီး သည်စီမံကိန်းတည်ဆောက်ရေးအတွက် အစိုးရကိုပြန်လည်စဉ်းစားပေးဖို့ မြန်မာနိုင်ငံဆောက် လုပ်ရေးလုပ်ငန်းရှင်များအသင်း (MCEA) ဥက္ကဋ္ဌ ဦးသာဌေးက တင်ပြခဲ့တာဖြစ်ပါတယ်။
ဒုတိယသမ္မတ ဦးမြင့်ဆွေက ဒဂုံဆိပ်ကမ်းမှာ တည်ဆောက်နေတဲ့ ၁၈ ထပ် ၄၉ လုံးက ဆောက်လုပ်ရေးဝန်ကြီးဌာနကနေဆောက်ခဲ့တာပါ၊ တကယ်ရောင်းချမယ့် ဈေးနှုန်းကျ တော့ တစ်ပေပတ်လည်ကို ကျပ်တစ်သိန်း၊ စတုရန်းပေ ၅၉၉ ဆိုတော့ ၅၉၉ သိန်း။ သိန်း ၆၀ဝ ဆိုတော့ ပုဂ္ဂလိကနဲ့ joint လုပ်တာက ကိုက်သလား မကိုက်သလားဆိုတာ ကျွန်တော်ထင်တယ်၊ပြန်စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

သည်ရတနာနဲ့ဧရာဝဏ်စီမံကိန်းက စီမံကိန်းရေးဆွဲစဉ်က တစ်ခန်းကိုကျပ်သိန်း ၂၀ဝ ဝန်းကျင်ခန့်နဲ့ရောင်းချမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး စတင်ရောင်းချတဲ့အချိန်မှာ အခန်းတွေကို ကျပ်သိန်း ၆၀ဝ နဲ့ ကျပ်သိန်း ၁၂၀ဝ ဈေးနှုန်းသတ်မှတ်ရောင်းချတာ ကြောင့်ဝေဖန်မှုတွေများခဲ့တဲ့ အိမ်ရာစီမံကိန်းဖြစ်ပါတယ်။
Credit To >>> iMyanmar House

0 comments:

Post a Comment