Tuesday, October 18, 2016

အကြမ်းဖက်မှုကြောင့် ရပ်ဆိုင်းခဲ့သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ်ကုန်သွယ်မှု ပြန်လည်စတင်


မောင်တောအခြေ စိုက်နယ်ခြားစောင့်ရဲဌာနချုပ်အ ပါအဝင် ရဲစခန်းသုံးခုကို အကာလ်မူလ်မူဂျာဟီဒင်န်အကြမ်းဖက်အ ဖွဲ့က စီးနင်းဝင်ရောက်တိုက်ခိုက် ခဲ့သည့်ဖြစ်စဉ်ကြောင့် ကုန်သွယ် မှုလုပ်ငန်းများရပ်ဆိုင်းနေခဲ့သည့် မောင်တောဒေသတွင် ယခုအခါ မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပို့ကုန်အချို့ ပြန်လည်တင်ပို့နေကြောင်း သတင်းရရှိသည်။

နယ်ခြားစောင့် ရဲစခန်းများ အကြမ်းဖက်တိုက်ခိုက်ခံရသည့် အောက်တိုဘာ ၉ ရက်က စတင်ကာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ်ဖြတ်ကျော်သွားလာမှုကို ပိတ်ထားပြီး ကုန်သွယ်မှုလုပ်ငန်းကို တရားဝင် မပိတ်ထားသော်လည်း ကုန်သွယ်မှုလုပ်ငန်းများမှာ ယင်း နေ့ကပင် ရပ်ဆိုင်းခဲ့ကြောင်း၊ သို့ သော် အောက်တိုဘာ ၁၆ ရက်က စတင်ကာ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပို့ကုန်အချို့ ပြန်လည်တင်ပို့နေ ကြောင်း မောင်တောနယ်စပ်ကုန် သွယ်ရေးစခန်းမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

‘‘ကုန်သွယ်မှုကတော့ ပုံမှန် ဖွင့်ထားပါတယ်။ ဒါပေမဲ့ ကုန် သွယ်သူတွေက ကုန်ပစ္စည်းပို့တာ၊သွင်းတာ မလုပ်တော့ ကုန်သွယ် မှုလုပ်ငန်းကလည်း ရပ်ဆိုင်းသလို ဖြစ်နေခဲ့တာဖြစ်ပါတယ်။ အခု တော့ ပို့ကုန်တချို့ ပြန်လည်တင် ပို့နေပြီဖြစ်ပါတယ်’’ဟု ၎င်းက ဆိုသည်။

လက်ရှိ မောင်တောနယ်စပ် မှ ဘင်္ဂလားဒေ့ရှ်သို့ အများဆုံး တင်ပို့သည့် ပို့ကုန်သည် ငါးခြောက်မျိုးစုံဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တင်သွင်းသည့် သွင်းကုန်မရှိသေးကြောင်း မောင်တောနယ်စပ်ကုန်သည်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်စံသိန်းက ပြောသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် မောင်တောနယ်စပ်ကုန်သွယ်ရေး စခန်း၏တစ်နှစ်လျှင် ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ငါးသန်းကျော်ရှိပြီး မြန်မာနိုင်ငံ ရှိ အခြားနယ်စပ်စခန်းများထက် ကုန်သွယ်မှုလျော့နည်းနေသည့် စခန်းဖြစ်သည်။

ကုန်သွယ်မှု တန်ဖိုးများကျဆင်းနေရသည့် အဓိက အ ကြောင်းရင်းမှာ ယခုကဲ့သို့ နယ် စပ်ပြဿနာများကြောင့်ဖြစ်ပြီး ပို့ကုန်များအပေါ် ဘင်္ဂလားဒေ့ရှ် ဈေးကွက်က ဈေးနှိမ်ဝယ်ယူခြင်း တို့ကြောင့်ဖြစ်ကြောင်း ရေထွက် ပစ္စည်း တင်ပို့သူ ဦးထွန်းဝင်းက ဆိုသည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment