Wednesday, August 3, 2016

မလေးရှားနိုင်ငံမှာလိုငွေကြေးအရှုပ်တော်ပုံလိုမျိုးဖြစ်မလာအောင် စင်ကာပူ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး အရှိန်မြှင့်လုပ်ဆောင်


နိုင်ငံမှာ ငွေကြေးခ၀ါချမှု ကိစ္စရပ်တွေကို တိုက်ဖျက်သွားမယ့် ဌာနတစ်ခုကို စင်ကာပူ ဗဟိုဘဏ်က သြဂုတ်လ ၁ ရက်မှာ တရားဝင် ဖွင့်လှစ်လိုက်ပြီးတော့ နိုင်ငံထဲကို ဥပဒေနဲ့မညီတဲ့ ငွေစီးဆင်းမှုတွေကနေ ကာကွယ်တားဆီးသွားဖို့ အရှိန်မြင့်လုပ်ဆောင်လာနေပြီပဲဖြစ်ပါတယ်။
အိမ်နီးချင်း မလေးရှားနိုင်ငံမှာ ဖြစ်ပေါ်နေခဲ့တဲ့ အစိုးရပိုင် 1MDB ကုမ္ပဏီလုပ်ငန်းစုရဲ့ ငွေကြေးအရှုပ်တော်ပုံလိုမျိုးကနေ နိုင်ငံမှာကြုံတွေ့မလာနိုင်အောင် အထူးကာကွယ်တားဆီးသွားမယ့် အဖွဲ့တစ်ခုတည်ထောင်ဖို့ အစီအစဉ်ရှိကြောင်းကိုလည်း စင်ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့ MAS က မူလအစကတည်းက ပြောကြားထားခဲ့ဖူးပါတယ်။

ယမန်နှစ်တုန်းကတော့ မလေးရှားရဲ့ 1MDB ကုမ္ပဏီနဲ့ ချိတ်ဆက်ပြီးတော့ စီးဝင်နေတဲ့ ငွေလုံးငွေရင်းတွေနဲ့ပတ်သက်လို့ စင်ကာပူအာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတစ်ရပ် စတင်လုပ်ဆောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လကလည်း အဆိုပါ 1MDB နဲ့ ဆက်နွယ်နေတဲ့ ငွေကြေးခ၀ါချမှုနဲ့ လိမ်လည်မှုတွေကို စုံစမ်းစစ်ဆေးရာကနေ ငွေကြေးတန်ဖိုး ကန်ဒေါ်လာ သန်း ၁၈၀ (စင်ကာပူဒေါ်လာ ၂၄၁ ဒသမ ၁၁ သန်း) ကို သိမ်းဆည်းရမိခဲ့တယ်လို့ စင်ကာပူ အာဏာပိုင်တွေက ထုတ်ပြောထားပါတယ်။

" ကျွန်တော်တို့ရဲ့ ဘဏ္ဍာရေး စနစ်ထဲမှာ အရည်အသွေးရော၊ ခေတ်နဲ့အညီလုပ်ဆောင်နိုင်စွမ်းရော၊ ဆက်သွယ်နိုင်မှုစွမအားပိုင်းမှာပါ တိုးတက်လာတာနဲ့အမျှ ဘဏ္ဍာရေးစနစ်ကို အလွဲသုံးစားလုပ်ပြီးတော့ ဥပဒေမဲ့ကျူးလွန်လာနိုင်မှုတွေကိုပါတိုက်ဖျက်ဖို့ လိုအပ်လာပြီပဲဖြစ်ပါတယ်" လို့ MAS ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ Ravi Menon က ပြီးခဲ့တဲ့ ဇွန်လထဲမှာပြောကြားထားခဲ့ပါတယ်။

" ကျွန်တော်တို့ရဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေထဲမှာ ပိုမိုထိန်းချုပ်သွားပြီးတော့ ငွေကြေးခ၀ါချမှုနဲ့ ဥပဒေနဲ့ ငွေကြေးစီးဝင်မှုတွေကို တိုက်ဖျက်သွားမှာပါ" လို့ ၎င်းက ထပ်လောင်းပြောကြားသွားပါတယ်
Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment