
မိမိတို့နယ်မြေကို တစ်လက် မမှ အပါမခံနိုင်၊မည်သည့်လူမျိုးဖြစ်ပါစေ မြန်မာပြည်အတွင်း နေပါက နိုင်ငံ၏အာဏာ
စက်အောက်တွင် နေနိုင်ရမည်၊မနေ နိုင်ပါကထွက်သွားဟု ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ပြောကြားလိုက်သည်။
ယင်းအပြင် ရခိုင်ပြည်နယ် နယ်စပ်ရှိ တိုင်းရင်းသားကျေး ရွာများမှ ဒေသခံများအနေဖြင့်လည်း နေရပ်ကိုစွန့်ခွာမပြေးရန် နှင့် ယင်းတို့၏လုံခြုံမှုအတွက်အပြည့်အ၀တာဝန်ယူပေးမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီးကျော်ဆွေက
ထပ်မံ ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါပြောကြားချက်ကို အောက်တိုဘာလ ၁၇ ရက် နေ့ နံနက်ပိုင်းက မောင်တောမြို့ရှိ မောင်တောခရိုင် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဌာနဆိုင်ရာဝန်ထမ်းများ၏ မိသားစုဝင်များနှင့်တွေ့ဆုံစဉ် သတင်းထောက်များကို ပြောကြား လိုက်ခြင်းဖြစ်သည်။
""ငါတို့နယ်မြေကို တစ်လက်မမှ အပါမခံနိုင်ဘူး၊ ဘာလူမျိုး ဖြစ်နေနေ ငါတို့ မြန်မာပြည်တွင်းမှာနေရင် တို့နိုင်ငံရဲ့ အာဏာ စက်အောက်မှာ နေကို နေနိုင်ရမယ်၊မနေနိုင်ရင်ညောင်း""ဟု ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားလိုက်သည်။
ယင်းအပြင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက""ဒီနေရာမှာရှိတဲ့တိုင်းရင်းသားတွေ နေရပ်ကိုမစွန့်ခွာပါနဲ့။ ငါတို့ ကာကွယ်ပေးမယ်။ တို့ရဲတွေက ကာကွယ်ပေးရမယ်။ တပ်မတော်က ကာကွယ်ပေးရမယ်။ ဒီနယ်မြေကနေ တိုင်းရင်းသားတွေစွန့်ခွာသွား ခဲ့ရင်ကျန်တဲ့လူတွေဝင်
လာလိမ့်မယ်။ မ၀င်စေချင်ဘူး။
အဲဒါကြောင့် တတ်နိုင်သမျှ ဒီနယ် မြေမှာရှိတဲ့လူတွေဟာ နယ်မြေကို စွန့်ခွာပြီး ထွက်ပြေးတာမျိုးထက် ဒီနယ်မြေမှာရှိတဲ့ တိုင်းရင်းသားပြည် သူလူထုကို ငါတို့ကာကွယ်ပေးမယ်"" ဟု ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့်အပတ်က မောင် တောအခြေစိုက်ရှိ နယ်ခြားစောင့် ရဲဌာနချုပ်ဖြစ်သော ကျီးကန်းပြင် နယ်ခြားစောင့်စခန်း၊ ငခူရနယ်ခြား စောင့်စခန်းနှင့် ကိုးတန်ကောက်နယ် ခြားစောင့်စခန်းတို့အား အကြမ်းဖက် သူများက ၀င်ရောက်စီးနင်းတိုက် ခိုက်မှုဖြစ်ပွားခဲ့သည်။
ယင်းဖြစ်စဉ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်ကိုးဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိကာ လက်နက်များလည်း အမြောက်အမြားလုယူခြင်းခံခဲ့ရ ကြောင်း သိရသည်။
""ဒီလက်နက်တွေ မရလို့တော့ မဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တို့လူမျိုးအတွက် ကာကွယ်ဖို့တာဝန် ရှိတယ်။ အဲဒီတော့ ဒီလက်နက်တွေ မရမချင်းတော့ လျှော့ပေးမှာမဟုတ် ဘူး။ ပြန်ပြီးတော့ရှင်းရမယ်။ ရှာရ မယ်။ ဒီလိုမှမလုပ်ရင် တို့တာဝန်မ ကျေဘူး""ဟု ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက သတင်းထောက်များကို ပြောသည်။
လက်ရှိတွင် မောင်တောနယ် စပ်ရှိ တိုင်းရင်းသားကျေးရွာအများ အပြားမှ ဒေသခံများမှာ ယင်းတို့၏နေရပ်တွင် လုံခြုံမှုမရှိဟုဆိုကာ ရွာလုံးကျွတ်တိမ်းရှောင်လာသူများ လည်းရှိသလို သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးငယ်များ ကိုခေါ်ယူကာ မောင်တော၊ ဘူးသီး တောင်နှင့် စစ်တွေမြို့များသို့ တိမ်း ရှောင်မှုများလည်းရှိနေသည်။
နယ်ခြားစောင့်ရဲ စခန်းများကို အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် ဖြစ် ပွားအပြီး ရက်သတ္တတစ်ပတ်အ ကြာ လက်ရှိအချိန်တွင် အကြမ်း ဖက်သောင်းကျန်းသူ ၁၆ ဦးကို အစိုးရကဖမ်းဆီးထားနိုင်ပြီး ယင်း တို့အား ညှဉ်းပမ်းနှိပ်စက်ခြင်းမရှိဘဲ
တရားဥပဒေနဲ့အညီ စိစစ်စစ်ဆေး နေကြောင်းလည်း ပြည်ထောင်စု ၀န်ကြီးကဆက်ပြောခဲ့သည်။လက်ရှိတွင် မောင်တောဒေသ လုံခြုံရေးအတွက် နယ်ခြားစောင့်ရဲ တပ်ဖွဲ့အပါအ၀င်တပ်မတော်၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ လ၀က၊ အကောက် ခွန်ဌာနနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက် နေကြောင်းလည်းသိရသည်။
Credit To >>> Democracy Today
0 comments:
Post a Comment