Monday, August 1, 2016

TPP စာချုပ်အကောင်ထည်မဖော်နိုင်ရင် စီးပွားရေးအခွင့်အလမ်း အားလုံး တရုတ်ကို လွှဲပေးရလိမ့်မယ်လို့ အမေရိကန်သတိပေး

လက်ရှိ အမေရိကန်ဦးဆောင်တဲ့ နိုင်ငံပေါင်း ၁၂ နိုင်ငံပါဝင်လက် မှတ်ရေးထိုးထားပြီးဖြစ်တဲ့ ပစိဖိတ်ဒေသဖြတ်ကျော် ပူးပေါင်းကုန်သွယ်မှုစာချုပ် (TPP) ကို လက်တွေ့ကျကျ အကောင်အထည်မဖော်နိုင်ဘူးဆိုရင် အခွင့်အရေးတွေအားလုံး တရုတ်ကိုလွှဲပေးလိုက် ရနိုင်တယ်ဆိုပြီး အမေရိကန် ထိပ်တန်းကုန်သွယ်ရေးအရာရှိတစ်ဦး
က ဇူလိုင် ၂၈ ရက်မှာ သတိပေးသွားပါတယ်။
ဒါ့အပြင် TPP မရှိဘဲ လက်ရှိအချိန်မှာ အလုပ်အကိုင်ဖန်တီးမှုနဲ့ပတ်သက်လို့ အခက်ကြုံနေရတဲ့ တကယ့်ပြဿနာအစစ်အမှန်တွေကို လည်း ဘယ်လိုနည်းနဲ့မှ ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ အမေရိကန်ကုန်သွယ်ရေးအရာရှိ Michael Froman က ပြောကြားသွားပါတယ်။အခွန်ကောက်ခံမှုတွေ လျှော့ချထားတဲ့ ယင်း TPP စာချုပ်ဟာ လက်ရှိအချိန်မှာတော့ အမေရိကန်တို့ရဲ့ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအကြို ကာလတွေမှာ အဓိကဆွေးနွေးဆုံးဖြတ်သွားကြရတော့မယ့် ကိစ္စရပ်တစ် ခု ဖြစ်လာလို့နေပါပြီ။
အလားတူစာချုပ်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ နိုင်ငံတွင်းမှာရှိတဲ့ အမတ်အများစုရဲ့ ထောက်ခံမှုကိုလည်း အသည်းအသန်လိုအပ်နေခဲ့ပါပြီ။လက်ရှိအချိန်မှာဆိုရင် နိုင်ငံပေါင်း ၁၂ နိုင်ငံ ပါဝင်လက်မှတ်ရေးထိုး ထားပြီးဖြစ်တဲ့ TPP စာချုပ်ဟာ လက်တွေ့ကျင့်သုံးအကောင်အ ထည်ဖော်ဖို့အတွက် အတည်ပြုချက်စောင့်ဆိုင်းနေရတာဖြစ်ပါတယ်။TPP စာချုပ်ကို ကွန်ဂရက်က အတည်ပြုလက်မှတ်ရေးထိုးပေးလိမ့်မယ်လို့ ယုံကြည်ထားကြောင်း အမေရိကန် ကုန်သွယ်ရေးအရာရှိ Michael Froman က ဆိုပါတယ်။
" ဒေသတွင်းမှာ ကျွန်တော်တို့ နိုင်ငံရဲ့ဦးဆောင်နိုင်မှုကို ဆက်လက်ခိုင်မြဲစေနိုင်မယ့် ဒီအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးရမှာမဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်ထားပါတယ်၊ ဒီလိုအခွင့်အလမ်းတွေအားလုံးကို တရုတ် ကိုလွှဲပေးလိုက်ရတဲ့အထိဆုံးရှုံးမှုတွေဖြစ်လာအောင် ကွန်ဂရက်က ဆုံးဖြတ်လိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး" လို့ ၎င်းကပြောသွားပါတယ်။လက်ရှိအချိန်မှာတော့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရန့် က TPP စာချုပ်ဟာ အလုပ်အကိုင်တွေကို သတ်ပစ်နိုင်တဲ့ အရာတစ်ခုဖြစ်တယ်လို့ ပြစ်တင်ပြောကြားထားချိန်မှာ ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီကတော့ ထရန့်နဲ့ဆန့်ကျင်တဲ့သဘောထားရပ်တည်ချက်ကို ထုတ်ပြောထားပါတယ်။

Credit To >>>SFJ Strategy First Journal

0 comments:

Post a Comment