Wednesday, August 3, 2016

မြန်မာနိုင်ငံရဲ့ အီလက်ထရောနစ် ငွေလွှဲငွေယူ စနစ် (National Financial Switching system )တည်ဆောက်ရေးလုပ်ငန်းမှာ ဗီယက်နမ်ရဲ့ FPT ရင်းနှီးမြှုပ်နှံသွားမည်

နိုင်ငံတွင် အီလက်ထရောနစ် ငွေလွှဲငွေယူစနစ် အကောင်အထည်ပေါ်လာဖို့အတွက် အဓိက ရင်းနှီးမြှုပ်နှံမယ့်သူအဖြစ် ဗီယက်နမ်ရဲ့ FPTကော်ပိုရေးရှင်းကို Myanmar Payment Union (MPU) က
ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါ စနစ်တစ်ခုလုံးကို FPT က တစ်နှစ်အတွင်း ငွေကြေးထောက်ပံ့ပြီးအကောင်အထည်ဖော်ပေးသွားမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့နိုင်ငံရဲ့ ငွေလွှဲငွေယူမှု အားလုံးရဲ့ ၉၅ ရာခိုင်နှုန်းလောက်ဟာ ငွေသားနဲ့
လုပ်ဆောင်နေလျက်ရှိပါသေးတယ်။
ယင်းတို့ရဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးပွဲကို ၃၁ရက်-ဇူလိုင်လ-၂၀၁၆ခုနှစ်က Melia Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ လက်မှတ်ရေးထိုးပွဲကို မြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် Mr.Vu Duc Dam၊ ဗီယက်နမ်နိုင်ငံပြည်နယ်ဘဏ် လက်ထောက်အုပ်ချုပ်ရေးမှူး Mr.Nguyen Kim Anh နဲ့ မြန်မာ့ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မောင် တို့ကတက်ရောက်ခဲ့ပါတယ်။
ဗီယက်နမ်ရဲ့ FPT အနေနဲ့ ယခုစနစ်ထူထောင်မှာ ပါဝင်လုပ်ကိုင်ပေးသူအဖြစ် ဆယ်နှစ် ရှိနေပေးမှာဖြစ်ပြီးတော့ ယင်းကနေတဆင့် လုပ်ငန်းအကျိုးအမြတ်ဝင်ငွေတွေ ရရှိနိုင်ဖို့ရှိနေပါတယ်။ လတ်တစ်လောမှာတော့ မြန်မာနိုင်ငံတွင်းက ပြည်တွင်း ဘဏ္ဍာရေးအဖွဲ့အစည်းပေါင်း ၄၀ လောက်ရှိတဲ့အနက်က ၂၄ ခုလောက်ပဲ MPU နဲ့ ချိတ်ဆက်မှုရှိပါသေးတယ်။
ပုံမှန် ဘဏ်လုပ်ငန်း ၀န်ဆောင်မှုတွေဖြစ်ကြတဲ့ ATM ၊ POS ၊ E-commerce ၊ မိုဘိုင်းပစ္စည်းတွေအတွက် တန်ဖိုးပေါင်းထည့်ဝန်ဆောင်မှုတွေ၊ EMV နဲ့ အီလက်ထရောနစ် ငွေတောင်းခံမှု စနစ်တွေအတွက် အခု လုပ်ဆောင်သွားမယ့် ငွေပးချေမှုစနစ်သစ်ကို အကောင်အထည်ဖော်ပေးသွားမှာဖြစ်ပါတယ်။
“ အခု လုပ်ဆောင်မယ့် စီမံကိန်းအရ FPT က သူ့ရဲ့ လုပ်ငန်းပါ့တနာတွေနဲ့တွဲဖက်ပြီးတော့ MPU ကို ကူညီပေးသွားမှာဖြစ်ပါတယ်၊ မြန်မာအစိုးရအနေနဲ့ကလည်း နိုင်ငံရဲ့ ငွေပေးချေမှုစနစ်ကို ခေတ်နဲ့အညီ ပြောင်းလဲသွားနိုင်ဖို့ အရှိန်မြင့်လုပ်ဆောင်ပေးနေပါတယ်” ဆိုပြီး FPT ရဲ့ သတင်းအချက်အလက်စနစ်ဆိုင်ရာ စီအီးအို Pham Minh Tuan က ပြောသွားပါတယ်။
ဗီယက်နမ်နိုင်ငံမှာဆိုရင်လည်း FPT ဟာ ယင်းရဲ့ ဖောက်သည်တွေအများအပြားအတွက် အီလက်ထရောနစ် ငွေလွှဲငွေယူစနစ်ကို အကောင်အထည်ဖော်ပေးထားသလို ယင်းတို့ထဲမှာတော့ ဗီယက်နမ် အမျိုးသားအီလက်ထရောနစ် ငွေလွှဲငွေယူ ကုမ္ပဏီ နဲ့ Vietcombank ၊ BIDV နဲ့ Sacombank တို့ပါဝင်နေပါတယ်။
Credit To >>>SFJ Strategy First Journal 

0 comments:

Post a Comment