Wednesday, December 21, 2016

အီးယူရဲ့ စံချိန်တင် အခွန်ဒဏ်ကြေးချမှတ်မှုအပေါ် Apple နဲ့ အိုင်ယာလန်တို့ ဆန့်ကျင်ကန့်ကွက်မှုတွေ ပြင်းပြင်းထန်ထန် ပြုလုပ်နေ

No automatic alt text available.

အခွန်ငွေသဘောတူညီချက်တစ်ခုနဲ့ပတ်သက်လို့ Apple ကုမ္ပဏီအပေါ် ဥရောပသမဂ္ဂ (အီးယူ)အဖွဲ့ရဲ့ စံချိန်တင် ဒေါ်လာ ၁၄ ဘီလီယံ ဒဏ်ရိုက်ထားတဲ့ကိစ္စရပ်အပေါ် ယခုအခါမှာအမေရိကန်နည်းပညာကုမ္ပဏီနဲ့ အိုင်ယာလန်အစိုးရတို့ကဆန့်ကျင်တိုက်ခိုက်နေလျက်ရှိတယ်လို့ သတင်းတစ်ရပ်မှာဖော်ပြထားပါတယ်။

အမေရိကန်ကုမ္ပဏီဆီကနေ အခွန်ငွေ ဒေါ်လာ ၁၃ ဒသမ ၆ ဘီလီယံပြန်ရဖို့အရေးကိစ္စမှာ အီးယူလက်အောက်ခံအဖွဲ့ ဥရောပကော်မရှင်အနေနဲ့ မိမိတို့နိုင်ငံရဲ့ အချုပ်အချာအာဏာကို ၀င်ရောက်စွက်ဖက်လုပ်ကိုင်ထားတယ်လို့ အိုင်ယာလန်ကလည်း စွပ်စွဲပြစ်တင်သွားပါတယ်။

တစ်ချိန်တည်းမှာပဲ အီးယူတာဝန်ရှိသူတွေအနေနဲ့ မိမိတို့ ကုမ္ပဏီအပေါ် ရည်ရွယ်ချက်ရှိစွာ ပစ်မှတ်ထားလုပ်ဆောင်ခဲ့တယ်လို့ Apple ကလည်း စွဲဆိုသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက ချမှတ်ထားခဲ့တဲ့ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်အပေါ် Apple ရော၊ အိုင်ယာလန်ကပါ ဥပဒေကြောင်းအရ ဆန့်ကျင်မှုတွေပြုလုပ်နေလျက်ရှိပါတယ်။

ယခုဖြစ်စဉ်မှာတော့ အိုင်ယာလန်အစိုးရအနေနဲ့ iPhone maker အမေရိကန်နည်းပညာကုမ္ပဏီကို နှစ်ပေါင်း
၂၀ ကျော်ကြာအခွန်ငွေတွေသက်သာခွင့်ရအောင်ခွင့်ပြုကူညီပေးထားခဲ့တယ်လို့ အီးယူဘက်ကဆုံးဖြတ်ချမှတ်ထားခဲ့တာဖြစ်ပါတယ်။

ယခုကိစ္စမှာ အီးယူကော်မရှင်အနေနဲ့ ယင်းရဲ့လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်လုပ်ဆောင်ထားတယ်လို့ အိုင်ယာလန်အစိုးရက ပြောကြားခဲ့ပါတယ်။




Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment