ပါဝင် ပတ်သက်နေသော ကုမ္ပဏီများမှာ Antonini Leg-nami ၊ Basso Lengnami ၊ Bellotti Spa ၊ Boogaerdt Wood ၊Gold Teak Holdings ၊ World Wood ၊ Crown Teak ၊ Keflico ၊Teak Solutions ကုမ္ပဏီတို့ ဖြစ် သည်။
အဆိုပါကုမ္ပဏီ ကိုးခုတွင် အီတလီနိုင်ငံအခြေစိုက်ကုမ္ပဏီ သုံးခု၊ နယ်သာလန်နိုင်ငံအခြေ စိုက်ကုမ္ပဏီ သုံးခု၊ ဘယ်လ်ဂျီယံ အခြေစိုက်ကုမ္ပဏီ တစ်ခု၊ ဒိန်းမတ်အခြေစိုက်ကုမ္ပဏီ တစ်ခုနှင့် ဂျာမနီအခြေစိုက်ကုမ္ပဏီတစ်ခုတို့ပါဝင် ပြီး အီတလီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်နှင့် ဂျာမနီနိုင်ငံများသို့ တင်ပို့နေခြင်း ဖြစ်သည်။
ကုမ္ပဏီကိုးခုသည် ဥရောပ သမဂ္ဂက ချမှတ်ထားသည့် စည်း မျဉ်းများကို လိုက်နာရန် ကြိုးပမ်း ခဲ့သော်လည်း ကျွန်းသစ်ထုတ် လုပ်ရောင်းချပေးသည့် မြန်မာ့ သစ်လုပ်ငန်း၏ အချက်အလက် များကို မစိစစ်ဘဲ ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။
ဒိန်းမတ်နိုင်ငံသို့ တင်ပို့နေ သော Keflico ကုမ္ပဏီသည် မြန်မာ့သစ်လုပ်ငန်းမှ ရောင်းချသော ကျွန်းသစ်များ ၀ယ်ယူရာတွင် စာ ရွက်စာတမ်းအတုများဖြင့် ထုတ် ယူထားသည့် ကျွန်းသစ်များကို သာ ၀ယ်ယူခဲ့သည်ဟု EIA အား ၀န်ခံပြောကြားထားသည်။
‘‘တောထဲကနေ သစ်ဖြတ် စက်အထိ ကုန်ထုတ်လုပ်မှုအဆင့် ဆင့်အကြောင်း သတင်းအချက် အလက်တွေကို ကျွန်တော်တို့ မသိရဘူး။ ဒါကတော့ မြန်မာအစိုးရကိုဆက်လက်ဖိအားပေးရမယ့် အရာဖြစ်ပါတယ်။ တစ်ခုတည်းသော ဖြစ်နိုင်ခြေကတော့ ကျွန်တော်တို့ ဒီအကြောင်းအရာကို စဉ်ဆက်မ ပြတ်ဆွေးနွေးနေဖို့ပဲ ဖြစ်ပါတယ်။ သစ်အ၀ယ်တော်တွေကို ခြေလှမ်းနောက်ပြန်သွားဖို့ အခွင့်မပေးသ ရွေ့ ကျွန်တော်တို့လည်း ဘာမှ မလုပ်နိုင်ဘူး’’ဟု Keflico ကုမ္ပဏီ က EIA အား ပြောကြားခဲ့သည်ဟု ဆိုသည်။
ကုမ္ပဏီကိုးခုသည် သစ်ဝယ် ယူခဲ့သည့် နိုင်ငံကို ဖော်ပြခဲ့သော် လည်း သစ်ခုတ်လှဲသော ပါမစ်ရရှိ သည့် နေရာကို မဖော်ပြနိုင်ခြင်း၊ သစ်ခုတ်လှဲခွင့်ပါမစ်များချထား ပေးရာတွင် အကျင့်ပျက်ခြစားမှု မလျော့ကျခြင်း၊ နှစ်စဉ်ခုတ်လှဲခွင့် ပါမစ်ရရှိထားသည့် တစ်ဆင့်ခံ ကန်ထရိုက်စာချုပ်ချပြမှုမရှိခြင်း၊ နှစ်စဉ်ခုတ်လှဲခွင့်ပြုသော သစ်ပမာဏထက် ကျော်လွန်ခုတ်ယူခြင်း၊ ခုတ်လှဲရာနှင့် သယ်ယူပို့ ဆောင်ရာတွင် ပြုစုထားသော စာ ရင်းဇယားများ အတည်မပြုနိုင် ခြင်းနှင့် အရင်းအမြစ်မသိရသော သစ်များဖြစ်နေခြင်းကြောင့် ဥပဒေချိုးဖောက်မှုများရှိနေသည်ဟု EIAက သတင်းထုတ်ပြန်ထားသည်။
ဥရောပသို့ ရောက်ရှိနေ သော ကျွန်းသစ်များမှာ လွန်ခဲ့ သည့် သုံးနှစ်က ခုတ်လှဲပြီးသော သစ်များဖြစ်ပြီး သစ်ခုတ်လှဲခဲ့ သည့် ခုနစ်များတွင် မြန်မာအစိုးရ ၏ သစ်ထုတ်လုပ်မှုသည် နှစ်စဉ် ခွင့်ပြုထားသည့် သစ်ခုတ်လှဲခွင့် ပမာဏထက်များခဲ့ကြောင်း EIA က ထောက်ပြထားသည်။
မြန်မာနိုင်ငံ၏ သစ်များ တရားဝင်ဖြစ်မှုကို စောင့်ကြည့်လေ့လာနေသည့် ALARM အဖွဲ့က ၂၀၁၃-၁၄ တွင် မြန်မာအစိုးရ၏ သစ်ထုတ်လုပ်မှုသည် စစ်ကိုင်းတိုင်းတစ်ခုတည်း၌ပင် သတ်မှတ်ချက်ထက်ကျော်လွန်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏ သစ်တင်သွင်းမှုဆိုင်ရာစည်းမျဉ်းများအား ကြို တင်စုံစမ်းလေ့လာနိုင်သည့် စနစ် မရှိသေးဟု ဗီယက်နမ်ကုန်သွယ် ရေးအဖွဲ့အစည်းက ထောက်ပြခဲ့ သည်။
Credit To >>> 7 Day Daily
0 comments:
Post a Comment