
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်သေတ္တာတင်မော်တော်ယာဉ်ကြီးများ ဖြတ်သန်းသွားလာမှုကို အချိန်ပြန် လည်ကန့်သတ်သွားမယ်လို့ မြို့တော်စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတွေထံက သိရပါတယ်။
အဆိုပါမော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာဖို့ ခွင့်ပြုထားတဲ သတ်မှတ်လမ်းမကြီးတွေပေါ်မှာ ယာဉ်သွားလာ ချိန်ကို ည ၈ နာရီမှ နံနက် ၅ နာရီအတွင်းသာ ခွင့်ပြုသွားလာခွင့်ပြုတော့မှာဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့နဲ့မြို့ တော်စည်ပင်သာယာရေးကော်မတီတို့က ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။
ယင်းထုတ်ပြန်ချက်အရ ကုန်တင်မော်တော်ယာဉ်ကြီးတွေအနေနဲ့ လာမယ့်နိုဝင်ဘာ ၁ ရက်နေ့ကစတင်ပြီး ည အချိန်ရောက်မှသာ ကုန်စည်သယ်ယူပို့ဆောင်ရမှာဖြစ်တာကြောင့်လည်း လုပ်ငန်းရှင်နဲ့ကားဂိတ် လုပ်ငန်းရှင် တွေက ဝေဖန်မှုတွေလည်းရှိပါတယ်။
ကုန်တင်ယာဉ်တွေအနေနဲ့ စက်ရုံ၊အလုပ်ရုံတွေမှ ကုန်တင်ပြီးတာတောင် သတ်မှတ်ချိန်ရောက်မှသာ စတင် ထွက်ခွာရမယ့်ပုံစံဖြစ်နေပြီး ပုတ်သိုးပျက်စီးလွယ်တဲ့ကုန်စည်တွေ သယ်ယူပို့ဆောင်ရာမှာ အခက်အခဲတွေရှိ လာနိုင်ပြီး ဆိပ်ကမ်း X-way စစ်ဆေးမှုတွေကိုလည်း အချိန်ပြောင်းလဲဖို့လိုအပ်လာမယ့်လို့လည်း လုပ်ငန်းရှင် တွေကပြောပါတယ်။
မြို့တော်စည်ပင်တာဝန်ရှိသူတွေကတော့ မြို့တွင်းယာဉ်ကျောကျပ်တည်းမှုတွေကို လျော့ချနိုင်ဖို့စီစဉ်ရတာဖြစ် တယ်လို့လည်းသိရပါတယ်။ လက်ရှိကုန်သေတ္တာတင်မော်တော်ယာဉ်ကြီးတွေကို ကမ်းနားလမ်း၊ဘုရင်နောင် လမ်း ၊ဒေါပုံ၊သန်လျင်၊သာကေတတွေက မြို့ရှောင်လမ်းတွေကိုသာ ဖြတ်သန်းသွားလာခွင့်ပြုထားတာလည်းဖြစ် ပါတယ်။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment