
ပြင်သစ်၊ ရုရှားနှင့် ဂျာမနီခေါင်းဆောင်များသည် ကြမ်းတမ်းရက်စက်သော ထိုးစစ်ဆင်မှုများကို ရုရှားဘက်မှ ပြုလုပ်နေသည်ဆိုသော စွပ်စွဲချက်များကို ရပ်တန့်စေမည့် အလက်ပိုမြို့တွင် ခေတ္တအပစ်အခတ်ရပ်စဲရေး မတိုင်မီ ဗုဒ္ဓဟူးနေ့တွင် ဆီးရီးယားအရေးဆွေးနွေးရန် မော်စကိုမြို့၌တွေ့ဆုံကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံမှုသည် ရုရှားနှင့် ဆီးရီးယားလေတပ်က အလက်ပိုမြို့တွင် ဗုံးကြဲနေမှုများကိုလာမည့် ကြာသပတေးနေ့မှစတင်ကာ တစ်နေ့လျှင် ၈ နာရီကြာ တိုက်ခိုက်မှုရပ်စဲပေးမည်ဖြစ်ကြောင်း ရုရှားဘက်က ကြေညာပြီးနောက်တစ်နေ့တွင် ပြုလုပ်ခြင်းဖြစ်သည်။ အဆိုပါ ကြေညာကို ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂက ကြိုဆိုခဲ့ပြီး အကူအညီပေးရေးပစ္စည်းများကို ပို့ဆောင်နိုင်ရန် အပစ်အခတ်ရပ်စဲရေးကို အချိန်ထပ်မံတိုးမြှုင့်ရန်လိုအပ်ကြောင်း ပြောဆိုခဲ့ကြသည်။
Wednesday, October 19, 2016
အလက်ပိုမြို့တွင် အချိန်ပိုင်းအပစ်အခတ်မရပ်စဲမီ ပြင်သစ်သမ္မတ နှင့် ဂျာမနီဝန်ကြီးချုပ်တို့ကို ရုရှားသမ္မတပူတင်တွေ့ဆုံမည်
Credit To >>> Democracy Today
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment