ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် စဥ့်ကူးမြို့နယ် ၊ ဟင်္သာမကျေးရွာအုပ်စု၊
ဟင်္သာမရွာနှင့် ကြက်တူရွေး ကျေးရွာ တို့တွင်
ကမ်းပါးပြိုမှုများဖြစ်ပွားခဲ့ရာ လူနေအိမ် (၄၃) လုံး ၊ ကျား (၈၇) ဦး၊ မ
(၁၁၄ ) ဦး၊ စုစုပေါင်း (၂၀၁) ဦးတို့အား ဘေးလွတ်ရာသို့
ရွှေ့ပြောင်းထားရှိခဲ့သည်။
အဆိုပါ ကျေးရွာများသို့
မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ တိုင်းဒေ သကြီး -
လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်
ဖွံ့ထောက်ကော် မတီတို့မှ သွားရောက် ခဲ့ပြီး ရေကင်းများချထားရေး ထူးခြားမှု
ရှိက အချိန်မီသတင်းပေးပို့ရေးတို့ မှာကြားခဲ့သည်။
၂၀၁၅ ခုနှစ်၊
ဇူလိုင်လ (၁၉) ရက်နေ့နံနက် (၁၁း၁၅) နာရီအချိန်တွင်မန္တ လေးတိုင်းဒေသကြီး
အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်း၊ တိုင်းဒေသကြီး
ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန
ညွန်ကြားရေးမှူး ဦးဝင်းလှိုင်တို့လာရောက်ကာ ကမ်းပြိုမှုနှင့် နေအိမ်များ
ပြောင်းရွှေ့မှုတို့ကို ကြည့်ရှု့ကာ အားပေးစ ကားပြောကြား ခဲ့ပြီး
အလှူရှင်များက ရေဘေးသင့် ပြည်သူများအား ငွေနှင့် စားသောက်ဖွယ်ရာများ
ထောက်ပံ့ခဲ့ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ကြောင်း များဖွံ့ဖြိုးရေး
ဦးစီးဌာနက ရေစီးနှုန်း လျော့ကျစေပြီး ကမ်းပါးပြိုမှုကို သက်သာစေမည့်
နည်းလမ်းများဖြင့် ကာကွယ်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Credit to >>>MOI Webportal Myanmar
Tuesday, July 21, 2015
ကမ်းပါးပြိုမှုဖြစ်သောကြောင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်း ထောက်ပံ့မှုများပေးအပ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment