Tuesday, December 27, 2016

မိုဘိုင်းဖုန်းမလိုဘဲ လက်ဗွေရာသုံးပြီး ဒစ်ဂျစ်တယ်ငွေပေးချေမှုတွေလုပ် နိုင်မယ့် App တစ်ခုအိန္ဒိယမှာတီထွင်


Image may contain: phone and text 
Image may contain: text
အိန္ဒိယ IDFC ဘဏ်ကAadhaar Pay လို့ခေါ်တဲ့ အက်ပလီကေးရှင်းတစ်ခုကို စတင်ထုတ်ဖော်ပေးထားခဲ့ပြီး ယင်းအက်ပလီကေးရှင်းနဲ့အတူ နိုင်ငံသားတွေကို စမတ်ဖုန်းမလိုဘဲ လက်ဗွေရာသုံးပြီးငွေပေးချေမှုတွေလုပ်လို့ရနိုင်အောင်လုပ်ပေးထားတယ်လို့သိရပါတယ်။
ယခု အစီအစဉ်မှာတော့ ဈေးရောင်းချသူဆိုင်ပိုင်ရှင်တွေအနေနဲ့ကတော့ ၎င်းတို့ရဲ့ အန်းဒရွိုက်ဖုန်းတွေမှာ ယင်းအက်ပလီကေးရှင်းကိုဒေါင်းလုပ်လုပ်ထားဖို့ လိုပြီး လက်ဗွေစကင်ဖတ်နိုင်မယ့် ပစ္စည်းတစ်ခုနဲ့ချိတ်ဆက်ထားရမှာဖြစ်ပါတယ်။
ဈေးဝ်ာသူတွေငွေပေးချေမှုတွေလုပ်တော့မယ်ဆိုရင် ၀ယ်ယူသူတွေအနေနဲ့၎င်းတို့ရဲ့ဘဏ်အကောင့်နာမည်ကို ရွေးချယ်ပြီး Aadhaar နံပါတ်ကို ထည့်သွင်းကာ လက်ဗွေရာကို စကင်ဖတ်ရမှာဖြစ်ပါတယ်။ ယင်းလက်ဗွေရာကတော့ password သဘောမျိုးလုပ်ဆောင်ပေးတာဖြစ်ပြီးယင်းနောက်မှာ ၎င်းတို့တွေရဲ့ ဘဏ်အကောင့်တွေထဲကနေငွေတွေ သက်ဆိုင်ရာဆိုင်တွေက Aadhaar ကဒ်ထဲ ဒစ်ဂျစ်တယ်စနစ်နဲ့ တိုက်ရိုက်လွှဲပြောင်းရောက်ရှိသွားနိုင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။အိန္ဒိယမှာဆိုရင် ပြည်သူပေါင်း ၁ ဘီလီယံကျော်လောက်မှာ ယင်း Aadheer ကဒ်တွေအသီးသီးရှိထားပြီးဖြစ်ပါတယ်။ အလားတူ အစိုးရအနေနဲ့လည်း နိုင်ငံမှာရှိတဲ့ အားလုံးသော ဘဏ်အကောင့်တွေကိုAadheer ကဒ်တွေနဲ့ချိတ်ဆက်ဖို့ စီစဉ်နေပါတယ်။ လက်ရှိအချိန်ထိ ဘဏ်အကောင့်ပေါင်း ၁ ဒသမ ၁၂ ဘီလီယံအနက်က ၄၀၀ လောက်က Aadheer ကဒ်တွနဲ့ ချိတ်ဆက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ယခု နည်းစနစ်ဟာလည်း အိန္ဒိယနိုင်ငံတွင်းက မိုဘိုင်းဖုန်းမရှိ၊ အင်တာနက်ကွန်ရက်အဆင်မပြေတဲ့ နေရာတွေက နေထိုင်သူတွေအတွက် အဆင်ပြေနိုင်ဖို့ရှိနေပြီး ငွေသားမသုံး ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်ကိုလည်း ထိရောက်စွာ ထောက်ကူပြောင်းလဲနိုင်စေမယ်လို့ မျှော်လင့်ရပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment