ထိုသို့ ခွဲခြားသတ်မှတ်ရာ တွင် တိုင်းဒေသ/ပြည်နယ်ဒေသ တစ်ခုလုံးကို ခြုံငုံသတ်မှတ်မည် မဟုတ်ဘဲ သက်ဆိုင်ရာဒေသအာ ဏာပိုင်များသတ်မှတ်ပေးသည့် အတိုင်း သတ်မှတ်ပေးမည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန် ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးသန်းအောင်ကျော် က ပြောသည်။
‘‘တိုင်းတစ်ခုထဲမှာတောင် တစ်နေရာနဲ့ တစ်နေရာမတူနိုင် ဘူး။ ဒေသအသေးစိတ်ကို တိုင်း ဒေသကြီးပြည်နယ်အစိုးရတွေကို တောင်းထားရတယ်။ ဒေသတစ် ခုနဲ့ တစ်ခု မတူနိုင်ဘူးဆိုတာ လွှတ်တော်ကိုယ်စားလှယ်တွေက လည်း ထောက်ပြခဲ့၊ ပြောဆိုခဲ့တာ ရှိတယ်’’ဟု ၎င်းက ဆိုသည်။
ဥပဒေအရ ဇုန်များပိုင်းခြား ရာ၌ တိုင်းဒေသကြီးတစ်ခုတည်း တွင်ပင် ဒေသအလိုက် အခွန်ကင်း လွတ်ခွင့်မတူနိုင်ကြောင်း အဆိုပါ ဌာနမှ အရာရှိတစ်ဦးက ပြော သည်။ ယခုနှစ် အောက်တိုဘာလ အတွင်း ပြဋ္ဌာန်းခဲ့သည့်ရင်းနှီးမြှုပ် နှံမှုဥပဒေအသစ်အရ ရင်းနှီးမြှုပ်နှံ ရန် ဇုန်သုံးပိုင်းခွဲခြား သတ်မှတ် ရမည်ဖြစ်သည်။ ဇုန်(၁)သည် ဖွံ့ဖြိုးမှုနည်းပါးသည့် ဒေသများ ဖြစ်ပြီး အခွန်ကင်းလွတ်ခွင့် ခုနစ် နှစ်ရရှိမည်ဖြစ်သည်။ ဇုန်(၂)မှာ ဖွံ့ဖြိုးမှုအတော်အသင့်ရှိသော ဒေသများဖြစ်ပြီး အခွန်ကင်းလွတ် ခွင့် ငါးနှစ်ဖြစ်ပြီး ဇုန် (၃)မှာ ဖွံ့ဖြိုးမှုကောင်းမွန်သော ဒေသ များဖြစ်ပြီး အခွန်ကင်းလွတ်ခွင့် သုံးနှစ်ရရှိမည်ဖြစ်သည်။ ယခင်က ဥပဒေအရ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုများကို အခွန် ကင်းလွတ်ခွင့် တိုက်ရိုက်ပေး သည့်အစား မဖွံ့ဖြိုးသေးသည့်ဒေ သများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှု ပိုမိုဝင်ရောက်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု ဥပဒေ၌ ဆိုသည်။
လက်ရှိတွင် ရင်းနှီးမြှုပ်နှံမှု ဥပဒေပြဋ္ဌာန်းပြီးဖြစ်၍ နည်းဥပဒေပြဋ္ဌာန်းနိုင်ရေး စတင်ရေးဆွဲရန် စီစဉ်နေပြီဖြစ်သည်။
Credit To >>> 7 Day Daily
0 comments:
Post a Comment