Wednesday, August 3, 2016

မြန်မာနိုင်ငံမှာ အထူးစီးပွားရေးဇုန် လာရောက်ထူထောင်ဖို့ အိန္ဒိယ စီစဉ်နေ

အိန္ဒိယ အစိုးရဟာ မြန်မာနိုင်ငံမှာ အထူးစီးပွားရေးဇုန် SEZ တစ်ခု လာရောက်ထူထောင်သွားဖို့ ပြင်ဆင်နေတယ်လို့ သတင်းတစ်ရပ်မှဖော်ပြထားပါတယ်။ ဆိပ်ကမ်းတစ်ခု တည်ဆောက်ထားပြီးဖြစ်တဲ့ စစ်တွေမြို့မှာ ယင်း စီမံကိန်းကို လုပ်ဆောင်ဖို့ အိန္ဒိယဘက်က စီစဉ်နေတာဖြစ်ပါတယ်။

အိန္ဒိယအစိုးရက လုပ်ဆောင်ဖို့ ပြင်ဆင်နေတဲ့ စီးပွားဇုန်ဟာဆိုရင် စစ်တွေမြို့ရဲ့ ကီလိုမီတာ ၈၀ အကွာမှာရှိတဲ့ တရုတ်တို့လုပ်ဆောင်နေတဲ့အထူးစီးပွားရေးဇုန် နဲ့ အပြိုင်အဆိုင်ဖြစ်လာနိုင်မှာဖြစ်ပါတယ်။ဒေလီအစိုးရဟာ ဆိုရင် ယခု လုပ်ဆောင်မယ့် စီးပွားရေးဇုန်ကို +ယင်းရဲ့ စီးပွားရေး အချက်အချာနေရာတစ်ခုလို အသုံးပြုသွားဖို့ ရှိနေပါတယ်။
လက်ရှိအချိန်မှာ တရုတ်တို့က ကုန်းရေ လမ်းကြောင်းစီမံကိန်းတွေကို အကောင်အထည်ဖော်နေတဲ့အချိန် အရှေ့တောင်အာရှဒေသတွင်းမှာအိန္ဒိယရဲ့ ရပ်တည်မှုကို တိုးချဲ့လိုတဲ့အတွက် ခုလိုမျိုး SEZ ထူထောင်လိုနေတာဖြစ်တယ်လို့ သိရပါတယ်။ ယခု SEZ ထူထောင်မယ့်အစီအစဉ်ကို ယခုအပတ်အစောပိုင်းက လာအိုနိုင်ငံမှာ ပြုလုပ်တဲ့ အိန္ဒိယ-အာဆီယံ
နိုင်ငံခြားရေး ၀န်ကြီးများအစည်းအဝေးမှာ အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီး VK Singh က ပြောကြားသွားခဲ့တာဖြစ်ပါတယ်။
“ အာဆီယံဒေသ ဆက်သွယ်မှုလမ်းကြောင်းဆိုင်ရာ အစီအစဉ်အကောင်အထည်ဖော်တဲ့နေရာမှာ အိန္ဒိယအစိုးရအနေနဲ့ ဆက်လက်ပြီးထောက်ပံ့သွားဖို့ရှိနေပါတယ်၊ နောက်ပြီးတော့လည်း အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအမြန်လမ်းမကြီး တိုးချဲ့အကောင်အထည်ဖော်မှုအစီအစဉ်ကို တွန်းအားပေးလုပ်ဆောင်လျက်ရှိပါတယ်၊ ဒီနေရာမှာလည်း ထိုင်းနဲ့
မြန်မာနိုင်ငံတို့အနေနဲ့ ကျွန်တော်တို့ရဲ့ ကားလမ်း ဖောက်လုပ်ရေးသဘောတူညီချက်မှာ ပူးပေါင်းလက်တွဲကြပြီး ဖြေရှင်းဆောင်ရွက်သွားကြဖို့ ကျွန်တော်တို့ဘက် တိုက်တွန်းသွားချင်ပါတယ်၊ နောက်ပြီး စစ်တွေ SEZ မှာလည်း ပူးပေါင်ပါဝင်ကြဖို့ အာဆီယံနိုင်ငံတွေကိုလည်း ဖိတ်ခေါ်လိုပါတယ်” လို့ ၎င်းက ပြောသွားပါတယ်။

Credit To >>>SFJ Strategy First Journal 

0 comments:

Post a Comment