အိန္ဒိယရေတပ်၊ အမှတ်(၁) လေ့ကျင့်ရေး ရေယာဉ်အုပ်မှ စစ်ရေယာဉ် INS TIR၊ INS SUJATA နှင့် ICGS VARUNA တို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လည်ပတ်ရန် အတွက် ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်များက ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါ စစ်ရေယာဉ်များတွင် စစ်ရေယာဉ်မှူးဖြစ်သူ Capt. DJ REWAR ဦးစီး၍ အရာရှိ ၂၃ဝ ဦး၊ အခြားအဆင့် ၅၂ဝ ဦး၊ စုစုပေါင်း ၇၅ဝ ဦး လိုက်ပါလာ ပြီး မြန်မာနိုင်ငံ တွင် နိုဝင်ဘာ ၆ ရက်ထိ ငါးရက်ကြာ နေထိုင်၍ လေ့လာ လည်ပတ် သွားမည်ဖြစ်သည်။
Credit To >>> The Ladies News
0 comments:
Post a Comment