Friday, September 23, 2016

သူပုန်တို့ထိန်းချုပ်ထားသော အလက်ပိုမြို့ကို ထိုးစစ်ဆင်တော့မည်ဖြစ်ကြောင်း ဆီးရီးယားစစ်တပ် ကြေညာ

စစ်တလင်းဖြစ်နေသော အလက်ပိုမြို့အရှေ့ဘက်ရှိ သူပုန်တို့ထိန်းချုပ်ထားသော နယ်မြေကို ပြန်လည်သိမ်းပိုက်ရန် ထိုးစစ်ဆင်တော့မည်ဖြစ်ကြောင်း ဆီးရီးယားစစ်တပ်က ကြာသပတေးနေ့တွင် ကြေညာလိုက်ပြီး တိုက်ခိုက်ရေးသမားအများစုရှိသည့် နေရာများမှ ဒေသခံများအနေဖြင့် ရှောင်ရှားနေထိုင်ကြရန် သတိပေးထားကြောင်းသိရသည်။ နိုင်ငံပိုင်းသတင်းဌာန SANA ၏ အဆိုအရ "မြို့၏ အရှေ့ဘက်ခရိုင်များတွင် စစ်ဆင်ရေး စတင်လိုက်ပြီဖြစ်ကြောင်း စစ်တပ်ဘက်က ကြေညာလိုက်ပြီး အကြမ်းဖက်အဖွဲ့များရှိရာနေရာမှ ဝေးကွာသော နေရာတွင်နေထိုင်ကြရန် ဒေသခံများကို ဆော်သြထားကြောင်း" ဖော်ပြထားသည်။ အလက်ပိုမြို့တွင် စစ်မီးငြှိမ်းနိုင်ရေးနှင့်အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို ဆက်လက်ထိန်းသိမ်းရန် နယူးယောက်မြို့တွင် အမေရိကန်ပြည်ထောင်စုနှင့် ရုရှားတို့ နောက်ဆုံး တွေ့ဆုံခဲ့ကြပြီးနောက် ယင်းကြေညာချက်ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ အရပ်သားများအတွက် နေရာရွှေ့ပြောင်းချထားရေးအတွက် အစီအမံများကို စစ်တပ်က လုပ်ဆောင်သွားမည်ဖြစ်ပြီး စစ်ဆေးရေးဂိတ်များသို့ ရောက်ရှိလာသူများကို ဖမ်းဆီးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
Credit To >>> Democracy Today

0 comments:

Post a Comment