Tuesday, October 1, 2013

ပရီးမီးယားလိဂ် ပွဲစဉ်(၆)က အသင်းကြီးများ အခြေအနေကို ခံစားကြည့်ခြင်း


Photo: ပရီးမီးယားလိဂ် ပွဲစဉ်(၆)က အသင်းကြီးများ အခြေအနေကို ခံစားကြည့်ခြင်း
Tuesday, October 1, 2013

ပရီးမီးယားလိဂ် ပွဲစဉ်(၆)မှာ ကစားသွားခဲ့တဲ့ အသင်းကြီးများရဲ့ အခြေအနေကို စာရေးသူ မြင်သလောက် သုံးသပ်တင်ပြချင်ပါတယ်။ အသင်းကြီးတွေရဲ့ အားနည်းချက် အားသာချက်တွေကို ကောက်နုတ်တင်ပြခြင်းလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ စာရေးသူ အနေနဲ့ ဥာဏ်မီ သလောက်ကို ထုတ်နုတ် ချပြခြင်း သက်သက် ဖြစ်ပါတယ်။ စာရေးသူထက် မြင်တတ်တဲ့ စာဖတ်သူတွေ ဒုနဲ့ဒေးပါ။ စာဖတ်သူများနဲ့ ဆွေးနွေးခြင်းလို့ ပြောရင်လည်း ရပါတယ်။ တင်ပြချက်တွေကိုလည်း စာဖတ်သူများ အနေနဲ့ စာရေးသူနဲ့ အမြင် တူမတူ၊ စာဖတ်သူတို့ရဲ့ အမြင်လေးကိုလည်း မှတ်ချက်လေးနဲ့ ဆွေးနွေးပေးစေ ချင်ပါတယ်။


စပါး ၁-၁ ချဲလ်ဆီး
ပထမဦးဆုံး အနေနဲ့ ပရီးမီးယားလိဂ်ရဲ့ အစောဆုံးပွဲ လန်ဒန် ဒါဘီ စပါးနဲ့ ချဲလ်ဆီး ပွဲစဉ်ကို သုံးသပ် တင်ပြသွားပ့ါမယ်။ စပါးနဲ့ ချဲလ်ဆီးတို့ဟာ လန်ဒန် ဒါဘီ ဖြစ်တာနဲ့ အညီ ကိုယ်စီ နည်းပြ နှစ်ဦးကလဲ ပွဲမစခင်မှာ တစ်ယောက်နဲ့ တစ်ယောက် ဆရာ၊ တပည့် သံယောဇဉ်ကို မငဲ့ပဲ ခပ်ပြင်းပြင်း ထိုးနှက် ခဲ့ကြတယ်။ အင်္ဂလန်လိဂ်ရဲ့ အစဉ်အလာ အရ Mind Game ဆင်နွဲ ခဲ့ကြတယ်။ ဒါဘီ ဆိုတဲ့ နာမည်နဲ့ ကိုက်ညီအောင် ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ၀ှိုက်ဟတ်လိန်းမှာ မော်ရင်ညိုဟာ အိမ်ရှင်ကို ၄-၅-၁ နဲ့ ရင်ဆိုင် သွားခဲ့ပါတယ်။ စပါး အသင်းကလည်း ဧည့်သည် ချဲလ်ဆီးကို ၄-၅-၁ ကစားကွက်နဲ့ပဲ ရင်ဆိုင်ခဲ့ ပါတယ်။ ဒီပွဲစဉ်ရဲ့ ပထမပိုင်းဟာ စပါးရဲ့ ပွဲလို့ ပြောလိုက်ရင် စာဖတ်သူတို့ လက်ခံမယ်လို့ မျှော်လင့်ပါတယ်။ စပါးဟာ ချဲလ်ဆီးကို အဖက်ဖက်က အသာစီးနဲ့ ကစားသွားခဲ့တာပါ။ ဒီနေရာမှာ အသင်းကြီးရဲ့ အားနည်းချက် အားသာချက်ကိုပဲ တင်ပြ ပါရစေ။ ချဲလ်ဆီး နောက်တန်းမှာ လူးဝစ်ဇ်ဟာ အတော်လေး ရှေ့ကို ကျွံနေခဲ့ ပါတယ်။ ဗဟို ခံစစ်သမား တစ်ယောက်လို ကစားသွားခြင်းမျိုး မဟုတ်ပဲ၊ Box-to-box ကစားသမား တစ်ယောက်လို ကစားသွားခဲ့တယ်။ အဲ့ဒီအချိန်မှာ တိုက်စစ်အားသန်တဲ့ စပါး ကွင်းလယ် အချိန်အဆက် မိနေတော့ ချဲလ်ဆီး နောက်တန်း အတော်လေး ဒုက္ခ တွေ့သွားခဲ့တယ်။ အဖျက် အနေနဲ့ ကစားတဲ့ မီခေးလ်ဟာလည်း ဒမ်ဘီလီကို မထိန်း နိုင်ခဲ့ဘူး။ တကယ်တမ်း လူးဝစ်ဇ်ကျွံသွားတဲ့ အချိန် မီးခေးလ်ဟာ ကွက်လပ်ကို ၀င်မဖြည့် နိုင်ခဲ့ပါဘူး။ မီခေးလ် ကစားတဲ့ သက်တမ်း တစ်လျှောက် နောက်ခံလူ နေရာကို ၀င်ဖြည့်ပေးတဲ့ နေရာမှာ အတော်လေး အားနည်းပါတယ်။ ပြီးတော့ စပါးရဲ့ လူငယ် ခြေတက်တွေနဲ့ စုစည်းထားတဲ့ ကွင်းလယ်ကို ရင်ဆိုင်တဲ့ အခါ လမ်းပတ်နဲ့ မီခေးလ်တို့လို လျင်မြန်မှု အားနည်းတဲ့ ကစားသမားတွေကို သုံးသွားတာလည်း စပါးကို အသာရသွား စေတဲ့ အချက်လို့ မြင်မိတယ်။

 

စပါးက ရသွားတဲ့ ဦးဆောင်ဂိုးကို ပြန်သုံးသပ် ကြည့်လိုက်ပါ။ မီခေးလ်ဟာ ဒမ်ဘီလီကို ရင်ဆိုင်တာ အဖျက်ကစားသမား တစ်ယောက် မပီသ ခဲ့ပါဘူး။ ဒမ်ဘီလီဟာ တောင်ပံထွက်ပေးတဲ့ အဲရစ်ဆင်ဆီကို ဘောလုံး ခင်းပေးလိုက်တယ်။ အဲရစ်ဆင်ဟာ လမ်းပတ်ရဲ့ ဧရိယာထဲကနေ Opening ဖွင့်ပြီး ဘောလုံး ယူသွားတာပါ။ လမ်းပတ်အနေနဲ့ အသည်းအသန် လိုက်ဖျက်ခဲ့တာမျိုး မလုပ်ခဲ့ပါဘူး။ အဲရစ်ဆင်ဟာ (၁၈)ကိုက်နားက ဆိုလ်ဒါဒိုဆီ ခင်းပေးလိုက်တယ်။ ဆိုလ်ဒါဒိုတာဝန်ယူနေတဲ့ တယ်ရီဟာ တယ်ရီရဲ့ ကစားပုံမျိုး မဟုတ်ခဲ့ပါဘူး။ အဲရစ်ဆင်ဆီက ထွက်လာတဲ့ ဘောလုံးကို ဆိုလ်ဒါဒိုက ပြေးလာတဲ့ စီဂတ်ဆန် လမ်းကြောင်းထဲကို ထည့်ပေးလိုက်တယ်။ စီဂူဆန်နောက်ကနေ တစ်လှမ်းချင်း ပြေးလာတာ လူးဝစ်ဇ်ပါ။ ဆိုလ်ဒါဒိုကို တာဝန်ယူထားတဲ့ တယ်ရီ စီဂတ်ဆန်ကို ဟန့်တားခဲ့ပေမယ့် အထမမြောက်ခဲ့ပဲ ဂိုးပေး လိုက်ရတယ်။ Last defender အနေနဲ့ ဘောလုံးရှင်းထုတ်တဲ့ နေရာမှာ ပိုင်နိုင်လွန်းတဲ့ ကာဟေးလ်သာ ရှိခဲ့မယ်ဆိုရင် ရလာဒ် တစ်မျိုး တစ်ဖုံ ပြောင်းသွားနိုင်တယ်။ ပထမပိုင်းမှာ ချဲလ်ဆီးဟာ စပါးရဲ့ ဖိအား အောက်ကနေပဲ ကစားနိုင်ခဲ့တယ်။


ဒုတိယပိုင်းမှာတော့ မော်ရင်ညိုဟာ မီခေးလ်ကို ထုတ်ပြီး မာတာကိုထည့် ကစားခဲ့တယ်။ နာမည်ကြီးခဲ့တဲ့ မာဇက်ကာ အတွဲကို ပြန်ဖွဲ့ပေးလိုက်တဲ့ မော်ရင်ညိုတဲ့ ဆုံးဖြတ်ချက် မှန်ကန် ခဲ့ပါတယ်။ လန်ဒန်ဒါဘီရဲ့ ဒုတိယပိုင်းဟာ ချဲလ်ဆီးပွဲလို့ ပြောလို့ ရပါတယ်။ မာတာ ၀င်လာတဲ့ ချဲလ်ဆီးရဲ့ တိုက်စစ်ဟာ စပါးနောက်တန်းကို အလုပ်များ စေခဲ့ပါတယ်။  မာတာဟာ အရင်နှစ်တွေ ကလို မဟုတ်တော့ပဲ ခံစစ်အထိကို လိုက်ပါ ကစားပေးခဲ့ပါတယ်။ ချဲလ်ဆီးအသင်းက ရလိုက်တဲ့ ချေပဂိုးဟာလည်း မာတာရဲ့ ကောင်းမွန်လှတဲ့ ပြစ်ဒဏ်ဘော ကန်ချက် ကနေပဲ တယ်ရီခေါင်းတိုက် သွင်းပေးခဲ့တာပါ။ ဒီပွဲစဉ်ကို ကြည့်ခြင်းအားဖြင့် မော်ရင်ညို အနေနဲ့ တစ်ခြား ကစားသမားတွေကို ပွဲထွက် စာရင်းကနေ ချန်ချင် ချန်လို့ ရပါတယ်။ ဒါပေမယ့် မာဇက်ကာ ဆိုတဲ့ အတွဲကို ဖြုတ်ရင် နိုင်ပွဲအတွက် အခက်ကြုံနေရအုံးမှာပဲလို့ စာရေးသူ မြင်မိတယ်။ ပြီးတော့ တိုက်စစ်ပိုင်းမှာလည်း တောရက်စ်ဟာ ဒီပွဲမှာ အတော်လေး ကစားပုံ ကောင်းခဲ့တယ်။ တိုက်စစ်မှုးတွေ အတွက် ဖန်တီးမှု အားနည်းတတ်တဲ့ ချဲလ်ဆီး ကွင်းလယ်ကိုပါ ဆင်းကူပြီး၊ နောက်အထိကို ကိုယ်တိုင် ကိုယ်ကျ ဘောလုံး ဆင်းယူပေးခဲ့တဲ့ တောရက်စ်ရဲ့ ကစားပုံကတော့ ချဲလ်ဆီး အတွက် အားရစရာပါပဲ။ အီတိုးဦးဆောင်တဲ့ တိုက်စစ်ထက် ပြိုင်ဘက်ကို အခက်တွေ့စေတယ်လို့ မြင်မိပါတယ်။ ချဲလ်ဆီးအသင်းရဲ့ အခြေအနေမှန်ကို မော်ရင်ညိုကသာ အသိဆုံး ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ချန်ပီယံ လမ်းကြောင်း အတွက် တိုက်ပွဲဝင်မယ့် အသင်းအနေနဲ့ ဂိုးတစ်ဂိုးရဖို့ ဒီလောက်ထိ ရုန်းကန်နေရတာဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ ပွဲစဉ်(၆)ပြီးတဲ့အထိ တိုက်စစ်မှုးတွေ ဂိုးတစ်ဂိုးမှ မရသေးတဲ့ အခြေအနေကိုလည်း အချိန်မီ ပြင်ဆင်ဖို့ လိုအပ်နေပါတယ်။ အချိန်မီသာ ပြင်ဆင်နိုင်ခဲ့ရင် ချန်ပီယံ ဆုဖလား ဒါမှမဟုတ် ချန်ပီယံလိဂ်ဝင်ခွင့်က ချဲလ်ဆီးအတွက် မခက်ခဲလောက်ပါဘူး။


မန်ယူနိုက်တက် ၁-၂ ၀က်စ်ဘရွန်း
အားလုံးကို အံ့သြသင့်စေတဲ့ ပွဲတစ်ပွဲပါပဲ။ ဒီပွဲကို ကြည့်မယ်ဆိုရင် ယူနိုက်တက် အနေနဲ့ မိုယက်စ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် အမှတ်တွေ ဆုံးရှုံးခဲ့ရတဲ့ ပွဲလို့ ပြောရပါမယ်။ ဒါပေမယ့်လည်း ၀က်စ်ဘရွန်းရဲ့ ကစားပုံ အတော်လေး ကောင်းမွန်ခဲ့တာလဲ ပါ ပါတယ်။ ပထမပိုင်း ၀-၀ နဲ့ပဲ အဆုံးသတ်ခဲ့သလို၊ အိမ်ရှင် ယူနိုက်တက် ကအခွင့်အရေးတွေ ရခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ နောက်တန်းမှာ ကြည့်မယ်ဆိုရင် အီဗရာကို အနားပေးပြီး ဘတ်နာကို သုံးခဲ့တဲ့ အချက်တစ်ချက်၊ ဖာဒီနန်နဲ့ အီဗန်ကို တွဲခဲ့တဲ့ အချက် တစ်ချက်က ယူနိုက်တက်ကို အားနည်းစေခဲ့တယ်လို့ ထင်ပါတယ်။ ညာနောက်ခံလူ နေရာမှာ ဂျုန်းဟာ ရာဖေးလ်လို တိုက်စစ်ကို မပါပေမယ့် ခံစစ် ကစားပုံ လုံခြုံ ခဲ့ပါတယ်။ ဖာဒီနန်နဲ့ ဂျုန်းဖက် အခြမ်းက အဆင်ပြေမယ့်၊ ရှေ့ကျွံသွားတဲ့ ဘတ်နာဘက်ခြမ်းကို အီဗန်နဲ့ တွဲပေးတာ ဆက်စီညွှန် အတွက် ပိုပြီး လှုပ်ရှားလို့ ကောင်းစေခဲ့ပါတယ်။ ရှေ့ကျွံသွားတဲ့ ဘတ်နာ နေရာကို အီဗန် ဖြည့်ပေးခဲ့ပေမယ့်၊ ဗဟိုမှာ အသက်အရွယ် အရ လေးလာတဲ့ ဖာဒီနန် တစ်ယောက်တည်း သိပ်အဆင်မပြေ ခဲ့ပါဘူး။ အကောင်းဆုံး ကွင်းလယ် တိုက်စစ် ကစားသမားတွေထဲက တစ်ယောက် အပါအ၀င် ဖြစ်တဲ့ ကာဂါဝါကို ဘယ်တောင်ပံ ထုတ်တဲ့ မိုယက်စ်ရဲ့ ဆုံးဖြတ်ချက်က မေးခွန်းထုတ် စရာပါပဲ။ ကာဂါဝါဟာ ဘယ်တောင်ပံ နေရာမှာ ကစားပေမယ့် ကစားရှိန် မြှင့်လာတာနဲ့ အမျှ သူကစားနေကြ ဖြစ်တဲ့ ကွင်းလယ်တိုက်စစ် နေရာထဲကိုပဲ ရောက်ရောက် သွားတယ်။ တိုက်စစ်ကို လိုက်လာတဲ့ ဘတ်နာ အနေနဲ့ ကာဂါဝါ အလယ်ထဲ ရောက်သွားတော့ တောင်ပံမှာ တွဲလို့ မရပဲ ဖြစ်သွားပြီးတော့ တောင်ပံ အသားပေး ကစားတတ်တဲ့ ယူနိုက်တက်ရဲ့ တောင်ပံတစ်ဖက် သေနေခဲ့တယ်။

 

အန်ဒါဆင်၊ ကာရစ်တို့ရဲ့ ကွင်းလယ် ပိုင်းမှာလည်း အန်ဒါဆင် အပျက်များနေခဲ့တယ်။ တိုက်စစ်ကို ပံ့ပိုးမှုတွေ မလုပ်နိုင်ခဲ့ဘူး။ ပထမပိုင်း (၀-၀)နဲ့ အဆုံးသတ် သွားတယ်။ ဒုတိယပိုင်းမှာ မိုယက်စ်ဟာ ကာဂါဝါကို ထုတ်ပြီး ဂျန်နုဇ်ကို ထည့်ကစားခဲ့တယ်။ (၁-၂)ရလာဒ်ရဲ့ အဓိက အချက်လို့ ပြောရမယ်။ ၀က်စ်ဘရွန်းလို တွန်းတွန်းတိုက်တိုက်နဲ့ အမြန်နှုန်းမြှင့် ကစားတဲ့ အသင်းကို အတွေ့အကြုံနုပြီး ကိုယ်ကာယပိုင်း အားနည်းတဲ့ ဂျန်နုဇ်ကို ထည့်လိုက်တဲ့ အချိန်မှာ ယူနိုက်တက်ရဲ့ ကစားအားဟာ သိသိသာသာ ကျသွားတယ်။ ဒီနေရာမှာ အန်ဒါဆင်ကို ထုတ်၊ ကာဂါဝါကို အလယ်ထဲထည့်ပြီး နာနီကို ဘယ်တောင်ပံပို့၊ ဗလန်စီယာကို ညာတောင်ပံမှာ ထည့်လိုက်မယ် ဆိုရင်ကော? ဒါမှ မဟုတ်လဲ ကာဂါဝါ အစား ဗလန်စီယာကိုထည့်မယ် ဆိုရင်ကော? ဒါမှ မဟုတ် အန်ဒါဆင် နေရာမှာပဲ ဖယ်လ်လိုင်နီကို ထည့်မယ်ဆိုရင်ကော? မိုယက်စ်ရဲ့ ဆုံးဖြတ်ချက်ကို ဘောလုံးကျွမ်းကျင်သူတွေက အတော်လေး မေးခွန်း ထုတ်ခဲ့ကြတယ်။ အိုးထရက်ဖို့ဒ်ရဲ့ (၁-၂) ရလာဒ် အဆုံးအဖြတ်က မိုယက်စ်ရဲ့ လူစားလဲမှုလို့ပဲ စာရေးသူ မြင်မိတယ်။ တာထွက်နှေးလေ့ ရှိတဲ့ မန်ယူနိုက်တက်ဟာ အစဉ်အလာတိုင်း လျှောက်လှမ်းနေဆဲ ပါပဲ။ အချိန်မီ ပြင်ဆင်နိုင်ရင်တော့ ယခင့် ယခင် ရာသီတွေလိုပဲ ချန်ပီယံလမ်းကြောင်းမှာ မြင်တွေ့ရမှာပါ။ ဒါပေမယ့် အချိန်မီ ပြင်ဆင်နိုင်ခြင်း မရှိရင်တော့ ချန်ပီယံလိဂ် ၀င်ခွင့်အတွက်ကို ရုန်းကန်သွားရ နိုင်ပါတယ်။


ဆွမ်ဆီး ၁-၂ အာဆင်နယ်
ဧည့်သည်ဆိုပေမယ့် ပထမပိုင်း အာဆင်နယ်ရဲ့ ကစားပုံ အတော်လေး ကောင်းမွန် ခဲ့ပါတယ်။ ဆွမ်ဆီး ညံ့လားဆိုတော့လည်း အာဆင်နယ် နောက်တန်း အလုပ်ရှုပ်ခဲ့ပါတယ်။ ကစားပုံတူတဲ့ ဒီနှစ်သင်းရဲ့ ရင်ဆိုင်မှုကတော့ ပရိတ်သတ်အတွက် ပရီးမီးယားလိဂ်မှာ ရခဲတဲ့ ရသ တစ်မျိုးပါပဲ။ တစ်ချက်ထိ ကစားကွက် အသားပေးတဲ့ အသင်း ပရီးမီးယားလိဂ်မှာ သိပ်များများ စားစား မရှိပါဘူး။ သူတင်ကိုယ်တင် ကစားသွားတာ အတော်လေး ကြည့်ကောင်း ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အာဆင်နယ် အတွက် တောက်လျှောက် ခြေစွမ်းပြ နေတဲ့ ရမ်ဆေးရဲ့ ဘောလုံး ကျွမ်းကျင်မှု၊ မြင်တတ်မှုတို့ကြောင့်ပဲ ညာတောင်ပံက ဆာဂျီ လွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့် ရခဲ့တာပါ။ ကန်သွားတာလည်း တော်တော်လေး ကောင်းမွန် ခဲ့ပါတယ်။ ဦးဆောင်ဂိုး ရသွားတဲ့နောက်မှာ ဆွမ်ဆီးက ပိုဖိလာတယ်။ တန်ပြန်တိုက်စစ် ကနေပဲ ရမ်ဆေး လှလှပပ ကန်သွင်းသွားတယ်။ (၂)ဂိုး ရလိုက်ပြီချိန်မှာတော့ ဆွမ်ဆီးက ပိုပိုပြီးတောင် ဖိလာတယ်။ အာဆင်နယ် ခံစစ်နဲ့ တုန့်ပြန်နေခဲ့တယ်။ ဒီနေရာ အာဆင်နယ်ရဲ့ ကွင်းလယ်ပိုင်းမှာ ရမ်ဆေး၊ အိုဇေးလ်၊ ၀ီလ်ရှီးယား အတွဲညီ ခဲ့သလို၊ ရမ်ဆေးကလည်း ဖလာမီနီရှိနေတော့ တိုက်စစ်ကို စိတ်ကြိုက် လိုက်ပါခွင့် ရခဲ့တယ်။ အာဆင်နယ် ကစားပုံ ကောင်းမွန်ခဲ့ပေမယ့်၊ တိုက်စစ်ပိုင်းမှာ ဂျီရူး အဆုံးသတ်ပိုင်း လိုအပ်ချက်တွေ ရှိနေတယ်။ အပိုင်ကန်ခွင့်တွေ ရခဲ့ပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပါဘူး။

 

ဒီနေရာမှာ စံချိန်တင် ပြောင်းရွေ့ကြေးနဲ့ ခေါ်ထားတဲ့ အိုဇေးလ်ဟာ အာဆင်နယ် အတွက် ကစားပြီးသလောက်မှာ အကောင်းဆုံး စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကာဇိုလာ ရောက်စက အိုဇေးလ်ထက်ပိုပြီး စွမ်းဆောင်ရည် ကောင်းခဲ့ပါတယ်။ အိုဇေးလ်ဟာ ရီးရဲလ်မှာ ကစားခဲ့စဉ်တုန်းက မိနစ် (၆၀)နောက်ပိုင်း လူစားလဲ ခံရတာ များပါတယ်။ မိနစ် (၆၀)ပိုင်းမှာ သိသိသာသာကြီးကို သက်လုံကျလာတယ်။ အာဆင်နယ် ရောက်မှ မဟုတ်ပါဘူး။ ၀ါဒါဘရီမင်၊ ရီးရဲလ် ကစား ကတည်းကပါ။ ပရီးမီးယားလိဂ်လို မြန်နှုန်းမြှင့်နဲ့ တွန်းတွန်းတိုက်တိုက် ကစားတဲ့ နေရာမျိုးက အိုဇေးလ်အတွက် အခက်တွေ့နေ ဆဲပါပဲ။ ဖန်တီးမှု အားကောင်းတဲ့ အိုဇေးလ် အနေနဲ့ အာဆင်နယ်မှာ ရီးရဲလ်တုန်းကလို သာမန်ပွဲချိန်တွင်း အပေးအယူကနေ ဂိုးဖန်တီးမှု ပြုလုပ်ပေးထားတာ မရှိသေးပါဘူး။ ဒါပေမယ့် Team work ကိုကြည့်မယ်ဆိုရင် အသင်းကြီးတွေထဲမှာ အာဆင်နယ် အသင်းက ခြေအမှန်ဆုံး ဖြစ်နေပါတယ်။ လက်ရှိအချိန်ထိ အမှတ်ပေး ဇယားကို ထိုက်ထိုက်တန်တန်နဲ့ ဦးဆောင် နိုင်နေခြင်း ဖြစ်ပါတယ်။ အာဆင်နယ် အနေနဲ့ လက်ရှိခြေစွမ်းကို ထိန်းထားပြီး၊ ဇန်န၀ါရီမှာ High Profile အထောင်တိုက်စစ်မှုး တစ်ဦးလောက် ၀ယ်နိုင်ခဲ့ရင် ရာသီကုန်ရင် ချန်ပီယံ ဒါမှမဟုတ် ၁-၃ မလွဲမသွေပါပဲ။

ဆန်းဒါးလန်း ၁-၃ လီဗာပူးလ်
ပွဲကောင်းတစ်ပွဲပါပဲ။ လီဗာပူးလ် (၁-၃)နဲ့ နိုင်ခဲ့တယ် ဆိုပေမယ့် ဂိုးရဖို့ အတော်လေးကို ရုန်းကန် ခဲ့ရပါတယ်။ နည်းပြသစ်နဲ့ အမှတ်တွေ ပြန်ယူဖို့ ဆန်းဒါးလန်း ကစားသမားတွေ တော်တော်လေး အားတက် နေတဲ့ အနေအထားမှာ ရှိနေတယ်။ ကစားပုံကလည်း တော်တော်လေး ကောင်းခဲ့တယ်။ အထူးသဖြင့် အီတလီသား ဂီယာချီရီနီကို လီဗာပူးလ် နောက်တန်းက တော်တော်လေး ထိန်းလိုက်ရတယ်။ လီဗာပူးလ် အသင်း ခံစစ်ပိုင်းကို ကြည့်မယ်ဆိုရင် လုံလောက်တဲ့ နောက်ခံလူ အင်အားကို ပိုင်ဆိုင် ထားတယ်။ ဂလင်းဂျွန်ဆင် နာနေလို့ ညာနောက်ခံလူ နေရာမှာ Full back စစ်စစ်ကို မသုံးနိုင်ခဲ့ဘူး။ တိုယေးကို သုံးသွားခဲ့တယ်။ ဗဟိုခံစစ် ကစားသမား တိုယေးကို သုံးလိုက်တော့ လီဗာပူးလ် နောက်တန်းဟာ အထိုင် (၃)ယောက် ဖြစ်သွားတယ်။ ပုံမှန်ကြည့်ရင်တော့ လီဗာပူးလ်ဟာ ၄-၄-၂ ဟန်ပါပဲ။ ဒါပေမယ့် အန်ရီကေးဟာ Full back ဆိုပေမယ့် တောင်ပံ ကစားသမား တစ်ယောက်နေရာကို ကစားသွားတာပါ။ တကယ်တမ်း ကစားသွားတာ ၃-၄-၃ ဟန်ပါ။ မိုးဆက်စ်ဟာ တိုက်စစ်မှာ စတာရစ်၊ ဆွာရက်ဇ်တို့နဲ့ တွဲကစား သွားတာပါ။

 

ကွင်းလယ်ပိုင်း ကြည့်မယ်ဆိုရင်တော့ ကော်တင်ညို မပါနိုင်တဲ့ လီဗာပူးလ် ကွင်းလယ်မှာ အားနည်းချက်တွေ ရှိနေခဲ့ပါတယ်။ ဂျာရတ်ဟာ အသက်အရွယ်အရ နောက်ထိဆင်းပြီးရင် တိုက်စစ်ကို ပြန်မလိုက် နိုင်တော့ပါဘူး။ တိုက်စစ်ပါသွားရင်လည်း ခံစစ်ထဲကို အရင်လို လိုက်ပြီး မကူညီနိုင်တော့ပါဘူး။ ကော်တင်ညို မပါတဲ့ လီဗာပူးလ် ကွင်းလယ်မှာ အလှုပ်သမား မရှိပဲ ဖြစ်နေခဲ့တယ်။ မိုးဆက်စ်လည်း ၀ီဂန်တုန်းက ခြေစွမ်းကို ပြန်မရသေးပါဘူး။ မိုးဆက်စ်ထက် စတားလင်းက ပိုပြီးလှုပ် ကစားနိုင်ခဲ့ပါတယ်။ မိုးဆက်စ်အစား စတားလင်း ၀င်လာတဲ့ အချိန်မှာ ဆန်းဒါးလန်း နောက်ခံလူတွေ ပိုပြီးတော့ အလုပ်ရှုပ်သွားခဲ့ရတယ်။ တိုက်စစ်ပိုင်းကတော့ အရင်က စတာရစ် တစ်ယောက်တည်းကိုပဲ အားကိုး နေရပေမယ့် အခု ဆွာရက်ဇ် ပြန်ပါလာတော့ တကယ့်ကို ကောင်းမွန်တဲ့ တိုက်စစ် ဖြစ်နေပါပြီ။ စတာရစ်ဟာ ချဲလ်ဆီးမှာ ကစားတုန်းကလို တစ်ကိုယ်ကောင်း မဆန်တော့သလို၊ ဆွာရက်ဇ်နဲ့လည်း နားလည်မှု ရှိရှိ တွဲဖက် ကစားနိုင်ခဲ့တယ်။ လီဗာပူးလ် အသင်းဟာ လက်ရှိ ၃-၄-၃ ကစားကွက်ထက် ၄-၄-၂ ကစားကွက်ကသာ ရှေ့၊ လယ်၊ နောက် မျှတပြီး အသင်းအတွက် ရလာဒ်ကောင်း စွမ်းဆောင်နိုင်ရေး ပိုပြီး ရာနှုန်းများတယ်လို့ မြင်မိပါတယ်။ တောင်ပံအားပြု ကစားတဲ့ ဟန်ကိုသာ အသုံးပြုလေ့ ရှိတဲ့ ပရီးမီးယားလိဂ်မှာ အထိုင် (၃)ယောက်ပဲ ထားကစားတာဟာ အန္တရာယ်များတယ်လို့ သုံးသပ်မိတယ်။ လီဗာပူးလ် အသင်းအနေနဲ့ လက်ရှိ ခြေစွမ်းကို ထိန်းပြီး၊ ဇန်န၀ါရီမှာ ကွင်းလယ်ဖန်တီးရှင် တစ်ယောက်လောက် ထည့်ဖြည့်နိုင်ခဲ့ရင် ၁-၄ နေရာ တိုက်ပွဲက ပိုပြီးတော့ ကြည့်ကောင်း တော့မှာပါလို့ တင်ပြရင်း အားနည်းချက်/ အားသာချက်တွေကို မြင်သလောက် တင်ပြလိုက် ပါတယ်။


မှတ်ချက်။   ။ အသင်းရဲ့ နည်းပြတွေဟာ တကယ့် ကမ္ဘာကျော် ဘောလုံး ကျွမ်းကျင်သူတွေပါ။ သူတို့ အတွေးအခေါ်၊ သူတို့ဗျူဟာကို ခြေရာတိုင်း ဆရာကြီး အထာနဲ့ တင်ပြခြင်းမျိုး မဟုတ်ပဲ၊ ပရိတ်သတ် တစ်ယောက် အနေနဲ့ မြင်သမျှ တင်ပြခြင်း ဖြစ်သလို၊ ကဖေး အယ်ဒီတာ တစ်ယောက် အနေနဲ့ Editorial ကဏ္ဍအတွက် တင်ဆက်ခြင်းသာ ဖြစ်ပါတယ်။ စာရေးသူရဲ့ ဆွေးနွေးမှုကို လွတ်လပ်စွာ ဝေဖန်နိုင်ပါတယ်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကြိုဆိုပါတယ်။

*** မန်စီးတီးပွဲ လွတ်သွားတဲ့ အတွက် တင်ပြနိုင်ခြင်း မရှိခဲ့ပါဘူး***
Written by အောင်ဇော်လတ်(မိုးနဲ)

FOOTBALL CAFE

ပရီးမီးယားလိဂ် ပွဲစဉ်(၆)မှာ ကစားသွားခဲ့တဲ့ အသင်းကြီးများရဲ့ အခြေအနေကို စာရေးသူ မြင်သလောက် သုံးသပ်တင်ပြချင်ပါတယ်။ အသင်းကြီးတွေရဲ့ အားနည်းချက် အားသာချက်တွေကို ကောက်နုတ် တင်ပြခြင်းလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ စာရေးသူ အနေနဲ့ ဥာဏ်မီ သလောက်ကို ထုတ်နုတ် ချပြခြင်း သက်သက် ဖြစ်ပါတယ်။ စာရေးသူထက် မြင်တတ်တဲ့ စာဖတ်သူတွေ ဒုနဲ့ဒေးပါ။ စာဖတ်သူများနဲ့ ဆွေးနွေးခြင်းလို့ ပြောရင်လည်း ရပါတယ်။ တင်ပြချက်တွေကိုလည်း စာဖတ်သူများ အနေနဲ့ စာရေးသူနဲ့ အမြင် တူမတူ၊ စာဖတ်သူတို့ရဲ့ အမြင်လေးကိုလည်း မှတ်ချက်လေး နဲ့ ဆွေးနွေးပေးစေ ချင်ပါတယ်။



စပါး ၁-၁ ချဲလ်ဆီး
ပထမဦးဆုံး အနေနဲ့ ပရီးမီးယားလိဂ်ရဲ့ အစောဆုံးပွဲ လန်ဒန် ဒါဘီ စပါးနဲ့ ချဲလ်ဆီး ပွဲစဉ်ကို သုံးသပ် တင်ပြသွားပ့ါမယ်။ စပါးနဲ့ ချဲလ်ဆီးတို့ဟာ လန်ဒန် ဒါဘီ ဖြစ်တာနဲ့ အညီ ကိုယ်စီ နည်းပြ နှစ်ဦးကလဲ ပွဲမစခင်မှာ တစ်ယောက်နဲ့ တစ်ယောက် ဆရာ၊ တပည့် သံယောဇဉ်ကို မငဲ့ပဲ ခပ်ပြင်းပြင်း ထိုးနှက် ခဲ့ကြတယ်။ အင်္ဂလန်လိဂ်ရဲ့ အစဉ်အလာ အရ Mind Game ဆင်နွဲ ခဲ့ကြတယ်။ ဒါဘီ ဆိုတဲ့ နာမည်နဲ့ ကိုက်ညီအောင် ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ၀ှိုက်ဟတ်လိန်းမှာ မော်ရင်ညိုဟာ အိမ်ရှင်ကို ၄-၅-၁ နဲ့ ရင်ဆိုင် သွားခဲ့ပါတယ်။ စပါး အသင်းကလည်း ဧည့်သည် ချဲလ်ဆီးကို ၄-၅-၁ ကစားကွက်နဲ့ပဲ ရင်ဆိုင်ခဲ့ ပါတယ်။ ဒီပွဲစဉ်ရဲ့ ပထမပိုင်းဟာ စပါးရဲ့ ပွဲလို့ ပြောလိုက်ရင် စာဖတ်သူတို့ လက်ခံမယ်လို့ မျှော်လင့် ပါတယ်။ စပါးဟာ ချဲလ်ဆီးကို အဖက်ဖက်က အသာစီးနဲ့ ကစားသွားခဲ့တာပါ။ ဒီနေရာမှာ အသင်းကြီးရဲ့ အားနည်းချက် အားသာချက်ကိုပဲ တင်ပြ ပါရစေ။ ချဲလ်ဆီး နောက်တန်းမှာ လူးဝစ်ဇ်ဟာ အတော်လေး ရှေ့ကို ကျွံနေခဲ့ ပါတယ်။ ဗဟို ခံစစ်သမား တစ်ယောက်လို ကစားသွားခြင်းမျိုး မဟုတ်ပဲ၊ Box-to-box ကစားသမား တစ်ယောက်လို ကစားသွားခဲ့တယ်။ အဲ့ဒီအချိန်မှာ တိုက်စစ် အားသန်တဲ့ စပါး ကွင်းလယ် အချိန်အဆက် မိနေတော့ ချဲလ်ဆီး နောက်တန်း အတော်လေး ဒုက္ခ တွေ့သွားခဲ့တယ်။ အဖျက် အနေနဲ့ ကစားတဲ့ မီခေးလ်ဟာလည်း ဒမ်ဘီလီကို မထိန်း နိုင်ခဲ့ဘူး။ တကယ်တမ်း လူးဝစ်ဇ်ကျွံသွားတဲ့ အချိန် မီးခေးလ်ဟာ ကွက်လပ်ကို ၀င်မဖြည့် နိုင်ခဲ့ပါဘူး။ မီခေးလ် ကစားတဲ့ သက်တမ်း တစ်လျှောက် နောက်ခံလူ နေရာကို ၀င်ဖြည့်ပေးတဲ့ နေရာမှာ အတော်လေး အားနည်းပါ တယ်။ ပြီးတော့ စပါးရဲ့ လူငယ် ခြေတက်တွေနဲ့ စုစည်းထားတဲ့ ကွင်းလယ်ကို ရင်ဆိုင်တဲ့ အခါ လမ်းပတ်နဲ့ မီခေးလ်တို့လို လျင်မြန်မှု အားနည်းတဲ့ ကစား သမားတွေ ကို သုံးသွားတာလည်း စပါးကို အသာရသွား စေတဲ့ အချက်လို့ မြင်မိတယ်။



စပါးက ရသွားတဲ့ ဦးဆောင်ဂိုးကို ပြန်သုံးသပ် ကြည့်လိုက်ပါ။ မီခေးလ်ဟာ ဒမ်ဘီလီကို ရင်ဆိုင်တာ အဖျက်ကစားသမား တစ်ယောက် မပီသ ခဲ့ပါဘူး။ ဒမ်ဘီလီဟာ တောင်ပံထွက်ပေးတဲ့ အဲရစ်ဆင်ဆီကို ဘောလုံး ခင်းပေးလိုက်တယ်။ အဲရစ်ဆင်ဟာ လမ်းပတ်ရဲ့ ဧရိယာထဲကနေ Opening ဖွင့်ပြီး ဘောလုံး ယူသွားတာပါ။ လမ်းပတ်အနေနဲ့ အသည်းအသန် လိုက်ဖျက်ခဲ့တာမျိုး မလုပ်ခဲ့ပါဘူး။ အဲရစ်ဆင်ဟာ (၁၈)ကိုက်နားက ဆိုလ်ဒါဒိုဆီ ခင်းပေးလိုက်တယ်။ ဆိုလ်ဒါဒိုတာဝန်ယူနေတဲ့ တယ်ရီဟာ တယ်ရီရဲ့ ကစားပုံမျိုး မဟုတ်ခဲ့ပါဘူး။ အဲရစ်ဆင်ဆီက ထွက်လာတဲ့ ဘောလုံးကို ဆိုလ်ဒါဒိုက ပြေး လာတဲ့ စီဂတ်ဆန် လမ်းကြောင်းထဲကို ထည့်ပေးလိုက်တယ်။ စီဂူဆန်နောက်ကနေ တစ်လှမ်း ချင်း ပြေးလာတာ လူးဝစ်ဇ်ပါ။ ဆိုလ်ဒါဒိုကို တာဝန်ယူထားတဲ့ တယ်ရီ စီဂတ်ဆန်ကို ဟန့်တားခဲ့ပေမယ့် အထမမြောက်ခဲ့ပဲ ဂိုးပေး လိုက်ရတယ်။ Last defender အနေနဲ့ ဘောလုံးရှင်း ထုတ်တဲ့ နေရာမှာ ပိုင်နိုင်လွန်းတဲ့ ကာဟေးလ်သာ ရှိခဲ့မယ်ဆိုရင် ရလာဒ် တစ်မျိုး တစ်ဖုံ ပြောင်း သွားနိုင်တယ်။ ပထမပိုင်းမှာ ချဲလ်ဆီးဟာ စပါးရဲ့ ဖိအား အောက်ကနေပဲ ကစားနိုင်ခဲ့တယ်။


ဒုတိယပိုင်းမှာတော့ မော်ရင်ညိုဟာ မီခေးလ်ကို ထုတ်ပြီး မာတာကိုထည့် ကစားခဲ့တယ်။ နာမည်ကြီးခဲ့တဲ့ မာဇက်ကာ အတွဲကို ပြန်ဖွဲ့ပေးလိုက်တဲ့ မော်ရင်ညိုတဲ့ ဆုံးဖြတ်ချက် မှန်ကန် ခဲ့ပါတယ်။ လန်ဒန်ဒါဘီရဲ့ ဒုတိယပိုင်းဟာ ချဲလ်ဆီးပွဲလို့ ပြောလို့ ရပါတယ်။ မာတာ ၀င်လာတဲ့ ချဲလ်ဆီးရဲ့ တိုက်စစ်ဟာ စပါးနောက်တန်းကို အလုပ်များ စေခဲ့ပါတယ်။ မာတာဟာ အရင်နှစ်တွေ ကလို မဟုတ်တော့ပဲ ခံစစ် အထိကို လိုက်ပါ ကစားပေးခဲ့ပါတယ်။ ချဲလ်ဆီးအသင်းက ရလိုက်တဲ့ ချေပဂိုးဟာလည်း မာတာရဲ့ ကောင်းမွန်လှတဲ့ ပြစ်ဒဏ်ဘော ကန်ချက် ကနေပဲ တယ်ရီခေါင်းတိုက် သွင်းပေးခဲ့တာပါ။ ဒီပွဲစဉ်ကို ကြည့်ခြင်းအားဖြင့် မော်ရင်ညို အနေနဲ့ တစ်ခြား ကစားသမားတွေကို ပွဲထွက် စာရင်းကနေ ချန်ချင် ချန်လို့ ရပါတယ်။ ဒါပေမယ့် မာဇက်ကာ ဆိုတဲ့ အတွဲကို ဖြုတ်ရင် နိုင်ပွဲအတွက် အခက်ကြုံနေ ရအုံးမှာပဲလို့ စာရေးသူ မြင်မိတယ်။ ပြီးတော့ တိုက်စစ်ပိုင်းမှာလည်း တောရက်စ်ဟာ ဒီပွဲမှာ အတော်လေး ကစားပုံ ကောင်းခဲ့တယ်။ တိုက်စစ်မှုးတွေ အတွက် ဖန်တီးမှု အားနည်းတတ်တဲ့ ချဲလ်ဆီး ကွင်းလယ်ကိုပါ ဆင်းကူပြီး၊ နောက်အထိကို ကိုယ်တိုင် ကိုယ်ကျ ဘောလုံး ဆင်းယူပေး ခဲ့တဲ့ တောရက်စ်ရဲ့ ကစားပုံကတော့ ချဲလ်ဆီး အတွက် အားရစရာပါပဲ။ အီတိုးဦးဆောင်တဲ့ တိုက်စစ်ထက် ပြိုင်ဘက်ကို အခက်တွေ့စေတယ်လို့ မြင်မိပါတယ်။ ချဲလ်ဆီးအသင်းရဲ့ အခြေအနေမှန်ကို မော်ရင်ညိုကသာ အသိဆုံး ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ချန်ပီယံ လမ်းကြောင်း အတွက် တိုက်ပွဲဝင်မယ့် အသင်းအနေနဲ့ ဂိုးတစ်ဂိုးရဖို့ ဒီလောက်ထိ ရုန်းကန်နေရတာဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ ပွဲစဉ်(၆)ပြီးတဲ့ အထိ တိုက်စစ်မှုးတွေ ဂိုးတစ်ဂိုးမှ မရသေးတဲ့ အခြေအနေကိုလည်း အချိန်မီ ပြင်ဆင်ဖို့ လိုအပ်နေပါ တယ်။ အချိန်မီသာ ပြင်ဆင်နိုင်ခဲ့ရင် ချန်ပီယံ ဆုဖလား ဒါမှမဟုတ် ချန်ပီယံလိဂ်ဝင်ခွင့်က ချဲလ်ဆီး အတွက် မခက်ခဲလောက်ပါဘူး။


မန်ယူနိုက်တက် ၁-၂ ၀က်စ်ဘရွန်း
အားလုံးကို အံ့သြသင့်စေတဲ့ ပွဲတစ်ပွဲပါပဲ။ ဒီပွဲကို ကြည့်မယ်ဆိုရင် ယူနိုက်တက် အနေနဲ့ မိုယက်စ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် အမှတ်တွေ ဆုံးရှုံးခဲ့ရတဲ့ ပွဲလို့ ပြောရပါမယ်။ ဒါပေမယ့်လည်း ၀က်စ်ဘရွန်းရဲ့ ကစားပုံ အတော်လေး ကောင်းမွန်ခဲ့တာလဲ ပါ ပါတယ်။ ပထမပိုင်း ၀-၀ နဲ့ပဲ အဆုံးသတ်ခဲ့သလို၊ အိမ်ရှင် ယူနိုက်တက် ကအခွင့်အရေးတွေ ရခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ နောက်တန်းမှာ ကြည့်မယ်ဆိုရင် အီဗရာကို အနားပေးပြီး ဘတ်နာကို သုံးခဲ့တဲ့ အချက်တစ်ချက်၊ ဖာဒီနန်နဲ့ အီဗန်ကို တွဲခဲ့တဲ့ အချက် တစ်ချက်က ယူနိုက်တက်ကို အားနည်းစေခဲ့တယ်လို့ ထင်ပါတယ်။ ညာနောက်ခံလူ နေရာမှာ ဂျုန်းဟာ ရာဖေးလ်လို တိုက်စစ်ကို မပါပေမယ့် ခံစစ် ကစားပုံ လုံခြုံ ခဲ့ပါတယ်။ ဖာဒီနန်နဲ့ ဂျုန်းဖက် အခြမ်းက အဆင်ပြေမယ့်၊ ရှေ့ကျွံသွားတဲ့ ဘတ်နာဘက်ခြမ်းကို အီဗန်နဲ့ တွဲပေးတာ ဆက်စီညွှန် အတွက် ပိုပြီး လှုပ်ရှားလို့ ကောင်းစေခဲ့ပါတယ်။ ရှေ့ကျွံသွားတဲ့ ဘတ်နာ နေရာကို အီဗန် ဖြည့်ပေးခဲ့ပေမယ့်၊ ဗဟိုမှာ အသက်အရွယ် အရ လေးလာတဲ့ ဖာဒီနန် တစ်ယောက်တည်း သိပ်အဆင်မပြေ ခဲ့ပါဘူး။ အကောင်းဆုံး ကွင်းလယ် တိုက်စစ် ကစားသမားတွေထဲက တစ်ယောက် အပါအ၀င် ဖြစ်တဲ့ ကာဂါဝါကို ဘယ်တောင်ပံ ထုတ်တဲ့ မိုယက်စ်ရဲ့ ဆုံးဖြတ်ချက်က မေးခွန်းထုတ် စရာပါပဲ။ ကာဂါဝါဟာ ဘယ်တောင်ပံ နေရာမှာ ကစားပေမယ့် ကစားရှိန် မြှင့်လာတာနဲ့ အမျှ သူကစားနေကြ ဖြစ်တဲ့ ကွင်းလယ်တိုက်စစ် နေရာထဲ ကိုပဲ ရောက်ရောက် သွားတယ်။ တိုက်စစ်ကို လိုက်လာတဲ့ ဘတ်နာ အနေနဲ့ ကာဂါဝါ အလယ်ထဲ ရောက်သွားတော့ တောင်ပံမှာ တွဲလို့ မရပဲ ဖြစ်သွားပြီးတော့ တောင်ပံ အသားပေး ကစားတတ်တဲ့ ယူနိုက်တက်ရဲ့ တောင်ပံတစ်ဖက် သေနေခဲ့တယ်။



အန်ဒါဆင်၊ ကာရစ်တို့ရဲ့ ကွင်းလယ် ပိုင်းမှာလည်း အန်ဒါဆင် အပျက်များနေခဲ့တယ်။ တိုက်စစ်ကို ပံ့ပိုးမှုတွေ မလုပ်နိုင်ခဲ့ဘူး။ ပထမပိုင်း (၀-၀)နဲ့ အဆုံးသတ် သွားတယ်။ ဒုတိယပိုင်းမှာ မိုယက်စ်ဟာ ကာဂါဝါကို ထုတ်ပြီး ဂျန်နုဇ်ကို ထည့်ကစားခဲ့တယ်။ (၁-၂)ရလာဒ်ရဲ့ အဓိက အချက်လို့ ပြောရမယ်။ ၀က်စ်ဘရွန်းလို တွန်းတွန်းတိုက်တိုက်နဲ့ အမြန်နှုန်းမြှင့် ကစားတဲ့ အသင်းကို အတွေ့အကြုံနုပြီး ကိုယ်ကာယပိုင်း အားနည်းတဲ့ ဂျန်နုဇ်ကို ထည့်လိုက်တဲ့ အချိန်မှာ ယူနိုက်တက်ရဲ့ ကစားအားဟာ သိသိသာသာ ကျသွားတယ်။ ဒီနေရာမှာ အန်ဒါဆင်ကို ထုတ်၊ ကာဂါဝါကို အလယ်ထဲထည့်ပြီး နာနီကို ဘယ်တောင်ပံပို့၊ ဗလန်စီယာကို ညာတောင်ပံမှာ ထည့်လိုက်မယ် ဆိုရင်ကော? ဒါမှ မဟုတ်လဲ ကာဂါဝါ အစား ဗလန်စီယာကိုထည့်မယ် ဆိုရင်ကော? ဒါမှ မဟုတ် အန်ဒါဆင် နေရာမှာပဲ ဖယ်လ်လိုင်နီကို ထည့်မယ်ဆိုရင်ကော? မိုယက်စ်ရဲ့ ဆုံးဖြတ်ချက်ကို ဘောလုံးကျွမ်းကျင်သူတွေက အတော်လေး မေးခွန်း ထုတ်ခဲ့ကြတယ်။ အိုးထရက်ဖို့ဒ်ရဲ့ (၁-၂) ရလာဒ် အဆုံးအဖြတ်က မိုယက်စ်ရဲ့ လူစားလဲမှုလို့ပဲ စာရေးသူ မြင်မိတယ်။ တာထွက်နှေးလေ့ ရှိတဲ့ မန်ယူနိုက်တက်ဟာ အစဉ်အလာတိုင်း လျှောက်လှမ်းနေ ဆဲ ပါပဲ။ အချိန်မီ ပြင်ဆင်နိုင်ရင်တော့ ယခင့် ယခင် ရာသီတွေလိုပဲ ချန်ပီယံလမ်းကြောင်းမှာ မြင်တွေ့ ရမှာပါ။ ဒါပေမယ့် အချိန်မီ ပြင်ဆင်နိုင်ခြင်း မရှိရင်တော့ ချန်ပီယံလိဂ် ၀င်ခွင့်အတွက်ကို ရုန်းကန်သွားရ နိုင်ပါတယ်။


ဆွမ်ဆီး ၁-၂ အာဆင်နယ်
ဧည့်သည်ဆိုပေမယ့် ပထမပိုင်း အာဆင်နယ်ရဲ့ ကစားပုံ အတော်လေး ကောင်းမွန် ခဲ့ပါတယ်။ ဆွမ်ဆီး ညံ့လားဆိုတော့လည်း အာဆင်နယ် နောက်တန်း အလုပ်ရှုပ်ခဲ့ပါတယ်။ ကစားပုံတူတဲ့ ဒီနှစ်သင်းရဲ့ ရင်ဆိုင်မှုကတော့ ပရိတ်သတ်အတွက် ပရီးမီးယားလိဂ်မှာ ရခဲတဲ့ ရသ တစ်မျိုးပါပဲ။ တစ်ချက်ထိ ကစားကွက် အသားပေးတဲ့ အသင်း ပရီးမီးယားလိဂ်မှာ သိပ်များများ စားစား မရှိပါဘူး။ သူတင်ကိုယ်တင် ကစားသွားတာ အတော်လေး ကြည့်ကောင်း ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အာဆင်နယ် အတွက် တောက်လျှောက် ခြေစွမ်းပြ နေတဲ့ ရမ်ဆေးရဲ့ ဘောလုံး ကျွမ်းကျင်မှု၊ မြင်တတ်မှုတို့ကြောင့်ပဲ ညာတောင်ပံက ဆာဂျီ လွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့် ရခဲ့တာပါ။ ကန်သွားတာလည်း တော်တော်လေး ကောင်းမွန် ခဲ့ပါတယ်။ ဦးဆောင်ဂိုး ရသွားတဲ့နောက်မှာ ဆွမ်ဆီးက ပိုဖိလာတယ်။ တန်ပြန်တိုက်စစ် ကနေပဲ ရမ်ဆေး လှလှပပ ကန်သွင်းသွားတယ်။ (၂)ဂိုး ရလိုက်ပြီချိန်မှာတော့ ဆွမ်ဆီးက ပိုပိုပြီးတောင် ဖိလာတယ်။ အာဆင်နယ် ခံစစ်နဲ့ တုန့်ပြန်နေခဲ့တယ်။ ဒီနေရာ အာဆင်နယ်ရဲ့ ကွင်းလယ်ပိုင်းမှာ ရမ်ဆေး၊ အိုဇေးလ်၊ ၀ီလ်ရှီးယား အတွဲညီ ခဲ့သလို၊ ရမ်ဆေးကလည်း ဖလာမီနီရှိနေတော့ တိုက်စစ်ကို စိတ်ကြိုက် လိုက်ပါခွင့် ရခဲ့တယ်။ အာဆင်နယ် ကစားပုံ ကောင်းမွန်ခဲ့ပေမယ့်၊ တိုက်စစ်ပိုင်းမှာ ဂျီရူး အဆုံးသတ်ပိုင်း လိုအပ်ချက်တွေ ရှိနေတယ်။ အပိုင်ကန်ခွင့်တွေ ရခဲ့ပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပါဘူး။



ဒီနေရာမှာ စံချိန်တင် ပြောင်းရွေ့ကြေးနဲ့ ခေါ်ထားတဲ့ အိုဇေးလ်ဟာ အာဆင်နယ် အတွက် ကစားပြီးသလောက်မှာ အကောင်းဆုံး စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကာဇိုလာ ရောက်စက အိုဇေးလ်ထက်ပိုပြီး စွမ်းဆောင်ရည် ကောင်းခဲ့ပါတယ်။ အိုဇေးလ်ဟာ ရီးရဲလ်မှာ ကစားခဲ့စဉ်တုန်းက မိနစ် (၆၀)နောက်ပိုင်း လူစားလဲ ခံရတာ များပါတယ်။ မိနစ် (၆၀)ပိုင်းမှာ သိသိသာသာကြီးကို သက်လုံကျ လာတယ်။ အာဆင်နယ် ရောက်မှ မဟုတ်ပါဘူး။ ၀ါဒါဘရီမင်၊ ရီးရဲလ် ကစား ကတည်းကပါ။ ပရီးမီးယားလိဂ်လို မြန်နှုန်းမြှင့်နဲ့ တွန်းတွန်းတိုက်တိုက် ကစားတဲ့ နေရာမျိုးက အိုဇေးလ်အတွက် အခက်တွေ့နေ ဆဲပါပဲ။ ဖန်တီးမှု အားကောင်းတဲ့ အိုဇေးလ် အနေနဲ့ အာဆင်နယ်မှာ ရီးရဲလ်တုန်းကလို သာမန်ပွဲချိန်တွင်း အပေးအယူကနေ ဂိုးဖန်တီးမှု ပြုလုပ်ပေးထားတာ မရှိသေးပါဘူး။ ဒါပေမယ့် Team work ကိုကြည့်မယ်ဆိုရင် အသင်းကြီးတွေထဲမှာ အာဆင်နယ် အသင်းက ခြေအမှန်ဆုံး ဖြစ်နေပါတယ်။ လက်ရှိအချိန်ထိ အမှတ်ပေး ဇယားကို ထိုက်ထိုက်တန်တန်နဲ့ ဦးဆောင် နိုင်နေခြင်း ဖြစ်ပါတယ်။ အာဆင်နယ် အနေနဲ့ လက်ရှိခြေစွမ်းကို ထိန်းထားပြီး၊ ဇန်န၀ါရီမှာ High Profile အထောင်တိုက်စစ်မှုး တစ်ဦးလောက် ၀ယ်နိုင်ခဲ့ရင် ရာသီကုန်ရင် ချန်ပီယံ ဒါမှမဟုတ် ၁-၃ မလွဲမသွေပါပဲ။

ဆန်းဒါးလန်း ၁-၃ လီဗာပူးလ်
ပွဲကောင်းတစ်ပွဲပါပဲ။ လီဗာပူးလ် (၁-၃)နဲ့ နိုင်ခဲ့တယ် ဆိုပေမယ့် ဂိုးရဖို့ အတော်လေးကို ရုန်းကန် ခဲ့ရပါတယ်။ နည်းပြသစ်နဲ့ အမှတ်တွေ ပြန်ယူဖို့ ဆန်းဒါးလန်း ကစားသမားတွေ တော်တော်လေး အားတက် နေတဲ့ အနေအထားမှာ ရှိနေတယ်။ ကစားပုံကလည်း တော်တော်လေး ကောင်းခဲ့တယ်။ အထူးသဖြင့် အီတလီသား ဂီယာချီရီနီကို လီဗာပူးလ် နောက်တန်းက တော်တော်လေး ထိန်းလိုက်ရတယ်။ လီဗာပူးလ် အသင်း ခံစစ်ပိုင်းကို ကြည့်မယ်ဆိုရင် လုံလောက်တဲ့ နောက်ခံလူ အင်အားကို ပိုင်ဆိုင် ထားတယ်။ ဂလင်းဂျွန်ဆင် နာနေလို့ ညာနောက်ခံလူ နေရာမှာ Full back စစ်စစ်ကို မသုံးနိုင်ခဲ့ဘူး။ တိုယေးကို သုံးသွားခဲ့တယ်။ ဗဟိုခံစစ် ကစားသမား တိုယေးကို သုံးလိုက်တော့ လီဗာပူးလ် နောက်တန်း ဟာ အထိုင် (၃)ယောက် ဖြစ်သွားတယ်။ ပုံမှန်ကြည့်ရင်တော့ လီဗာပူးလ်ဟာ ၄-၄-၂ ဟန်ပါပဲ။ ဒါပေမယ့် အန်ရီကေးဟာ Full back ဆိုပေမယ့် တောင်ပံ ကစားသမား တစ်ယောက်နေရာကို ကစားသွားတာပါ။ တကယ်တမ်း ကစားသွားတာ ၃-၄-၃ ဟန်ပါ။ မိုးဆက်စ်ဟာ တိုက်စစ်မှာ စတာရစ်၊ ဆွာရက်ဇ်တို့နဲ့ တွဲကစား သွားတာပါ။



ကွင်းလယ်ပိုင်း ကြည့်မယ်ဆိုရင်တော့ ကော်တင်ညို မပါနိုင်တဲ့ လီဗာပူးလ် ကွင်းလယ်မှာ အားနည်းချက်တွေ ရှိနေခဲ့ပါတယ်။ ဂျာရတ်ဟာ အသက်အရွယ်အရ နောက်ထိဆင်းပြီးရင် တိုက်စစ်ကို ပြန် မလိုက် နိုင်တော့ပါဘူး။ တိုက်စစ်ပါသွားရင်လည်း ခံစစ်ထဲကို အရင်လို လိုက်ပြီး မကူညီနိုင်တော့ပါဘူး။ ကော်တင်ညို မပါတဲ့ လီဗာပူးလ် ကွင်းလယ်မှာ အလှုပ်သမား မရှိပဲ ဖြစ်နေခဲ့တယ်။ မိုးဆက်စ်လည်း ၀ီဂန်တုန်းက ခြေစွမ်းကို ပြန်မရသေးပါဘူး။ မိုးဆက်စ်ထက် စတားလင်းက ပိုပြီးလှုပ် ကစားနိုင်ခဲ့ပါတယ်။ မိုးဆက်စ်အစား စတားလင်း ၀င်လာတဲ့ အချိန်မှာ ဆန်းဒါးလန်း နောက်ခံလူတွေ ပိုပြီးတော့ အလုပ်ရှုပ်သွားခဲ့ရတယ်။ တိုက်စစ်ပိုင်းကတော့ အရင်က စတာရစ် တစ်ယောက်တည်းကိုပဲ အားကိုး နေရပေမယ့် အခု ဆွာရက်ဇ် ပြန်ပါလာတော့ တကယ့်ကို ကောင်းမွန်တဲ့ တိုက်စစ် ဖြစ်နေပါပြီ။ စတာရစ်ဟာ ချဲလ်ဆီးမှာ ကစားတုန်းကလို တစ်ကိုယ်ကောင်း မဆန်တော့သလို၊ ဆွာရက်ဇ်နဲ့လည်း နားလည်မှု ရှိရှိ တွဲဖက် ကစားနိုင်ခဲ့တယ်။ လီဗာပူးလ် အသင်းဟာ လက်ရှိ ၃-၄-၃ ကစားကွက်ထက် ၄-၄-၂ ကစားကွက်ကသာ ရှေ့၊ လယ်၊ နောက် မျှတပြီး အသင်းအတွက် ရလာဒ်ကောင်း စွမ်းဆောင်နိုင်ရေး ပိုပြီး ရာနှုန်းများတယ်လို့ မြင်မိ ပါတယ်။ တောင်ပံအားပြု ကစားတဲ့ ဟန်ကိုသာ အသုံးပြုလေ့ ရှိတဲ့ ပရီးမီးယားလိဂ်မှာ အထိုင် (၃)ယောက်ပဲ ထားကစားတာဟာ အန္တရာယ်များတယ်လို့ သုံးသပ်မိတယ်။ လီဗာပူးလ် အသင်းအနေနဲ့ လက်ရှိ ခြေစွမ်းကို ထိန်းပြီး၊ ဇန်န၀ါရီမှာ ကွင်းလယ်ဖန်တီးရှင် တစ်ယောက်လောက် ထည့်ဖြည့်နိုင်ခဲ့ရင် ၁-၄ နေရာ တိုက်ပွဲက ပိုပြီးတော့ ကြည့်ကောင်း တော့မှာပါလို့ တင်ပြရင်း အားနည်းချက်/ အားသာချက်တွေကို မြင်သလောက် တင်ပြလိုက် ပါတယ်။


မှတ်ချက်။ ။ အသင်းရဲ့ နည်းပြတွေဟာ တကယ့် ကမ္ဘာကျော် ဘောလုံး ကျွမ်းကျင်သူတွေပါ။ သူတို့ အတွေးအခေါ်၊ သူတို့ဗျူဟာကို ခြေရာတိုင်း ဆရာကြီး အထာနဲ့ တင်ပြခြင်းမျိုး မဟုတ်ပဲ၊ ပရိတ်သတ် တစ်ယောက် အနေနဲ့ မြင်သမျှ တင်ပြခြင်း ဖြစ်သလို၊ ကဖေး အယ်ဒီတာ တစ်ယောက် အနေနဲ့ Editorial ကဏ္ဍအတွက် တင်ဆက်ခြင်းသာ ဖြစ်ပါတယ်။ စာရေးသူရဲ့ ဆွေးနွေးမှုကို လွတ်လပ်စွာ ဝေဖန်နိုင် ပါတယ်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကြိုဆိုပါတယ်။

*** မန်စီးတီးပွဲ လွတ်သွားတဲ့ အတွက် တင်ပြနိုင်ခြင်း မရှိခဲ့ပါဘူး***
Written by အောင်ဇော်လတ်(မိုးနဲ)

FOOTBALL CAFE

0 comments:

Post a Comment