Tuesday, August 23, 2016

ကုလအတွင်းရေးမှူးချုပ်ဘန်ကီမွန်း ၂၁ ရာစုပင်လုံညီလာခံ တက်မည်


သြဂုတ် ၃၁ ရက်မှစတင်ကာ ငါးရက်တာကျင်းပ မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံသို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတက်ရောက်မည်ဖြစ်ကြောင်း သြဂုတ် ၂၂ ရက် AFP သတင်းဌာန ၏ဖော်ပြချက် အရ သိရသည်။
"ညီလာခံကို ဘန်ကီမွန်းတက်မှာပါ။ သူကညီလာခံတက်ချင်တယ် ဆိုလို့ ကျွန်တော်တို့ကဖိတ်ခဲ့တာပါ" ဟု နိုင်ငံတော်သမ္မတရုံး ဒုတိယ ညွှန်ကြားရေး မှူးချုပ်ဦးဇော်ဌေးက ပြောကြားကြောင်း AFP ကဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)အတွင်းရေးမှူး ပဒိုစော ကွယ်ထူးဝင်းက "ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးက ညီလာခံမှာ မိန့်ခွန်းပြောဖို့တက်ရောက် မှာပါ။ ဘယ်နေ့မှာတက်ရောက်မယ်ဆိုတာ တော့ ကျွန်တော်တို့မသိပါဘူး" ဟု AFP သတင်းဌာန သို့ပြောကြောင်း သိရသည်။

၂၁ ရာစုပင်လုံကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီ မွန်းတက်ရောက်ခြင်းသည် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အ တွက် နိုင်ငံတကာ၏အထောက်အပံ့ရ ရှိရေးအကူအညီပေး ရာရောက် ကြောင်းနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည် ကြိုးကြိုးစားစား လုပ်ဆောင်နေသော ပြည်တွင်း စစ်ချုပ်ငြိမ်းရေး လုပ်ငန်း စဉ်ကို အားပေးအားမြှောက်ပြုရာကျကြောင်း AFP သတင်းဌာနက သုံးသပ်ရေးသားထားသည်။

သြဂုတ် ၂၂ ရက်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်း ချမ်းရေး ဗဟိုဌာနတွင် ၂၁ ရာစုပင်လုံပထမ အစည်းအဝေးကျင်း ပရေး ပူးတွဲကော် မတီအပြီးတွင် ဦးလှမောင်ရွှေက " ၂၁ ရာစုပင်လုံပထမ အစည်းအဝေး ဖွင့်ပွဲမှာ မြန်မာပြည်နဲ့ဆိုင် တဲ့သံတမန်တွေ အားလုံးကို ဖိတ်ကြားဖို့၊ အရပ်ဘက်အဖွဲ့အစည်းတွေ စသဖြင့် လူဦးရေ ၁၈၀၀ လောက် ဖိတ်ကြားဖို့ပြင် ဆင်ထားပါတယ်" ဟုပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့အကြား လက်မှတ် ရေး ထိုးစဉ်က နိုင်ငံတကာအသိသက်သေအဖြစ် ကုလသမဂ္ဂအတွင်းရေး မှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်မစ္စတာ ဗီဂျေနမ်ဘီး ယားအနေဖြင့်တက်ရောက်ခဲ့ခြင်းဖြင့် ကုလသမဂ္ဂကပါဝင်ထားသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့တွင်ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာ ခံသို့ လည်း ကုလသမဂ္ဂအဖွဲ့ရုံးမှကိုယ်စားလှယ်များနှင့် အထူးကိုယ်စားလှယ် များတက်ရောက်ခဲ့သည်။ 

Credit To>>> Democracy Today

0 comments:

Post a Comment