Monday, August 1, 2016

ဘဏ်ဝန်ထမ်းတွေရဲ့ ဆန္ဒပြမှုကြောင့် အိန္ဒိယဘဏ်လုပ်ငန်းတွေ အားလုံးထိခိုက်မှုကြုံတွေ့နေ


အစိုးရရဲ့ ဘဏ်လုပ်ငန်းပြုပြင်ပြောင်းလဲမယ့် အစီအစဉ်တွေအပေါ် နိုင်ငံမှာရှိတဲ့ ဘဏ်ဝန်ထမ်းပေါင်း ၁ သန်းလောက်က လက်မခံဘဲ ကန့်ကွက်ဆန္ဒပြနေကြတာကြောင့် နိုင်ငံတစ်ဝန်းက ဘဏ်လုပ်ငန်းစဉ်တွေအပေါ် ဆိုးဆိုးရွားရွား ထိခိုက်ပျက်ပြားစေလျက်ရှိတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
အစိုးရပိုင်ဘဏ်ကြီးတစ်ခုဖြစ်တဲ့ IDBI ဘဏ်ကို ပုဂ္ဂလိပိုင်ပြုလုပ်ဖို့နဲ့ နိုင်ငံပိုင် State Bank of India နဲ့ ယင်းရဲက ဘဏ်ခွဲတွေကိုပေါင်းစည်းလိုက်ဖို့ ၀န်ကြီးချုပ်နာရင်ဒါမိုဒီအစိုးရက အဆိုပြု ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အစိုးရရဲ့ အဆိုပြုချက်အပေါ် ဘဏ်ဝန်ထမ်းတွေက လက်သင့်မခံခဲ့ဘဲ ယခုလို ဆန္ဒပြကန့်ကွက်နေခဲ့တာကြောင့် ငွေသွင်း၊ငွေထုတ်၊ ငွေလွှဲစတဲ့ ဘဏ်လုပ်ငန်းတွေအားလုံးအပေါ် ထိခိုက်စေလျက်ရှိနေတာဖြစ်ပါတယ်။

ယခုလို အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကြောင့် အလုပ်အကိုင်တွေ ဆုံးရှုံးသွားနိုင်တဲ့အရေးကြောင့် ခုလိုမျိုးဝန်ထမ်းတွေဘက်က ဆန္ဒပြကန့်ကွက်နေကြတာလည်းဖြစ်ပါတယ်။

ဇူလိုင်လ ၂၉ ရက်ကဆိုရင် နိုင်ငံမှာရှိတဲ့ ပုဂ္ဂလိကနဲ့အစိုးရပိုင်ဘဏ်ပေါင်း ၄၀ က ဘဏ်ဝန်ထမ်း ၁ သန်းကျော်ဟာ ယင်းမူဝါဒအပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

အခုလို ဆန္ဒပြမှုတွေကြောင့်နေ့စဉ်လုပ်ရိုးလုပ်စဉ်ဘဏ်လုပ်ငန်းတွေဖြစ်တဲ့ ငွေသွင်းငွေထုတ်တာ၊ စာရင်းလွှဲပြောင်းတာမျိုးတွေအပေါ် ထိခိုက်မှုတွေရှိနေလျက်ရှိနေပေမယ့် အေတီအမ်နဲ့ Mobile banking လိုမျိုး အခြားဘဏ်လုပ်ငန်းတွေအပေါ်မှာတော့ ထိခိုက်စေခြင်းမရှိဘူးလို့လည်း သိရပါတယ်။

" ကျွန်တော် ဒီရက်ပိုင်း ငွေထုတ်ဖို့ရှိပါတယ်၊ ပမာဏကတော်တော်များလို့ ပြီးခဲ့တဲ့သုံးရက်ကပဲ ဘဏ်ကို ကြိုတင်အကြောင်းကြားထားပြီးပါပြီ၊ ဒါပေမယ့်လည်း ခုလိုဆန္ဒပြမှုတွေ ဖြစ်လာမယ်လို့ ဘဏ်ဘက်က ကျွန်တော့်ကိုကြိုအသိမပေးခဲ့ပါဘူး၊ ခုကျွန်တော့် အလုပ်အပေါ် ထိခိုက်နေပါပြီ၊ ငွေထုတ်လို့လည်း မရတော့ ATM ကနေ အကန့်အသတ်နဲ့ပဲ ထုတ်လုပ်ခဲ့ပါတယ်" ဟု ဆိုပြီး အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Bharat Bhushan က ပြောသွားပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment