Monday, August 1, 2016

မြန်မာနိုင်ငံတွင် ဓါတ်အားပေးစက်ရုံ တည်ဆောက်လုပ်ကိုင်ဖို့ ကိုရီးယားရဲ့ POSCO Daewoo ကုမ္ပဏီ ရွေးချယ်ခံရ


မြန်မာနိုင်ငံမှာ သဘာဝ ဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံတစ်ရုံတည်ဆောက်ဖို့အတွက် တောင်ကိုရီးယားရဲ့ POSCO Daweoo ကုမ္ပဏီ ရွေးချယ်ခံခဲ့ရတယ်လို့ အဆိုပါ ကုမ္ပဏီကဇူလိုင်လ ၃၁ ရက်မှာ ပြောကြားလိုက်ပါတယ်။

POSCO Daweoo ကုမ္ပဏီဟာဆိုရင် ယင်းရဲ့ မတူညီတဲ့စီးပွားရေးလုပ်ငန်းတွေကို အမျိုးမျိုးခွဲထုတ်လုပ်ဆောင်နေခဲ့လျက်
ရှိပါတယ်။ ယခုလို သဘောတူညီမှုရခဲ့တဲ့ ဓါတ်အားပေးစက်ရုံ လုပ်ငန်းဟာဆိုရင်လည်း ယင်းကုမ္ပဏီအတွက် အခွင့်အလမ်းတစ်ခုဖြစ်လာဖို့ရှိနေပြီးတော့ ရေရှည်မှာ ၀င်ငွေ စီးဆင်းမှုရင်းမြစ်တစ်ခုဖြစ်လာဖို့ ရှိတယ်လို့ သိရပါတယ်။
ကုမ္ပဏီဟာဆိုရင် ယခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံရဲ့လျှပ်စစ်စွမ်းအား လုပ်ငန်းနဲ့ ဓါတ်အား ၀ယ်ယူရေး သဘောတူစာချုပ်တစ်ရပ်ကိုလက်မှတ်ရေးထိုးသွားဖို့ စီစဉ်နေပြီးတော့ ရန်ကုန်မြို့ရဲကအနောက်မြောက်ဘက် ကီလိုမီတာ ၂၇၀ အကွာရွှေတောင်မြို့မှာ ၇၀ မီဂါဝပ် သဘာဝဓါတ်ငွေ့သုံးဓါတ်အားပေးစက်ရုံတစ်ရုံကို တည်ဆောက်သွားဖို့ ရှိနေပါတယ်။
ယခု သဘောတူညီချက်အောက်မှာတော့ ကုမ္ပဏီအနေနဲ့ ယင်းစက်ရုံကို နှစ်ပေါင်း ၂၀ ထိ လည်ပတ်လုပ်ဆောင်သွားဖို့ရှိနေပြီးအနီးအနားဒေသတွေက စီးပွားရေးလုပ်ငန်းတွေနဲ့ အိမ်ထောင်စုတွေကို ဓါတ်အားတွေ ဖြန့်ဖြူးပေးသွားမယ်လို့မျှော်လင့်ရပါတယ်။ ယင်း ဓါတ်အားပေးစက်ရုံတည်ဆောက်မှုကတော့လာမယ့် ၂၀၁၉ ခုနှစ်မှာ ပြီးစီးမယ်လို့ ခန့်မှန်းရပါယ်။
အလားတူ သဘောတူစာချုပ်လက်မှတ်ရေးထိုးပြီးတာနဲ့ လာမယ့်နှစ်အစောပိုင်းမှာ စက်ရုံတည်ဆောက်ရေး
ကန်ထရိုက်နဲ့ အခြားလုပ်ငန်းလက်တွဲဘက်တွေကိုရွေးချယ်ရှာဖွေသွားဖို့ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၃ ကတည်းက အဆိုပါ ကုမ္ပဏီဟာမြန်မာနိုင်ငံ အနောက်မြောက် ကမ်းရိုးတန်းပြင်ပ ပင်လယ်ပြင်မှာ သဘာဝဓါတ်ငွေ့လာရောက်ထုတ်လုပ်နေခဲ့ပြီးတော့ အများစုကို တော့ တရုတ်နိုင်ငံကိုရောင်းချနေခဲ့ပါတယ်။

Credit To >>>SFJ Strategy First Journal 

0 comments:

Post a Comment