Friday, November 4, 2016

တရုတ်က ၀န်ချိန်အများဆုံး တင်ဆောင်နိုင်မည့် အာကာသ ဒုံးပျံတစ်စင်းကို လွှတ်တင်

ကား ၁၆ စီး၏ အလေးချိန်နှင့် ညီမျှသော ၀န်ချိန် ၂၅ တန်အထိ တင်ဆောင်နိုင်မည့် အာကာသ ဒုံးပျံယာဉ်တစ်စင်းကို တရုတ်နိုင်ငံက နိုဝင်ဘာ ၃ ရက်တွင် လွှတ်တင်လိုက်ကြောင်း နိုင်ငံပိုင် တရုတ်နိုင်ငံတကာ ရေဒီယိုသတင်းဌာနက ဖော်ပြလိုက်သည်။

Long March 5 ဟု အမည်ပေးထားသည့် အဆိုပါဒုံးပျံကို ဟိုင်နန်ပြည်နယ်တွင် မကြာသေးမီက တည်ဆောက်လိုက်သည့် ၀မ်ချန်း ဒုံးပျံစင်မှ လွှတ်တင်ခဲ့ကြောင်း ၊ ဒုံးပျံအစိတ်အပိုင်းများသည် ကြီးမားသောကြောင့် ပစ်လွှတ်စင်ရှိရာ ကျွန်းသို့ ရထားဖြင့် သယ်ဆောင်သွားရကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

ယခုစီမံကိန်းအတွက် စမ်းသပ်ပစ်လွှတ်မှုများကို ပေကျင်းမြို့အနီးရှိ လျှို့ဝှက်ပစ်စင်တစ်ခုတွင် စမ်းသပ်မှုများ လုပ်ဆောင်ခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့သောကြောင့် ကြန့်ကြာမှုများရှိခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အနာဂတ်တွင် လနှင့် အင်္ဂါဂြိုဟ်များသို့ လွှတ်တင်ရန် စီစဉ်ထားသည့် အာကာသယာဉ်များအတွက် ယခုလွှတ်တင်သည့် ဒုံးပျံယာဉ်ပုံစံအား အသုံးပြုရန် ရည်ရွယ်ထားသည်။

Credit To >>> Mizzima Burmese

0 comments:

Post a Comment