Thursday, September 22, 2016

ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်အ ဖြစ် Alibaba တည်ထောင်သူ Jack Ma ဖြစ်လာ

နာမည်ကြီး e-commerce လုပ်ငန်းကြီးဖြစ်တဲ့ Alibaba တည်ထောင်သူနဲ့ဥက္ကဌဖြစ်သူ Jack Ma ဟာ ယခုအခါ ကုလသမဂ္ဂ အဖွဲ့တစ်ခုရဲ့ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် အမည်စာရင်းတင်သွင်းခြင်းခံရတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ ကုန်သွယ်မှုနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ကွန်းဖရင့် UNCTAD အတွက်လူငယ် စီးပွားရေးစွမ်းဆောင်မှုပိုင်းနဲ့ အသေးစားစီးပွားရေးပိုင်းဆိုင်ရာ အထူးအကြံပေးအဖြစ် ခန့်အပ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။UNCTAD မှာ အထူးအကြံပေးပုဂ္ဂိုလ်ဖြစ်လာမယ့် အသက် ၅၂ နှစ်အရွယ် Jack Ma အနေနဲ့ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေက လူငယ် စွန့်ဦးစီးပွားရေးလုပ်ငန်ရှင်တွေနဲ့ အသေးစားလုပ်ငန်းလုပ်ကိုင်သူတွေအတွက် ကမ္ဘာ့ကုန်သွယ်မှုပိုင်းမှာ ပါဝင်တဲ့နေရာမှာ ပိုမိုလွယ်ကူစေနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေအကြံပြုပေးမှာဖြစ်ပါတယ်။ အလားတူ ၂၀၃၀ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်နဲ့ပတ်သက်လို့လည်း ပိုမိုသိရှိနိုင်ဖို့ကိုလည်း လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။“ Ma ဟာ တကယ့်ကို သြဇာလွှမ်းမိုးမှုရှိပြီး လေးစားစရာစီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးပါ၊ အင်တာနက်ခေတ်မှာလည်း စွန့်ဦးလုပ်ဆောင်သူ၊ တီထွင်ဆန်းသစ်သူ၊ စွန့်ဦးလုပ်ငန်းရှင်နဲ့ ပရဟိတသမားတစ်ဦးဖြစ်ပါတယ်”ဆိုပြီး UNCTAD အတွင်းရေးမှူးချုပ် Mukhisa Kituyi က ပြောသွားပါတယ်။
Jack Ma ဟာ Alibaba ကို ၁၉၉၉ ခုနှစ်က တည်ထောင်ခဲ့တာဖြစ်ပြီးတော့အင်တာနက်ရဲ့ စွမ်းအားကို အသုံးချပြီး လုပ်ငန်းကို အောင်မြင်အောင်စွမ်းဆောင်ပေးထားနိုင်သူဖြစ်ပါတယ်။၎င်းဟာ ပြီးခဲ့တဲ့ကာလကတည်းက အီလက်ထရောနစ် ကမ္ဘာ့ကုန်သွယ်မှုပလက်ဖောင်း ထူထောင်ရမယ်ဆိုတဲ့ အယူအဆကိုလည်း တင်သွင်းအဆိုပြုထားခဲ့သူဖြစ်ပါတယ်။ ယင်း အယူအဆအရ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေအနေနဲ့ ကမ္ဘာ့စီးပွားရေးထဲမှာ အပြည့်အ၀ထဲထဲဝင်ဝင် ပါဝင်လုပ်ကိုင်ခွင့်ရကြမှာဖြစ်တယ်လို့ သိရပါတယ်။
Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment