Monday, August 8, 2016

တရုတ်၏ ကမ်းလွန်ဓာတ်ငွေ့တူးဖော်ရေးစင်တွင် ရေဒါတပ်ဆင်ထားမှု ဂျပန်အစိုးရကန့်ကွက်

တောင်တရုတ်ပင်လယ်အတွင်း ကမ်းလွန်ဓာတ်ငွေ့တူးဖော်ရေးစင်တွင် တရုတ်နိုင်ငံက စစ်ဘက်သုံးရေဒါစနစ် တပ်ဆင်ထားသည်ကို ဂျပန်နိုင်ငံက ရှာဖွေတွေ့ရှိခဲ့ပြီးနောက် တရားဝင်ကန့်ကွက်လိုက်ကြောင်း ဂျပန်နိုင်ငံခြား ရေးဝန်ကြီးဌာနက သြဂုတ် ၇ ရက်တွင် ပြောကြားခဲ့သည်။

ပိုင်နက်နယ်မြေ အငြင်းပွားနေသော ရေပြင်အနီး ဖြန့်ကြက်ထားသော ဓာတ်ငွေ့တူးဖော်ရေးစင်တွင် ကင်းလှည့်ရေယာဉ်များ အသုံးပြုလေ့ရှိသော ရေဒါစနစ် တစ်ခုကို တပ်ဆင်ထားသည်ဟု ဂျပန်အစိုးရက ပြောကြားသည်။
ကမ်းလွန်ဓာတ်ငွေ့ စူးစမ်းရှာဖွေရေးစင်တွင် ရေဒါတပ်ဆင်ထားခြင်းသည် ဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းနှင့် ဆီလျော်အပ်စပ်မှုမရှိပေ။ တရုတ် နိုင်ငံက ပိုင်နက်အငြင်းပွားနေသော ကျွန်းများအနီးတွင် ကမ်းလွန်ရေနံနှင့် ဓာတ်ငွေ့ စူးစမ်းရှာဖွေရေးစင်များကို စစ်ဘက်စခန်းများအဖြစ် အသုံးပြုနေသည့် လက္ခဏာတစ်ရပ်အဖြစ် ဂျပန်အစိုးရက ရှုမြင်သည်။
ကမ်းလွန်ဓာတ်ငွေ့တူးဖော်ရေးစင်တစ်ခုတွင် ရေဒါတပ်ဆင်ထားကြောင်း ဂျပန်နိုင်ငံက ဇွန်လ နှောင်းပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့သည်ဆို၏။


ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်နိုင်ငံရှိ ယင်း၏ သံရုံးမှတစ်ဆင့် သြဂုတ် ၅ ရက်တွင် တရားဝင်ကန့် ကွက်ခဲ့သည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment