
ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းတွေအနေနဲ့ အဆောက်အဦးတွေတည်ဆောက်ရာမှာ သတ်မှတ်စံချိန်စံ ညွှန်းတွေနဲ့တည်ဆောက်လုပ်ကိုင်ခြင်းရှိမရှိနဲ့ စည်ကမ်းလိုက်နာခြင်းရှိမရှိစတာတွေကို စောင့်ကြည်စစ်ဆေးတဲ့ လွတ်လပ်တဲ့အဖွဲ့အစည်းတစ်ခုထားရှိဖို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသက်ထွန်းဝင်းက လွှတ်တော်မှာတင်သွင်းခဲ့တာလည်းဖြစ်ပါတယ်။အဆိုနဲ့ပက်သက်ပြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆောက်လုပ်ရေးလုပငန်းတွေအားလုံးသက်ဆိုင်နေတာမို့လည်း ပြည်ထောင်စုအဆင့်အနေဖြင့်
အဆိုတင်သွင်းပါက ပိုမိုသင့်လျော်တယ်ဆိုပြီး အောက်တိုဘာ ၁၂ ရက် တိုင်းဒေသကြီးလွှတ်တော် ဖြေဆိုသွားခဲပါတယ်။
မြို့တော်ဝန်က “ ဒီလိုအဖွဲ့အစည်းတွေဖွဲ့တာက နိုင်ငံတော်အခွန်ဘဏ္ဍာတိုးတက်ဖို့ထက် Third Party အဖွဲ့အစည်းတွေက အရည်အသွေးမှန်မှန်ကန်ကန်ရရှိရေးကိုသာ လုပ်ဆောင်ရမှာကြောင့် ရန်ကုန်တိုင်းအနေနဲ့ပဲစဉ်းစားမလား၊ပြည်ထောငစုအဆင့်တင်နိုင်ရင် ပိုကောင်းပါမယ်”လို့ဖြေကြားပါတယ်။
နိုင်ငံအတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းတွေဖြစ်သလို ဆောက်လုပ်ရေးဝန်ကြီးဌာနမှာလည်း ပြည်ထောင်စုအဆင့်ဖြစ်တာမို့ ရန်ကုန်တိုင်းတစ်ခုတည်းအဖြစ်မကြည်ပဲနဲ့ ပြည်ထောင်စုအဆင့်ဖြင်သာ လွှတ်တော်မှာတင်သင့်တယ်လို့ သူကည့်သွင်းပြောဆိုတာဖြစ်ပါတယ်။အဆိုနဲ့ပက်သက်ပြီးတိုင်းလွှတ်တော်မှာ ဆွေးနွေးသင့်မသင့် မဲခွဲဆုံးဖြတ်ခဲ့ပြီး ထောက်ခံသလွှတ်တော်ကိုယ်စား လှယ် ၄၉ ဦးအထိရှိတာကြောင့် ယင်းအဆိုကို လာမယ့် ၂၁ ရက်နေ့မှာ ဆွေးနွေးအတည်ပြုသွာဖို့ရှိနေပါတယ်။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment