Tuesday, August 6, 2013

ဂျာကာတာဗုံးပေါက်မှု မြန်မာနဲ့ဆက်နွယ်


အင်ဒိုနီးရှားနိုင်ငံ ​ဂျာကာတာမြို့က ​ဗုဒ္ဓဘာသာ ​ဘုရားဝိုင်း အတွင်း ​ဖြစ် ခဲ့တဲ့ ​ပေါက်ကွဲမှု ဟာ ​မြန်မာနိုင်ငံ မှာ ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခနဲ့ ​ဆက်နွယ်နေတယ်လို့ ​သိရပါတယ်။
လူပေါင်း ​တစ်ရာယောက် ​ဝတ်ပြုနေတဲ့အချိန်မှာ ​တံခါး ​ဝနား ​ဗုံးပေါက်ကွဲ ​ခဲ့တာဖြစ်ပြီး ​နောက် ​ဗုံး တစ်လုံး ​မှာတော့ ​မီးခိုးငွေ့တွေ ​ထွက်လာပေမယ့် ​ပေါက်ကွဲတဲ့အထိ ​မဖြစ်ခဲ့ပါဘူး။
ဗုံးတွေ ​သယ်ဆောင်လာတဲ့ ​အစိမ်းရောင် ​အိတ်နားမှာ ​စာရွက်တစ်ရွက်တွေ့ခဲ့ရပြီး ​အဲဒီစာရွက်ပေါ်မှာ ​“ရိုဟင်ဂျာတွေရဲ့ ​အော်ဟစ်သံကို ​ကျုပ်တို့ ​ကြားရတယ်” ​လို့ ​အဓိပ္ပာယ်ပါတဲ့ ​စာသားတွေ ​ရေးထား တယ် လို့ ​အင်ဒိုနီးရှားနိုင်ငံ ​သာသနာရေးရာဝန်ကြီး ​Suryadharma ​Ali ​က ​ပြောပါတယ်။
ဘုရားဝိုင်းအတွင်းက ​CCTV ​ရဲ့ ​ရိုက်ချက်တွေကို ​ပြန်လေ့လာတဲ့အခါ ​အဖြူရောင် ​ရှပ်အင်္ကျီဝတ်ထားတဲ့ ​အမျိုးသားတစ်ဦး ​ဘုရားဝင်းထဲ ​ဝင်လာပြီး ​ကျောင်းဆောင် ​အဝင်ဝနှစ်ခုနားမှာ ​အစိမ်းရောင် ​အိတ်နှစ်လုံးကို ​ချထားခဲ့တယ်လို့ ​ဆိုပါတယ်။ ​အိတ်ကိုချ ​ကျောင်းပြင်ကို ​ထွက်ခွာပြီး ​မကြာခင်မှာပဲ ​ဗုံးပေါက်ကွဲမှု ​ဖြစ်ခဲ့တဲ့အတွက် ​အဲဒီ ​ဗီဒီယိုရိုက်ချက်တွေကိုလည်း ​ရဲတွေကို ​အပ်နှံထားပြီး ​ဖြစ်ပါတယ်။
ရဲတွေကတော့ ​ဗီဒီယိုမှာ ​ပါတဲ့ပုဂ္ဂိုလ် ​ဘယ်သူ ​ဘယ်ဝါဖြစ်တယ်ဆိုတာကို ​မသိရသေးပေမယ့် ​စုံစမ်း မှုတွေ ​လုပ်နေတယ်လို့ ​ပြောပါတယ်။
မြန်မာနိုင်ငံမှာ ​မွတ်စလင်တွေ ​နှိပ်ကွပ်ခံနေရတာကို ​အင်ဒိုနီးရှားနိုင်ငံသားတွေ ​မကြေမနပ်ဖြစ်နေကြပြီး ​မကြာသေးခင်ကပဲ ​မြန်မာသံရုံးကို ​ဗုံးခွဲဖို့ ​ကြိုးစားသူ ​နှစ်ဦးကို ​အင်ဒိုနီးရှားရဲတွေ ​ဖမ်းဆီးခဲ့သလို ​ဒီနှစ် အစောပိုင်းမှာလည်း ​အင်ဒိုနီးရှားနိုင်ငံ ​ထိန်းသိမ်းရေးစခန်းမှာ ​မြန်မာနိုင်ငံက ​မွတ်စလင်နဲ့ ​ဗုဒ္ဓဘာသာ ​ဒုက္ခသည်ကြား ​ပဋိပက္ခဖြစ်ခဲ့တဲ့အတွက် ​လူရှစ်ဦး ​သေဆုံးခဲ့ရပါတယ်။
အင်ဒိုနီးရှားနိုင်ငံက ​ဗုဒ္ဓဘာသာကျောင်းကို ​ဖောက်ခွဲမှုနဲ့ ​ပတ်သက်ပြီး ​ဘာသာရေး ​ရုန်းရင်း ဆန်ခမှု ​ဖြစ်မှာ ​စိုးရိမ်နေကြသလို ​မြန်မာနဲ့ ​အင်ဒိုနီးရှား ​နှစ်နိုင်ငံစလုံးက ​အာဆီယံ အသင်းဝင်တွေဖြစ် ကြတဲ့အတွက် ​ဒေသတွင်းမှာ ​မငြိမ်မသက်မှု ​ဖြစ်မှာကိုလည်း ​စိုးရိမ်နေကြပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ​အစ္စလာမ်ဘာသာဝင်တွေရဲ့ ​ရာမာဒန်ကာလအပြီး ​အစ်ပွဲတော် ​အခါသမယ ​ကျင်းပကြတဲ့အတွက် ​လုံခြုံရေးရှိဖို့ ​ရဲတွေ ​တိုးချထားပြီး ​ဒီကာလအတွင်း ​မြို့ပေါ် ​အလုပ်လုပ်သူတွေ ​မိသားစု ​ရှိရာ ​ကျေးရွာတွေဆီ ​အလည်အပတ်သွားလေ့ရှိတဲ့အတွက် ​ကားပိတ်ဆို့မှုတွေ ​များကြောင်း လည်း ​သိရပါတယ်။

ABC Radio

0 comments:

Post a Comment