မြန်မာအသံနှင့် ရုပ်မြင်သံကြား၏ Multi Channel Playout System တွင် ရုပ်သံလိုင်း ထည့်သွင်းထုတ်လွှင့်ခြင်းလုပ်ငန်း ဆောင်ရွက်လိုသူများ EOI အဆင့် အောင်မြင်သူများ စာရင်းကို ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ Multi Channel Playout System တွင် ရုပ်သံလိုင်း ထည့်သွင်းထုတ်လွှင့်ခြင်းလုပ်ငန်း ဆောင်ရွက်လိုသည့် ကုမ္ပဏီ/အဖွဲ့အစည်းများကို Expression of Interest (EOI) တင်သွင်းစေခဲ့ရာ ကုမ္ပဏီ/အဖွဲ့အစည်း ၄၄ ခုက သတ်မှတ်နေ့ရက်အမီ တင်သွင်းခဲ့ကြောင်း၊ ယင်းသို့ တင်သွင်းခဲ့သည့် ကုမ္ပဏီ/အဖွဲ့အစည်း ၄၄ ခုကို သတ်မှတ်စံနှုန်းများနှင့်အညီ စိစစ်ရွေးချယ်ခဲ့ရာ ကုမ္ပဏီ/အဖွဲ့အစည်း ၄၂ ခုမှာ EOI အဆင့် အောင်မြင်ခဲ့ကြောင်း ယင်းထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
Credit To >>> The Voice Weekly
0 comments:
Post a Comment