Wednesday, December 28, 2016

စတာလင်ပေါင်ငွေကြေးတန်ဖိုးကျဆင်းခြင်းနဲ့အတူ ကမ္ဘာ့စီးပွားရေး အဆင့်သတ်မှတ်ချက်မှာ ဗြိတိန်ဟာ ပြင်သစ်အောက် ရောက်ရှိသွားခဲ့

Image may contain: one or more people, sky and outdoor
ယခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းက နိုင်ငံတွေရဲ့ စီးပွားရေးအင်အားအရွယ်အစားကို တိုင်းတာတွက်ချက်ထုတ်ပြန်တဲ့
World Economic League Table (Welt) ရဲ့ အဆင့်ရပ်တည်ချက်စာရင်းမှာတော့ ဗြိတိန်နိုင်ငံဟာပြင်သစ်ရဲ့ အောက်မှာ ကျဆင်းသွားခဲ့တယ်လို့ သတင်းတစ်ရပ်မှာဖော်ပြထားပါတယ်။
Welt ထုတ်ပြန်ချက်ထဲမှာတော့ နောက်လာမယ့် ၁၅ နှစ်အတွင်း ပြောင်းလဲသွားနိုင်စရာအခြေအနေတွေကိုပါတွက်ချက်ခန့်မှန်းဖော်ပြထားပါသေးတယ်။

ယခုနှစ်မှာတော့ ဥရောပသမဂ္ဂကနေ ထွက်ခွာခဲ့ပြီးနောက်စတာလင်ပေါင်ငွေကြေးတန်ဖိုးကျဆင်းခြင်းနဲ့အတူ ဗြိတိန်တို့အနေနဲ့ ပြင်သစ်တို့အောက် ရောက်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်းWelt ရဲ့ ခန့်မှန်းချက်အရတော့ လာမယ့် ၂၀၂၁ လောက်မှာပြင်သစ်ကို တစ်ဖန်ပြန်လိုက်မှီသွားလိမ့်မယ်လို့လည်းသိရပါတယ်။

အလားတူ Welt ရဲ့ အဆိုအရ ၂၀၂၄ မတိုင်ခင် အိန္ဒိယဟာကမ္ဘာ့တတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်လာမယ်လို့ ဆိုထားပါတယ်။ အိန္ဒိယဟာ လာမယ့် ၂၀၁၈ မှာ ဗြိတိန်နဲ့ ပြင်သစ်၊ ၂၀၂၁ ခုနှစ် ဂျာမနီနဲ့ ၂၀၂၄ မှာ ဂျပန်တို့ကို ကျော်တက်သွားမယ်လို့လည်း ဆိုထားပါတယ်။

တောင်ကိုရီးယား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့ဟာလည်းလာမယ့် ၂၀၃၀ မတိုင်ခင် စီးပွားရေးအင်အားတွေ ပိုမိုကောင်းမွန်လာပြီး တောင်ကိုရီးယားဟာဆိုရင် ယင်း၂၀၃၀ မတိုင်ခင် ဗြိတိန်နဲ့ ပြင်သစ်တို့ကိုတောင် ကျော်ပြီးကမ္ဘာ့သတ္တမမြောက်အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်လာဖို့ ရှိတယ်လို့ Welt မှာဖော်ပြထားပါတယ်။

အလားတူ တရုတ်ဟာလည်း ၂၀၂၉ ခုနှစ်မှာ အမေရိကန်ကိုကျော်ပြီး ကမ္ဘာ့အင်အားအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်လာမယ်လို့ Welt က ခန့်မှန်းထားပါတယ်




Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment