ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်း ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုခွင့်ပြုမိန့် လျှောက်ထားရာ၌ အလွယ်တကူဖတ်ရှုနိုင်ရန်အတွက် လမ်းညွှန်စာအုပ်အား ထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်
ယခုအခါ ၎င်းလမ်းညွှန်စာအုပ်အသစ်အား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ Website ဖြစ်သော http://www.dica.gov.mm ၌ Download ရယူနိုင်ပြီဖြစ်ပါတယ်မြန်မာနိုင်ငံတွင် စက်မှုကဏ္ဍများဖြစ်သည့် ဆောက်လုပ်ရေး၊ သတ္တုနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းကဲ့သို့သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုခွင့်ပြုမိန့်(MIC ခွင့်ပြုမိန့်) တစ်ခုလိုအပ်မည်ဖြစ်ပါတယ်
ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ၎င်းတို့၏ စီးပွားရေး လုပ်ငန်းများမဆောင်ရွက်မီ အခွင့်အရေးများ (သို့မဟုတ်) အခွန်သက်သာခွင့်များခံစားနိုင်ရန် MIC ခွင့်ပြုမိန့်လျှောက်ထားရန်လိုအပ်ပါတယ်
မြန်မာနိုင်ငံအစိုးရသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအားတိုးမြှင့်ရန်ရည်ရွယ်ပါသဖြင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းတွင်MIC ခွင့်ပြုမိန့်ရရှိရေး လမ်းညွှန်ချက်အား ရှင်းလင်းလွယ်ကူစွာလိုက်နာဖို့ရန်သည် အရေးကြီးပါတယ်ယခုလမ်းညွှန်စာအုပ်အသစ်သည် အလားအလာရှိသောရင်းနှီးမြှုပ်နှံသူများအား ကုန်ထုတ်လုပ်မှုကဏ္ဍတွင် MICခွင့်ပြုမိန့်ရယူရာ၌ ရှင်းလင်းသော လမ်းညွှန်ချက်များ၊ အသုံးဝင်သောပုံစံများ၊ မေးလေ့မေးထရှိသော မေးခွန်းများနှင့်အကြံပြုချက်များကိုပေးပါမယ်ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည်ဂျာမနီအပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(GIZ)၏ နည်းပညာအကူအညီရယူ၍ ယခုလမ်းညွှန်စာအုပ် အသစ်အား ထုတ်ဝေခဲ့ခြင်းဖြစ်ပါတယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် ယခုလမ်းညွှန်စာအုပ်အပြင် ဌာန၏ Website အသစ်နှင့် အခြားပုံနှိပ်ထုတ်ဝေခြင်းများဖြင့်လည်း ပိုမိုပွင့်လင်းမြင်သာမှုရှိစေရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်
ယခုလမ်းညွှန်စာအုပ်သည် ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ပြဌာန်းသည့်အချိန်၌ Update ပြုလုပ်မည်ဖြစ်ပါတယ်
အင်္ဂလိပ်ဘာသာ လမ်းညွှန်စာအုပ်နှင့် မြန်မာဘာသာ လမ်းညွှန်စာအုပ်အား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ Website ဖြစ်သော http://www.dica.gov.mm ၌Download ရယူနိုင်ပြီ ဖြစ်ပါတယ်အင်္ဂလိပ်ဘာသာ လမ်းညွှန်စာအုပ်အား ရယူရန်
Download Link:http://www.dica.gov.mm/…/dica.gov…/files/uploads/mic_eng.pdf
မြန်မာဘာသာ လမ်းညွှန်စာအုပ်အား ရယူရန်
Download Link:http://www.dica.gov.mm/…/dica.gov.…/files/uploads/mic_mm.pdf
အင်္ဂလိပ်ဘာသာ လမ်းညွှန်စာအုပ်နှင့် မြန်မာဘာသာ လမ်းညွှန်စာအုပ်အား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ Website ဖြစ်သော http://www.dica.gov.mm ၌Download ရယူနိုင်ပြီ ဖြစ်ပါတယ်အင်္ဂလိပ်ဘာသာ လမ်းညွှန်စာအုပ်အား ရယူရန်
Download Link:http://www.dica.gov.mm/…/dica.gov…/files/uploads/mic_eng.pdf
မြန်မာဘာသာ လမ်းညွှန်စာအုပ်အား ရယူရန်
Download Link:http://www.dica.gov.mm/…/dica.gov.…/files/uploads/mic_mm.pdf
Credit To >>> Directorate of Investment and Company Administration
0 comments:
Post a Comment