Tuesday, August 23, 2016

ဘဏ်စနစ်တွေတိုးတက်လာတဲ့အလျှောက်၊ဘဏ်ခွဲလျော့ကာ online banking ကိုပဲ အမေရိကန်ဘဏ်တွေလုပ်ဖို့စီစဉ်

အမေရိကန်ဘဏ်တွေဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်နောက်ပိုင်း ဘဏ်ခွဲအရေအတွက်ပိုင်းကို ၆ ရာခိုင်နှုန်းထိ လျှော့ချထားခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
လက်ရှိအချိန်မှာ ယမန်နှစ်ကုန်ကထိ နိုင်ငံမှာဘဏ်ခွဲအရေအတွက်ပေါင်း ၉၃,၂၈၃ သာ ရှိနေပြီးတော့ ယင်းအရေအတွက်ဟာ ဆယ်စုနှစ်အတွင်း အနိမ့်ဆုံးဖြစ်တယ်လို့ သိရပါတယ်။

Online banking လုပ်ငန်းဟာ အမေရိကန်ဖောက်သည်တွေအတွက် ပုံမှန်အစဉ်အလာဝန်ဆောင်မှုလို ဖြစ်စေနိုင်တယ်လို့ ဘဏ်လုပ်ငန်းရှင်အများစုက ထင်မြင်ယူဆနေပေမယ့်လည်း အသုံးပြုသူ အနည်းငယ်လောက်ပဲရှိနေပါသေးတယ်။
" ခုချိန်ထိတော့ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေက ကိုယ်တိုင်ပဲ လာလာနေကြတုန်းပါပဲ၊ ဘဏ်ခွဲတွေ၊ အေတီအမ် စက်တွေဆီကို အရင်နှုန်းထားအတိုင်း လာနေကြဆဲပါ" ဆိုပြီး Well Gargo ဘဏ်ရဲ့အကြီးအကဲ Jonathan Velline က ပြောပါတယ်။
အမေရိကန်နိုင်ငံက အဓိကဘဏ်ကြီးတွေအနေနဲ့ လက်ရှိအချိန်မှာ အွန်လိုင်းဘဏ်လုပ်ငန်းဘက်ကို ပိုမိုသွားလိုနေပေမယ့်လည်းဖောက်သည်တော်တော်များများကတော့ နီးစပ်ရာဘဏ်ခွဲတွေဆီပဲ ပုံမှန်လာနေကြတာကြောင့် အခက်တွေ့နေရတယ်လို့ သိရပါတယ်။
သို့ပေမယ့်လည်း နိုင်ငံမှာ ဘဏ်တွေအတွက် ဖောက်သည်သစ်တွေ ထပ်တိုးရရှိဖို့နဲ့ ရှိရင်းစွဲအလုပ်နဲ့ အခြားစီးပွားရေးတွေ ထပ်လုပ်ဖို့ စတဲ့အပိုင်းအတွက် ဘဏ်ခွဲတွေဟာ ဆက်လက်အရေးပါနေဆဲလို့ ဘဏ်လုပ်ငန်းရှင်တစ်ချို့က သုံးသပ်ပါတယ်။ တကယ်လို့ ဘဏ်ခွဲတွေကိုသာ ပိတ်သိမ်းလိုက်မယ်ဆိုရင် ဘဏ်တွေရဲ့ ၀င်ငွေပိုင်းကို ထိခိုက်သွားနိုင်မယ်လို့ ပြောဆိုနေကြပါတယ်။
Credit To >>>  SFJ Strategy First Journal 

0 comments:

Post a Comment